~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာနိုင်ငံဟာ အမျိုးသားလွတ်လပ်မှုနဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံဘ၀ပြန်ရဖို့ ၁၉၀၆-၄၈ ခုနှစ်အတွင် လူထုအရေးတော်ပုံကြီး ၆ ပွဲ ဆင်နွှဲခဲ့ကြရတယ်။ အဲဒီ လွတ်လပ်ရေးတိုက်ပွဲကြီးများအတွင်း မြန်မာ့လူ့အဖွဲ့ အစည်းအတွက် ပထမမြန်မာ့ နိုင်ငံရေး မျိုးဆက်တစ်ဆက်ကိုလည်း ထူထောင်နိုင်ခဲ့တယ်။
ဒီပထမ နိုင်ငံရေး မျိုးဆက်များအတွင်းမှာ မျိုးချစ်နိုင်ငံရေးသမားများ ပါပါတယ်။ ဒီမျိုးချစ်နိုင်ငံရေးသမားများက ၁၉၄၀မှာပြည်သူ့ အရေးတော်ပုံပါတီ ကိုဖွဲ့ စည်းခဲ့တယ်။ စစ်ကြီးပြီးတော့ ဒီပါတီဟာ ဗမာပြည် ဆိုရှယ်လစ်ပါတီဖြစ်လာပါတယ်။ ဒီပါတီဟာ ဗမာပြည်အတွင်း ကေအမ်တီ တရုတ်ဖြူများကျူးကျော်မှု၊ အမေရိကန်က မြောက်ကိုရီးယားကို ကျူး ကျော်မှုစတဲ့ ကိစ္စမှာ လက်ယာဆိုရှယ်လစ်များဖြစ်တဲ့ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့က ရေငုံနှုတ်ပိတ်ေ နခဲ့ကြတာ ကြောင့် ၀ိဓူရသခင်ချစ်မောင်၊ သခင်လေးမောင်၊ သခင်လွင်စတဲ့ သခင်ကြီးများက အလုပ်သမားပါတီ ဗမာပြည် ကိုခွဲထောင်ခဲ့ကြတယ်။ ဒါကြောင့် ဒီလက်ဝဲဂိုဏ်းသခင်ကြီးများကို ဆိုရှယ်နီများလို့ သတင်းစာဆရာကြီး များက နာမည်ပေးခဲ့ကြတာပါ။ သခင်ကြီးများဟာ ၆၂ မတ်လ အာဏာသိမ်းပွဲကို ထောက်ခံကြတာကြောင့် အဲဒီ မျိုးချစ် နိုင်ငံရေးသမားကြီးများရဲ့ နိုင်ငံရေး အခန်းကဏ္ဍဟာ မှေးမှိန်သွားပါတယ်။…
မြန်မာ့ပထမနိုင်ငံရေး မျိုးဆက်များမှာ အကျုံးဝင်တဲ့ ဒုတိယအစု နိုင်ငံရေးမျိုးဆက်များကတော့ မာ့က်စ်ဝါဒီ ယုံကြည်သူများ ဖြစ်ပါတယ်။ ဒီအစုဟာ ဦးစွာနဂါးနီစာအုပ်အသင်းကို ထူထောင်ခဲ့ကြသူများ ဖြစ်ပါတယ်။ ဒီ အစုထဲက အချို့က ၁၅-၈-၃၉မှာ ဗကပကို ထူထောင်ခဲ့ကြပါတယ်။ ဒီအစုဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ နေရာက တစ်လျှောက်လုံး ပါဝင်ခဲ့ကြပါတယ်။ တတိယအစုကတော့ လူမျိုးစုံတိုင်းရင်းသား နိုင်ငံရေး တက်ကြွ သူများ ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာ့နိုင်ငံရေးမှာ မြန်မာမျိုးချစ်အစုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ဒီ အထဲက ထင်ရှားသူတချို့ဟာ ၁၉၄၈-၄၉ ခုနှစ်ကစပြီး အမျိုးသားတန်းတူရေး စစ်ပွဲအတွင်းပါဝင် သွားခဲ့ကြ ပါတယ်။ ဒီစစ်ပွဲဟာ ဒီကနေ့အထိအပြီးသတ် နိဂုံးချုပ်နိုင်ခြင်း မရှိသေးပါဘူး။
ခေတ်သစ် မြန်မာ့နိုင်ငံရေး အတွင်းမှာ ဖြစ်ပေါ်လာတဲ့ ထူးခြားချက်ကတော့ ၁၉၆၂ မတ်လမှာ စစ်တပ်က စစ် အာဏာသိမ်းပွဲဆင်နွှဲပြီး မဆလပါတီ (စစ်တပ်ပါတီ)ကို ဖွဲ့စည်းပြီး စစ်တပ်က မြန်မာ့နိုင်ငံရေးဘ၀ အတွင်း နေရာယူ ပါဝင်ခဲ့ကြပါတယ်။ မဆလပါတီဟာ ဗိုလ်ချုပ်ကြီး နေ၀င်းနဲ့အတူ ၈၈ ဒီမိုကရေစီအရေးတော် ပုံကြီး အတွင်းမှာ ဆုတ်သွားပြီး စစ်ပြန်စစ်မှု ထမ်းများပါတီ (တစည)ပါတီ ထွက်ပေါ်လာခဲ့တယ်။ စောသန်းစိန် စစ် ဂိုဏ်းက ကြံ့ဖွံ့ပါတီကို အာဏာရပါတီ အဖြစ်ပုံသွင်းယူခဲ့ကြပါတယ်။ စစ်တပ်ကို အာဏာနိုင်ငံရေးရဲ့ ကိုယ်စား လှယ်အဖြစ် နေရာချပြီး ကြံ့ဖွံ့ပါတီဟာ အာဏာရပါတီ နေ့ချင်း ညချင်း ဖြစ်လာပါတယ်။ ကြံ့ဖွံ့ပါတီနဲ့ စောသန်း စိန်စစ်အုပ်စု ရဲ့ ရေရှည်အာဏာပိုင်စိုးမှုကို အကာအကွယ်ပေးထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံကိုပါ မြန်မာ့နိုင်ငံရေး ဘ၀ အတွင်း နေရာချလာခဲ့ပါတယ်။ ဒါကတော့ ဗိုလ်နေ၀င်းပြခဲ့တဲ့ လမ်းပါ။ ဗိုလ်နေ၀င်းထက် အကြံကြီးတာကစစ် အုပ်စုရဲ့ရေရှည် အာဏာပိုင်စိုးမှုကို ၂၀၀၈ဖွဲ့စည်းပုံနဲ့ အပြီးအပိုင် ကာကွယ်ထားခဲ့တာပါပဲ။
ကမ္ဘာ့လစ်ဘရယ် ဂိုဏ်းဝင်နိုင်ငံကြီးတွေနဲ့ သူတို့နိုင်ငံများက ဒီမိုကရေစီဘုရား တွေဆုံတာကလည်း ဖွဲ့စည်း အုပ်ချုပ်ပုံနဲ့ အုပ်ချုပ်တဲ့ နိုင်ငံဆိုရင် ဒီမိုကရေစီနိုင်ငံပဲလို့ မှတ်ယူထားကြတော့ ကြံ့ဖွံ့ပါတီအစိုးရ၊ ၂၀၀၈ ဖွဲ့စည်းပုံစတာတွေနဲ့ ဖမ်းစားလိုက်တဲ့အခါ ဒီချုပ်သာမကစံကျတဲ့ အမေရိကန်၊ အီးယူ၊ ဂျပန်လစ်ဘရယ် ဒီမိုက ရေစီနိုင်ငံကြီးများ အားလုံးဟာ မြန်မာနိုင်ငံနဲ့ဥဿုံ ဆက်ဆံရေးများ အပြိုင်ထူထောင်ခဲ့ကြပါတယ်။ ကြံ့ဖွံ့စစ် အစိုးရဟာ ကမ္ဘာ့နိုင်ငံနဲ့ နိုင်ငံချင်း ဆက်ဆံရေးများ ကျယ်ကျယ်ပြန့် ပြန့် ထူထောင်နိုင်ခဲ့တယ်။ ကြံ့ဖွံ့စစ်အစိုးရ ဟာနိုင်ငံတကာနဲ့ဆက်ဆံရာမှာ သူ့ရှေ့က စစ်အစိုးရများထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့တယ် လို့ဆိုရပါမယ်။ အထူးသဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခွင့်ကို အသုံးချပြီး ပိုမိုကျယ်ပြန့် တဲ့ နိုင်ငံချင်း ဆက်ဆံရေး အခွင့်အလမ်းများ ရရှိခဲ့ပါတယ်။
အနောက်နိုင်ငံ နိုင်ငံကြီးတချို့က ဒီချုပ်ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ကြတယ်။ ဦးသိန်းစိန်အစိုးရဟာ ဒီချုပ်ဥက္ကဋ္ဌကို ချုပ် ချယ်ကန့်သတ်ဝိုင်းပယ်တဲ့ မဟာဗျူဟာကနေ တိုက်ရိုက်ဆက်ဆံ ထိတွေ့တဲ့ မဟာဗျူဟာသို့ ရွှေ့ပြောင်းကျင် သုံးခဲ့တဲ့အတွက် ပြည်တွင်းပြည်ပ ရဲ့ထောက်ခံမှုများ ရရှိခဲ့ပါတယ်။ ဒီချုပ်ဥက္ကဋ္ဌနဲ့ ဒီချုပ်ကို ဘယ်လို သဘော ထား ဆက်ဆံမှာလဲဆိုတာဟာ ကြံ့ဖွံ့အစိုးရနဲ့ စစ်အုပ်စုအတွက် မဟာဗျူဟာ ပြဿနာဖြစ်လာပါတယ်။ ကြံ့ဖွံ့ စစ်အုပ်စုဟာ ဒီချုပ်ဥက္ကဋ္ဌနဲ့ ပတ်သက်တဲ့ မဟာဗျူဟာကိုဗျူဟာမြောက် ကိုင်တွယ်နိုင်ခဲ့တယ် လို့ဆိုရမှာပါ။ ဒီချုပ် ဥက္ကဋ္ဌက သူဟာကြံ့ဖွံ့အစိုးရရဲ့ အတိုက်အခံ မဟုတ်ပါဘူးတဲ့။ ပူးပေါင်းဆောင်ရွက်သူပါလို့ နိုင်ငံခြား သတင်းဌာန တစ်ခုကို ပြောခဲ့ပါတယ်။
ဒီချုပ်ဥက္ကဋ္ဌ ၂၆-၈-၈၈ရက်နေ့မှာ ဒီမိုကရေစီအရေးတော်ပုံထဲ စတင် ပါဝင်လာတာပါ။ န၀တ၊ နအဖအုပ်စုက ၂၀၀၃ ဧပြီလ ၃၀ ရက်နေ့မှာ ဒီပဲယင်းမြို့နယ် ကျီရွာနားက မုံရွာ ဘုတလင်ကားလမ်းပေါ်မှာဒီချုပ် ဥက္ကဋ္ဌကို တရားခံပျောက် လူထုနဲ့ဝိုင်းရိုက်သတ်တဲ့နည်းနဲ့ လက်စဖျောက်ပစ်ဖို့ ကြိုးစားခဲ့တာပါပဲ။ ဗမာပီပီ ဘုရားမလို့ ဒီချုပ်ဥက္ကဋ္ဌ အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လူတွေကဒီချုပ် ဥက္ကဋ္ဌကို ဒီဖြစ်စဉ်မှာအသေလုပ် ကြံခဲ့ကြတာပါလဲ။ ရှင်းပါတယ် စစ်အာဏာရှင်ကြီးများက နိုင်ငံတော်အာဏာနဲ့ ပတ် သက်ရင် ဘယ်သူကိုမှ အကျောပေးမထားဘူးဆိုတဲ့ လောဂျစ်ထွက်လာပါတယ်။
ဒါပေမဲ့ ဒီချုပ်ဥက္ကဋ္ဌဟာ အကြောင်းအားလျော်စွာ ၁၉၆၂ ခုနှစ်ဦးမှာ အာဏာအသိမ်း ခံလိုက်ရတဲ့ ၀န်ကြီးချုပ် သခင်နုနဲ့ သူ့လစ်ဘရယ် ဓနရှင်လူထုအစုများရဲ့အကြီးအကဲနေရာကို ရရှိရောက်ရှိလာခဲ့တယ်။ သူဟာ ဗိုလ်ချုပ်အောင်ဆန်း သမီးမျိုးဆက်ဖြစ်တယ်။ အောက်စ်ဖိုဒ့် ကျောင်း ထွက်ဖြစ်တယ်။ British Trained ဖြစ် တယ်။ မြန်မာ့အာဏာရ လစ်ဘရယ်ဓနရှင် လူတန်းစား ကိုယ်စားလှယ်သခင်နုနဲ့သူ့ ဂိုဏ်းကလွတ်လပ်ရေး အာဏာရလာတယ်။ ဗကပကို ဥပဒေတွင်းက မောင်းထုတ်ခဲ့တယ်။ ဗကပ၊ အလံနီ ပြည်သူ့ရဲဘော်အဖြူ၊ BIA တပ်ရင်း ၁/၃/၆ တို့ပါ A.S အတွင်း ပါဝင်လာခဲ့ကြတယ်။ ကရင်၊ မွန်၊ ကယား မျိုးနွယ်စုများလည်း A.S အတွင်း ပါဝင်လာ ခဲ့တယ်။ ၁၉၅၉ ရောက်တဲ့အခါ ဗမာပြည် ပြည်တွင်းစစ်ဟာ အင်္ဂါစုံသွားပါပြီ။ ပြည်တွင်းစစ် ၁၀ နှစ် ပြည့်တဲ့နှစ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးစီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က အားလုံးသူမနာ ကိုယ် မနာတဲ့နည်းနဲ့ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေးရယူကြဖို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် မေတ္တာရပ်ခံခဲ့ပါတယ်။
၁၉၆၂ ခု နှစ်မှာ စစ်တပ်ကအာဏာ သိမ်းခဲ့တယ်။ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ်ဟာ တစ်ခုကတစ်ခုကို သက်ဆိုးရှည်စေတဲ့ အကြောင်းတရားများ ဖြစ်လာပြီး၊ ဒီကနေ့အထိ မြန်မာ့လူ့အဖွဲ့အစည်းဟာ စစ်အာဏာရှင် စနစ်နဲ့ ပြည်တွင်းစစ်ရဲ့ ဒုက္ခပေးမှုကို လွတ်လပ်ရေးတစ်ခေတ်လုံး ကုန်းခံခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဗကပရဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး A.S ပြိုကွဲသွားတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး နအဖ စစ်အစိုးရက လူမျိုးစု လက်နက်ကိုင်တော် လှန်ရေး အင်အားစုများနဲ့ အပစ်ရပ်ခဲ့တယ်။ စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်း မရှိ တဲ့ အခြေခံအနေ အောက်မှာနေခဲ့ကြတာ ၂၆ နှစ်ရှိပါပြီ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက် မှ ၂၀၁၅ ခု မတ်လ ၃၀ ရက်နေ့အထိ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးရရှိတဲ့ သဘောတူညီချက်ကို အတည်ပြု ခဲ့ကြတယ်။ နှစ်ဖက် လက်မှတ်ထိုးနိုင်ခဲ့ ကြတယ်။
ဒီသဘောတူညီချက်ကို နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ လက်မှတ်ထိုးပြီးကြတဲ့အခါ ငြိမ်းချမ်းတဲ့၊ စည်းလုံး ညီညွတ်တဲ့၊ ခေတ်မီတဲ့၊ အမျိုးသားတန်းတူမှုရှိတဲ့ မြန်မာနိုင်ငံကြီးတည်ဆောက်ဖိှု့ Social and Political Contract တစ်ခုလက်မှတ် ထိုးကြမယ်ဆိုပါတယ်။ ဒီလူမှုရေးနဲ့ နိုင်ငံရေးပဋိညာဉ်ဟာ ၂၀၁၅ခုနှစ် နှစ်ကုန်မှာ ကျင်းပဖို့ ကြံရွယ်ထားတဲ့ ရွေးကောက်ပွဲကြီးနဲ့ ဘယ်လိုနိုင်ငံရေး အကျိုးအဆက်များ ရှိမှာလဲဆိုတာကိုတော့ ပြောဖို့အများကြီး စောနေဦးမယ် ထင်ပါတယ်။
ဗမာပြည်ကြီးရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ဖြစ်စဉ်ကြီးအတွင်းမှာ သခင်နုဝန်ကြီး ချုပ်အဖြစ်ခေါင်းဆောင်တဲ့ လစ် ဘရယ်ဘူဇွာ အရင်းရှင်လူတန်းစား လူမှုအစုဟာ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့မှာ ဗကပက၊ ဖဆ ပလ အဖွဲ့ချုပ်နဲ့နယ်ချဲ့ အင်္ဂလိပ်အကြားနိုင်ငံရေး၊ စီးပွားရေးအပေး အယူလွန်ကဲမှုများနဲ့ ပတ်သက်ပြီး ဗကပနဲ့ အလံနီအစုရဲ့ တိုက်ခိုက်မှုများကို အကြောင်းပြုပြီး ဗိုလ်အောင်ဆန်းကဗကပ ကိုသူ့သ ဘောထားတစ်ခုတည်းနဲ့ ဖဆပလအဖွဲ့ချုပ်က ထုတ်ပစ်ခဲ့တယ်။ ဒါကို သခင်နုက အမှန်တရားရဲ့စံအဖြစ် သဘောထားပြီး ၂၈-၃-၄၈ သန်းခေါင်မှာ မြို့နယ်ခရိုင် ဗကပဌာနချုပ်များကို စီးနင်းချေမှုန်း ဖို့ ညွှန်ကြားခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးက ဦးကျော်ငြိမ်းပါ။ သခင်နု ဖဆပလဟာ သူ့ရည်မှန်းချက်ကို မရောက်လိုက်ပေမယ့် အဲဒီ နေ့မှာ ပြည်တွင်းစစ် စတင်ခဲ့တာပါပဲ။ ပြည်တွင်းစစ်စတင်ခဲ့ရတာ လွယ်သယောင်ရှိခဲ့ပေ မယ့် ပြည်တွင်းစစ် မီးငြှိမ်းသတ်ဖို့ကျတော့ နံကြားထောက်နေကြရပါတယ်။ အာရပ်-အစ္စရေး ပြဿနာနဲ့ ဥစ္စာဓနအကျုံး ၀င်တဲ့ ပြဿနာများဟာ ဖြေရှင်းရ ခက်ခဲတာ ချည်းပါ။ ဗမာပြည်တွင်း စစ်ကြီးဟာ မျိုးနွယ်စု အကျိုးစီးပွားရှုထောင့် ကကြည့်ရင် အမျိုးသားတန်းတူရေး ပြဿနာပါ။ ဒါကနိုင်ငံရေး ပြဿနာပါ။ ဗမာ့လူ့အဖွဲ့အစည်းကို တစ် ချက်ကြည်လိုက်ရင် ဗမာပြည်မှာဘယ်သူတွေ အာဏာရှိနေသလဲ။ တပ်မှူးစစ်ကဲ ကြီးတွေပါပဲ။ ဘယ်သူ တွေကြွယ်ဝ ချမ်းသာနေကြသလဲ။ တပ်မှူးစစ်ကဲကြီးတွေပါပဲ။ ဘယ်သူတွေ ရာထူးဂုဏ်ရှိန် မြင့်တက်နေကြ သလဲ၊ သူ တို့ပါပဲ။ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်စတဲ့ နိုင်ငံတော် အာဏာစုစည်းရာ၊ ဖြန့်ခွဲရာနေရာတွေမှာ စီမံခန့်ခွဲရာနေရာတွေဟာ သူတို့ချည်းပါပဲ။
ကုန်ကုန်ပြောရရင် ထောင်ထဲမှာ တန်းစီး၊ ဘုတ်ကိုင်၊ ဘာရာခန့်ရင်တောင် စစ်သားပြစ်ဒဏ်ကျကို ခန့်တာပါ။ ဒီတော့ ဗမာပြည်က ၁၉၆၂ ခုနှစ်ကနေ ဒီကနေ့ ၂၀၁၅ ခုနှစ်အထိ ၅၃ နှစ်အတွင်းမှာ စစ်သားစစ်ဗိုလ်ဆိုတာ ဟာ နိုင်ငံ့အာဏာနဲ့ ပတ်သက်တဲ့နေရာတွေမှာ ကြီးကြီးငယ်ငယ် ဘာကြောင့်သူတို့ရောက် နေကြတာလဲဆို တော့ စစ်မိန့်စစ်အာဏာက ရေစီးသလိုစီးနေလို့ပါပဲ။
လစ်ဘရယ် ဒီမိုကရေစီစနစ်မှာ ဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီတဲ့ဖွဲ့စည်းမျဉ်း ဥပဒေတစ်ရပ်ရှိရမယ်။ အဲဒီ ဖွဲ့စည်းပုံကို ကိုယ်စားပြုတဲ့ ပါတီစုံစနစ် တစ်ရပ်ရှိရမယ်။ မှတ်ပုံတင်ပါတီစုံစနစ် ဆိုတာဟာ ပိတ်ချင်တဲ့ပါတီ ပိတ်၊ ဖွင့်ချင်တဲ့ပါတီ ဖွင့်လို့ရအောင် ကြိုတင်အကွက်ချထားတဲ့ ပါတီစုံစနစ်ပါ။ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ အီးယူဒေသကြီးများမှာ ပါတီစုံစနစ်ဆိုတာဟာ အင်အားကြီးပါတီ ၂ ပါတီသာ ပြိုင်ကြရတယ်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိက တိုက်ကြီးများက ပါတီစုံစနစ်များသည်ပင်လျှင် အများကြီး ရင့်ကျက်အခြေကျနေပါပြီ။ ၂ ပါတီ ၃ ပါတီထက်ပိုပြီး ပြိုင်ဆိုင်ကြတာမျိုး သိပ်မရှိကြပါဘူး။ ပြိုင်ဘက်ပါတီတွေ များနေတယ်ဆိုတာ ပါတီစုံ စနစ်နုနယ်တာ၊ မရင့်ကျက်တာကို ထင်ဟပ်တာပါ။
၁၉၆၄ ခု မတ်လ၂၈ရက်နေ့ကစပြီး မဆလစစ်အစိုးရက ပါတီစုံစနစ်ကို အမိန့်ကြေညာစာ ထုတ်ပြန်ပြီး ပိတ် သိမ်းပစ်ခဲ့တာ နှစ် ၅၀ကျော်ပါပြီ။ ဒီကနေဆိုရင် မှတ်ပုံတင်ခွင့်ပြုပြီး ပါတီ ၈၀ရှိပြီး စိစစ်ဆဲ ၁၇ပါတီရှိတယ်လို့ ကြေညာထားပါတယ်။ မြန်မာ့ပါတီစုံစနစ်နဲ့ ရွေးကောက်ပွဲစနစ်ဟာ အင်မတန်ကို နုနယ်ပါတယ်။ ၂၀၁၅ ရွေး ကောက်ပွဲဟာ ကြံ့ဖွံ့အစိုးရက ကျင်းပပေးမယ့် ပဏာမ ပါတီစုံရွေးကောက်ပွဲဖြစ်မှာပါ။
မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကြီးအတွင်းမှာ ဖြစ်ထွန်းစုဖွဲ့မိ လာတဲ့ မြန်မာ့ပထမ နိုင်ငံရေး မျိုးဆက်များဟာ၊ ၄၈ ပြည်တွင်းစစ်နဲ့ ၁၉၆၂စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစစ်ရေး နိုင်ငံရေး အားပြိုင်မှုများအကြားမှာ မြန်မာ့ ပထမ နိုင်ငံရေး မျိုးဆက်များဟာ သူတို့ထမ်းဆောင်ရမယ့် စစ်ရေး၊ နိုင်ငံရေး တာဝန်များကို ထမ်းဆောင်ခဲ့ကြပြီး ပြီလို့ အဆိုပြု မှတ်ချက်ပေးချင်ပါတယ်။
၂၁ ရာစု ပထမ ၁၅နှစ် ၂၀၁၅ ခုနှစ်အတွင်းမှာ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်းရှင် လူတန်းစားမျိုးဆက် သစ်များဟာ တပ်၊ ပါတီနဲ့ အစိုးရယန္တရားများအတွက် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ နေရာချခဲ့ပြီးပြီလို့ ဆိုရပါတော့မယ်။ လစ်ဘရယ်ဘူဇွာ ဒီမိုကရက်တစ်အရင်းရှင် လူမှုအစုရဲ့ ခေါင်းသူကြီးဖြစ်တဲ့ ဒီချုပ်ဥက္ကဋ္ဌနဲ့ သူ့အာဏာယန္တရား ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ်အရင်းရှင် လူတန်းစား ကိုယ်စား လှယ်ဖြစ်တဲ့ ကြံ့ဖွံ့စစ်အုပ်စု၊ လူမျိုးစုံ တိုင်းရင်းသားအမျိုးသား လစ်ဘရယ်ဓနရှင် ဒီမိုကရေစီ အင်အားစုများ ဖြစ်တဲ့ လူမျိုးစုံဒီမိုကရေစီ အင်အားစုများ၊ လူမျိုးစုံတပ်ဖွဲ့များဟာ ၂၀၁၅ရွေး ကောက်ပွဲမှာ အာဏာရဖို့အကြီး အကျယ် ပြိုင်ဆိုင်ကြရမှာ ဖြစ်တယ်။ ၂၀၁၅ ရွေး ကောက်ပွဲဟာ (၁) ကြံ့ဖွံ့စစ်အုပ်စုရဲ့ နိုင်ငံ ရေးကံကြမ်္မာ (၂) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ သူ့ပါတီရဲ့ နိုင်ငံရေးကံကြမ္မာ (၃) ကြံ့ဖွံ့အစိုးရနဲ့ကြံ့ဖွံ့ စစ်အုပ်စုရဲ့ နိုင်ငံရေး ကံကြမ္မာကို ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်က ဘယ်လိုအဖြေမျိုးထုတ်ပေးလာနိုင်ပါသလဲ။
အပစ်ရပ် လူမျိုးစု ဒီမိုကရေစီ အင်အားစုများကကော ဒီ၂၀၁၅ရွေးကောက် ပွဲမှာဘယ်လို အခြေအနေ၊ ဘယ်လို အဆင့်အတန်းကနေ ဘယ်နည်းဘယ် ပုံပါဝင်ခွင့်ရကြမှာလဲ။ ““အသီးတစ်ရာ၊ အညှာတစ်ခုဆိုတဲ့ မြန်မာ့စကား ပုံကို နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းဝက ထွက်တယ်”” ဆိုတဲ့ တရုတ်မဟာဗျူဟာ ပညာရှင်တစ်ဦးရဲ့ မှတ်ချက်နဲ့ချိန် ထိုးကြည့်ရင်၊ ဘယ်လို များနေမှာပါလဲ။ ““ကြွေတစ်လှည့်ကြက် တစ်ခုန်””ဆိုတဲ့ မြန်မာဆိုထုံး တစ်ခုလည်း ရှိနေသေးတာကိုတော့ မေ့ပစ်ဖို့မကောင်း သေးပါဘူး။ ပါတီစုံ နိုင်ငံရေးစနစ်ထဲမှာ တကယ်က ဘယ်ကရွေးကောက်ပွဲ ဆိုတာဟာ ယဉ်ယဉ်ကျေးကျေး တုတ်တပြက်ဓားတပြက် မဟုတ်တဲ့နည်းနဲ့ အာဏာ ဝေစုခွဲကြတာပါ။
ဒါပေမဲ့ ဒီနည်းဟာလည်း နိုင်ငံရေး ၉၆ပါး ရောဂါကို ပျောက်ကင်းစေနိုင်တဲ့ မဟောသဓနတ် ဆေးတော့လည်း မဟုတ်ပါဘူး။ အင်္ဂလိပ်နဲ့ နိုင်ငံရေး အပေးအယူလုပ်ပြီး အာဏာရလာတဲ့ သခင်နုက သူ့ရလာတဲ့ အာဏာကို မဟောသဓ နတ်ဆေးလုံးထင်ပြီး ၄၈ ပြည်တွင်းစစ်ပွဲကို ဆင်နွှဲခဲ့တာ ၄၈ ပြည်တွင်းစစ်နဲ့ ၆၂ စစ်အာဏာရှင် စနစ် အားပြိုင်ပွဲမှာ သခင်နုကိုယ်စားပြုတဲ့ ပထမလစ်ဘရယ် နိုင်ငံရေးအင်အားစုဟာ ဒီမျိုးသက်ထဲက ဂိုဏ်း ကွဲတစ်ခုဖြစ်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုခံရပြီး လစ်ဘရယ် နိုင်ငံရေးအင်အားစုများ ကွဲသွားခဲ့ရပါတယ်။ နိုင်ငံ့ အာဏာရလာတဲ့ စစ်ဂိုဏ်းဟာ မဆလပါတီ မဆလနိုင်ငံရေး အညမည၊ ပြည်တွင်းစစ်၊ စစ်အာဏာရှင်စနစ်တို့နဲ့ သမိုင်း တစ်ခေတ်သစ်ဖို့ ကြံစည်ဆဲ ရှစ် ၄လုံး ဒီမိုကရေစီမုန်တိုင်း ဒဏ်ခံ လိုက်ရတယ်။
စစ်အာဏာရှင်စနစ် ထာဝရကြီးစိုးမှုကို အာမခံနိုင်တယ်လို့ သူမျှော်လင့်တဲ့ ဒီကနေ့ စော၊ သန်း၊ စိန် ဂိုဏ်းအဖြစ် စုဖွဲ့ထားတဲ့ စစ်ဂိုဏ်းလက်ထဲကို ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာလွှဲခဲ့တာပါ။ မဆလပါတီ ဥက္ကဋ္ဌကြီးနဲ့ ပထမ စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သခင်ရူမောင်ဟာ သူ့နောက်ဆုံး ဈာပနကို အသုဘ ကမ္မဋ္ဌာန်း စီးဖြန်းသူ လူအစိတ်နဲ့ ပွဲပြီးခဲ့ရရှာပါတယ်။ အာဏာရှင်ဖြစ်ချင်ကြသေးတဲ့ အာဏာရှင်လောင်းများ ဗမာပီပီ သံဝေဂဂယူနိုင်ကြစေဖို့ပါ။ နောင်သံသရာကောင်းဖို့ ပွဲပေါင်းများစွာ လှူမှုတန်းမှုပေါင်းများစွာနဲ့ ပြုထားတဲ့ ဒါန အမှုများ အလဟဿဖြစ်စေဖို့ မသင့်တာကြောင့်ပါ။
ဒီကနေဆိုရင် မြန်မာ့ခေတ်ပြိုင်နိုင်ရေးမှာ ဒီချုပ်နဲ့ ဒီချုပ်ဥက္ကဋ္ဌနဲ့ ပူးပေါင်းဆောင်ရွက်နိုင်သူ လစ်ဘရယ်ဘူဇွာ ဒီမိုကရက်များက တစ်စု (၂) အပစ်အခတ်ရပ်ရပ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင် လာကြမယ့်အပစ်ရပ် လူမျိုးစု ဒီမိုကရေစီ အင်အားစုများ၊ တိုင်းနဲ့ပြည်နယ်များ ရခိုင်၊ ချင်း၊ ကရင်၊ ကယား မွန်၊ ရှမ်း ၊ ၀ စတဲ့ ဒေသခံလူမျိုးစု ဒီမိုကရေစီအင်အားစုများက တစ်စု၊ ဒီ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးမှာ သူတို့တစ်သက်လုံး ကြွေးကြော်တောင်းဆို လာခဲ့ကြတဲ့ Armed Struggle လုပ်ခဲ့တဲ့ကြရတဲ့ စစ်မှန်တဲ့ အမျိုး သားတန်းတူရေး အခွင့်အရေး အကောင်အထည်ဖြစ်ဖို့ မုချအားထုတ် လုံးပန်းလာကြမှာမုချပါပဲ။ ၂၀၁၅ ရွေး ကောက်ပွဲဟာ မြန်မာ့ခေတ်သစ် သမိုင်းကို ထုဆစ်ရွေးကောက်ပွဲဖြစ်မဖြစ် ဆိုတာကိုတော့ ကမ္ဘာကြီးက စောင့် ကြည့်နေမှာ မုချပဲဖြစ်ပါတယ်။ မြန်မာလူထုကြီး နဲ့ မြန်မာ့တတိယမျိုးဆက်ဝင် ဒီမိုကရေစီ နိုင်ငံရေးအင်အား စုအားလုံးရဲ့ နိုင်ငံရေးသတ်္တိကို၂၀၁၅ ရွေးကောက်ပွဲကြီးက ရှင်းလင်းဖော်ပြမှာ သေချာပါတယ်။ အမှန်တရား ရဲ့စံက လက်တွေ့ပါပဲ။ ဘယ်သူ့နှုတ်ထွက် အာဘော်မှ မဟုတ်ပါဘူး။ ။
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment