~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာ့ရေမြေဒေသ ““မေလ””၏ မိုးရေစက်တို့ ဖြိုးစွေပက်နေဆဲမှာပင် မူလသဘာဝရိုးသားဖြူစင်သော ပြည်သူ လူထုအများစု ပတ်ဝန်းကျင်တစ်ခွင် ““၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး””ဆိုသည့် အသံများက ဟိုမှသည်မှ ပဲ့တင်ထပ်ကာ ပျံ့လွင့်ဝေ့၀ဲလို့ လာပြန်ပါလေသည်။ အဖိနှိပ် အရက်စက် အညှဉ်းပန်းခံ အလှည့်စားခံရ ဖန်များ ခဲ့ပေသော ပြည်သူလူထုမှာလည်း အတွေ့အကြုံက ရင့်ကျက်ပြီးသားပင်။ စစ်အာဏာရှင်များဘက်က ခေတ် အဆက်ဆက် အထပ်ထပ်အခါခါ ပြောကြားလာသော ““ကတိ”” ““က၀တ်””စကားလုံးများသည်
ကား ပြည်သူ လူထုအတွက်ဘာမှ တိတိပပ စိတ်ဝင်တစားအလေးထားစရာ မဟုတ်ခဲ့ပါပေ။ အကယ်၍ အမှန် စင်စစ် ရွေး ကောက်ပွဲ ကျင်းပဖြစ်လာခဲ့ပါလျှင်လည်း မဲရုံများထဲ သို့ ပြည်သူလူထုက၀င်၍ သွားကြဦးမှာပင်။ ၁၉၉၀ပြည့်နှစ် ကကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကြီးတွင် မြန်မာပြည်သူ လူထုကြီး အများစုက ကိုင်စွဲခဲ့သော (မဲရုံများထဲမှ) ကိုယ်စီကိုယ်င ဆန္ဒထုတ်ဖော်သွားချက်မှာ ““Silencer”” ခေါ် အသံတိတ်လက် နက်ဆန်လှသည်။ …
ပြည်သူလူထု၏ ရင်ထဲမှ အသံမထွက်သော လက်နက်က ပြင်းထန်ထိရောက် လှသဖြင့် နိုင်ငံတ ကာ နိုင်ငံရေး စောင့်ကြည့် လေ့လာသူများ အံ့အားတသင့် ဖြစ်သွားခဲ့ကြရသည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက် ပွဲကြီးမှာ မြန်မာပြည်သူလူထုက ဘာကို အလိုအပ်ဆုံးလဲဆိုသည်ကို ““အသည်းကြားက မဲတစ်ပြား””ဆိုသည့် အသံမထွက်သော အသံတိတ် လက်နက်ဖြင့် ထိရောက်စွာ အဖြေရှာပေး နိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် စစ် အာဏာရှင်များ ပျားပန်းခပ်မျှ လှုပ်လှုပ်ရှားရှား ဣနြေ္ဒသိက္ခာ ပျက်ပြားသွားခဲ့ကြရ၏။ ထိုစဉ်က နိုင်ငံရေးပါတီ “၉၃”ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပါတီ“၂၇”ပါတီက ကိုယ်စားလှယ်အနည်းဆုံး “၁” ဦးကျစီ ရွေး ကောက် တင်မြှောက်ခြင်း ခံခဲ့ကြရသည်။
လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်နိုင်ငံ လုံး ၄၈၅နေရာတွင် နေရာပေါင်း ၄၄၇ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၃၉၂ နေရာ အနိုင်ရရှိခဲ့သဖြင့် ကမ္ဘာ့ နိုင်ငံ ရေးသမိုင်းတွင် ဘယ်သောအခါမျှ ခြေဖျက်၍မရနိုင်သော သက်သေသာဓကအမှန် ဖြစ်ခဲ့ရသည်။ သမိုင်း မော်ကွန်း တင်လောက်ပါပေသည်။ သို့ပါသော်လည်း မြန်မာပြည်သူလူထု၏ ဂုဏ်သိက္ခာရှိသော၊ မြင့်မြတ် စင် ကြယ်သော၊ တန်ဖိုးထားလေးစားဖွယ်ဖြစ်သော““အသည်းကြားမှမဲများ””မှာ စစ်အာဏာရှင်တို့၏ စနစ်တကျ လှည့်စားခြင်းကို ခံခဲ့ရသည်။
ထိုဖြစ်စဉ်၏ နောက်ပိုင်းမှစ၍ မြန်မာပြည်သူလူထု အများစု၏ နှလုံးသား ကြေးမုံ ပြင်တွင် “GENTLE MEN” လူကြီးလူကောင်းများဆိုသည်မှာ ဘာကိုမူ တည်လျက် သတ်မှတ်ခေါ်တွင် နေကြပါ သလဲဆိုသည့် အသံတိတ်မေးခွန်းများဖြင့် ရင်နင့်ကြေကွဲခဲ့ကြရ၏။ ပို၍ပို၍ ထိတ်လန့် တုန်လှုပ်ချောက်ချား ဖွယ်ကောင်းေ သာ ပြည်သူလူထု၏ အိပ်မက်ဆိုးကြီးများကလည်း ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာခဲ့ရပြန် ပေရာ ၂၀၀၃ခုနှစ်၊ မေလ ၃၀ရက်၊ ဒီပဲယင်း လုပ်ကြံမှုကြီးမှာလည်း တရားခံရှာဖွေပေး မည့်သူ ဥပဒေဘက်တော်သား ကင်းမဲ့လှပေ သည့် ပြည်သူလူထု၏ ဘ၀လုံခြုံမှုကို အပြင်းထန်ဆုံး ခြိမ်းခြောက်ခဲ့သော အိပ်မက်ဆိုးကြီး တစ်ခု ပင်ဖြစ်ပေ၏။
ထိုအိပ်မက်ဆိုးကြီးအကြောင်းကို ကျွန်တော် အကြိမ်ကြိမ်အခါခါ စဉ်းစားသုံးသပ်ရင်း ငယ်စဉ်အခါ သမယ၊ စိန့် ဂျွန်း ဒိုင်အိုစီစင် ယောက်ျားကလေးကျောင်းတွင် ပညာသင်ကြားစဉ် တပည့်များအား စာလည်းသင်ပေးသ လို ပြင်ပ ဗဟုသုတများ ရရှိစေရန်အလို့ငှာ သူဖတ်ဖူးသော စာအုပ်ကောင်းတချို့ အကြောင်း ပြန်ကြောင်းပြောပြ လေ့ရှိ။ သူအင်္ဂလိပ်လူမျိုးကျောင်း ဆရာကြီး““မစ္စတာ တွမ်မလို””ကို ဖျတ်ခနဲ သတိရလိုက်မိ၏။ တစ်ခါတွင် ဆရာကြီးမစ္စတာ တွမ်မလိုက ကျွန်တော်တို့အား “Survival The Game”” အမည်ရှိ စာတစ်ပုဒ်အကြောင်းကို ပြောပြခဲ့ ဖူးပါသည်။ အဆိုပါစာတစ်ပုဒ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလုနီးနီးအချိန်က ဂျာမနီနိုင်ငံတွင်စစ် အာဏာရှင် ““ဟစ်တလာ”ကြီး စိုးမင်းမူစဉ်ကာလကို အခြေခံထား၏။
၁၉၁၉ ခုနှစ်မှစ၍ ဂျာမနီိနိုင်ငံသည် သမ္မတနိုင်ငံဖြစ်လာခဲ့သည်။ အဒေါ့ဖ်ဟစ်တလာ ခေါင်းဆောင်သော နာဇီ ပါတီက ပြည်သူ့လွှတ်တော် တွင် အာဏာကြီးမားလာခဲ့သည်။ သမ္မတနှင့် ၀န်ကြီးချုပ်ရာထူး “၂”ခု ကို ဟစ်တလာက အပိုင်ရယူကာ ““ဖျူအာရာ”” ခေါ် နိုင်ငံတော် အကြီးအကဲ ရာထူးကိုပါရယူပြီး စစ်အာဏာရှင်ဖြစ် လာခဲ့သည်။ သူ၏နာဇီပါတီနှင့် အာဏာရှင် စနစ်ကိုဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားသူများကို သူ့သြဇာခံ““ှ.ှ”” ထောက်လှမ်းရေး များက ဖမ်းဆီးသည်။ နှိပ်စက်သည်။ ညှဉ်းပန်းသည်။ အကျဉ်းချသည်။ တချို့သေဆုံးသွား ကြသည်။ ထိုသူထဲတွင် ဂျူးလူမျိုးများက အများစုပါဝင်ခဲ့ကြသည်။
ဟစ်တလာနှင့် သူ့အစိုးရအဖွဲ့ဝင် စစ်ဗိုလ် ချုပ်ကြီးများသည် ပြည်သူလူထုက ၎င်းတို့အပေါ် အမြဲတစေကြောက် လန့်ရိုသေနေစေရန်အတွက် သူတို့၏ စစ်အင်အားကို အခမ်းအနားများပြုလုပ်ကာ အမျိုးမျိုးပြသလေ့ရှိသည်။ ဟစ်တလာဦးစီးသော ဂျာမန်နာဇီ ပါတီ ၀င်စစ်တပ်မှ ကြည်း၊ ရေ၊ လေ ဗိုလ်ချုပ်ကြီးများသည် ခမ်းနားထည် ၀ါ သော ရာထူးတံဆိပ် အဆောင်အယောင်များ၊ စစ်ယူနီဖောင်း အကောင်းစားကြီးများကို အစိမ်းရောင်၊ အဖြူ ရောင်၊ အပြာနု အရင့်ရောင်များ ခန့်ခန့်ညားညား ၀တ်ဆင်လျက် ပြည်သူလူထု ရှေ့မှောက်တွင် ဗိုလ်ရှုသဘင် ဆင်ယင် ကျင်းပလေ့ရှိကြသည်။ ဟစ်တလာသည် သူ၏စစ်အင်အားကို ယုံကြည်ကိုးစားမှု ပြင်းထန်လွန်းလာ ကာ ကတိသစ္စာများ လည်းပျက်ယွင်းလာခဲ့၏။ ၁၉၁၉ခုနှစ် စစ်ပြေငြိမ်းရေးစာချုပ် ကို ဖောက်ဖျက်သည်။ ကတိ ဖျက်သည်။ ထို့ပြင် ၁၉၃၅ ခုနှစ်၌ နိုင်ငံတကာ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံပေါင်းချုပ် အသင်း ကြီး၏ အဖွဲ့ဝင်အဖြစ်မှလည်း နုတ်ထွက်လိုက်ပြန်သည်။ စစ်အင်အားကို တိုးချဲ့ဖွဲ့စည်း တည်ထောင်သည်။
ဤသို့သော အခြေအနေများ ပေါ်တွင်မူတည်ကာ ဆရာကြီး မစ္စတာတွမ်မလိုက ကျွန်တော်တို့ကို ပြောပြသော ““Survival The Game”” အမည်ရှိစာအုပ်မှ ဇာတ်လမ်းသည် ဖြစ်ပေါ်လာခဲ့ရပေ၏။ ဇာတ်လမ်းထဲတွင် ဟစ်တလာနှင့် သူ့အာဏာပိုင်အဖွဲ့အစည်းမှ နာဇီပါတီဝင် စစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတချို့သည် တိုင်းပြည် တွင် နိုင်ငံရေးအရ သူတို့မလိုလားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဂျူးလူမျိုးများအား နည်းမျိုးစုံဖြင့် နှိပ်ကွပ်လျက်ရှိ၏။ နာဇီပါတီဝင် စစ်ဗိုလ်ချုပ်ကြီးတစ်စုသည် အားလပ်ရက်များတွင် ၀ါသနာပါသူချင်း စုဝေးကာ အပန်းဖြေဂေါက်ကွင်းသို့ သွားကြသည်။ ဂေါက်ရိုက်ကြသည်။ ယမကာ အကောင်းစားများ၊ စားကောင်းသောက် ဖွယ်များဖြင့် ယစ်မူးရီဝေကြသည်။ တစ်ခါတစ်ရံတွင် တောစခန်းလှည့်လည်ကာ အမဲပစ်ထွက်လေ့ရှိကြသည်။ တစ်ခါတွင်မူ သူတို့လူစုသည် အချင်းချင်းလျှို့ဝှက် တိုင်ပင်၍ သတင်းစာထဲ မှာကြော်ငြာတိုကလေး ထည့်လိုက် သည်။
အဆောက်အအုံတစ်ခုကို အပန်းဖြေရိပ်သာအဖြစ် လူသူမနီးသော ပင်လယ်ထဲမှ ကျွန်းတစ်ကျွန်းတွင် တည် ဆောက်မည်ဖြစ်ရာပုံဆွဲ အင်ဂျင်နီယာ အတတ်၊ ဗိသုကာအတတ် ကျွမ်းကျင်သော ပညာရှင်တစ်ယောက် ရွေး ချယ်ခန့်ထားလိုသဖြင့် ဖော်ပြထားသော ရုံးခန်းလိပ်စာသို့ လာရောက်ဆက်သွယ်ပါ ဟု ကြော်ငြာထည့် လိုက်သည်။ ပညာရှင်တချို့ကလာရောက် လျှောက်ထားသော်လည်း ဂျူးလူမျိုး အမျိုးသမီးပညာ ရှင်တစ်ဦးကိုသာ နောက်ဆုံး ဆန်ခါတင်ရွေးချယ် လိုက်ကြသည်။ အထိုက်တန်ဆုံး လစာငွေချီးမြှင့်မည်ဟု ပြောကြ သည်။ လုပ်ငန်းခွင်စတင်ချိန်မှစ၍ ရသင့်ရထိုက်သမျှ အခွင့်အရေးများ ရရှိခံစားရပါစေမည်ဟုလည်း ကတိစကားပြောကြားကြ သည်။
ဂျူးလူမျိုးပုံဆွဲ ဗိသုကာအင်ဂျင်နီယာ ပညာရှင်အမျိုးသမီးက ဂျာမန်နာဇီစစ် ဗိုလ်ချုပ်ကြီးများ၏ ရာထူးအဆင့် အတန်းနှင့် ၀တ်ဆင်ထားသော ၀တ်စုံအဆင်တန်ဆာများ ခမ်းနားထည်ဝါမှု အပေါ်တွင်လည်းကောင်း၊ တိုင်း ပြည်တစ်ပြည်၏ ကြီးလေးသော တာဝန်ဝတ္တရားများကို တာဝန်ယူထားပါသည်ဆိုသော လူကြီးလူကောင်း ““ွ Gentleman””များဟု နားလည်ထားသည် ကတစ်ကြောင်း ယုံကြည်သက်ဝင်စွာဖြင့် ၎င်းတို့ဆင့်ခေါ်သွားသော ပင်လယ်ထဲမှ ကျွန်းရှိရာသို့ လေယာဉ်ဖြင့်လိုက်ပါ သွားခဲ့သည်။ ကျွန်းသို့ရောက်ပြီး နောက်ထိတ်လန့် ကြောက် မက်ဖွယ်ရာ အဖြစ်ဆိုးနှင့် ကြုံရပါပေတော့သည်။ ဂျူးလူမျိုးတတ်သိပညာရှင် အမျိုးသမီးလေးကို နာဇီဗိုလ်ချုပ် ကြီးများ က““၁””နာရီကြိုတင် အချိန်ပေးကာ တောအုပ်ကြီးထဲသို့ ပြေးလွှားပုန်းအောင်းစေခဲ့သည်။ ““၁”” နာရီ အကြာတွင် သူတို့သည် လက်နက်များ ကိုယ်စီကိုင်ကာ အမျိုးသမီးလေးကို လိုက်လံရှာဖွေ ပစ်ခတ်ဖို့ကြိုးပမ်း ကြတော့သည်။
သူတို့ အချင်းချင်းလည်း ““ငါတို့ဟာ တောတောင်တွေထဲမှာ သားကောင်တွေကို ရိုးရိုးတန်းတန်း အမဲလိုက်ပစ် ခတ်ခဲ့ရတာ ငြီးငွေ့နေကြပြီ။ ဒါကြောင့် လူသားစင်စစ်ကို သူ့အသက်သူ လုရင်းပြေးလွှား ပုန်းအောင်းခိုင်းပြီး ဆန်းဆန်းပြားပြား ပစ်ခတ်သတ်ဖြတ်ကြ ရအောင်””ဟုပြောဆို ရယ်မောကြသည်။ အင်ဂျင်နီယာ အမျိုးသမီး လေး သည် အခက်အခဲ ဘေးဆိုးအန္တရာယ် အသွယ်သွယ်ကြားမှပင် သူ့ကံကြမ္မာက သူ့ကိုဖေးကူ ကာ နောက်ဆုံးတွင် အဆိုပါကျွန်းကြီးမှ အသက်လု လွတ်မြောက်သွားခဲ့ရကြောင်းကို နားထောင်နေရသူ ကျွန်တော် တို့အဖို့ နားထောင်ရင်း တထိတ်ထိတ်ဖြစ်ရလောက်သည်အထိ ဆရာကြီးမစ္စတာ တွမ်မလိုက ၀တ္ထုဇာတ်ကြောင်းပြော ပြသွား သည်မှာ ယနေ့တိုင် မမေ့နိုင်ပါ။ ဆရာကြီးက အဆိုပါဇာတ်ကြောင်းကို ပြောပြရင်း ကျွန် တော်တို့အား ဘ၀သင်ခန်းစာ ပေးပါသည်။ လူဆိုသည်မှာ ရာထူးကြီးသည်၊ ငယ်သည် မဟုတ်။ချမ်းသာကြွယ်ဝသည်၊ ဆင်းရဲ သည် မဟုတ်။ လူကြီးလူကောင်းဆန်ဖို့သည်သာ အဓိက။
ထို့ကြောင့်ယဉ်ကျေးသော လူ့အဖွဲ့အစည်းများနေထိုင်ရာ တိုင်းပြည်နိုင်ငံများတွင် ဟိုတယ်များ၊ ဈေး များ၊ ကျောင်းများ၊ ရုံးများ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ ဘူတာရုံနှင့် လူစည်ကားရာ နေရာတချို့တို့တွင် အများသုံး (Rest Room) သန့်စင်ခန်းများထားရှိရာ လူကြီးလူကောင်း အမျိုးသားများအတွက် “Gents”ဟု စာတန်းထိုးနေရာ သတ်မှတ်ပေးထားသည်မှာ များစွာအဓိပ္ပာယ်ရှိကြောင်း၊ အဆိုပါ ၀တ္ထုဇာတ်ကြောင်းထဲမှ လူကြီးလူကောင်း မဆန်သော စစ်ဗိုလ်ချုပ်ကြီးများကဲ့သို့ တပည့်တို့၏ ဘ၀လမ်းခရီးတွင် နေထိုင်ပြုမူကျင့်ကြံကြမည်ဆိုပါက လူ့အသိုင်းအ၀ိုင်းထဲသို့ မဆိုထားနှင့်၊ အများသုံး “GENTS” စာတန်းပါ သန့်စင်ခန်းထဲသို့ပင် ပေးဝင်သင့်သူများ စာရင်းထဲတွင် ပါဝင်နိုင်မည် မဟုတ်တော့ဘဲ လူ့အဆင့်အတန်းနိမ့်ကျသူများဘ၀ ရောက်သွားကြ လိမ့်မည်ဖြစ် ကြောင်း ဆရာကြီးက ဘ၀သင်ခန်းစာပေးကာ ပြောဆို ဆုံးမခဲ့သလို လူကြီးလူကောင်း ““Gentleman””ဆိုသည့် အဓိပ္ပာယ်ကိုလည်း “man of honourable and kindly behaviour”” a man of good social position” ဟု ဖွင့်ဆိုပြောပြခဲ့ဖူးပါသည်။
ကျွန်တော်၏ စကားပြေစာအစတွင် ဖော်ပြခဲ့သည့်အတိုင်း ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်း ပပြီး စီးခဲ့သည်မှစ၍ ရေတွက်ပါသော် ၂၅ နှစ် တင်းတင်းပြည့်ပြီဖြစ်သည့် ယခု၂၀၁၅ခုနှစ် မကုန်မီတွင် နိုင်ငံတ ကာမှစောင့် ကြည့်နေကြရပေဦးမည့် အထွေထွေရွေးကောက်ပွဲကြီး စင်စစ်ဧကန် တစ်ဖန်ပြန်လည်၍ ကျင်းပ ဖြစ်ခဲ့ဦးမည်ဆိုပါက ကျွန်တော်တို့ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ဘ၀တွင်လူကြီး လူကောင်း ပီသသော Gentlemen များ၏ လုပ်ထုံးလုပ်နည်းများနှင့်ပဲ ကြုံရဆုံရလေမလား၊ သို့တည်းမဟုတ် လွန်လေပြီးသော ကာလ ဟောင်းများက ကြုံတွေ့ခဲ့ဖူးသမျှ ခါးသီးလွန်းလှစွာသော နိုင်ငံရေး ပဉ္စလက် လှည့်ကွက်များနှင့်များ ကြုံရဦးလေ မလား ဆိုသည်မှာမူ ကျွန်တော်တို့ ပြည်သူလူထု၏ ဘ၀ ၀ဋ်ကြွေးကံကြမ္မာပေါ်တွင်သာ မူတည်လျက်ရှိနေပါ တော့သည်။ မည်သို့ပင်ဖြစ်စေ မဲရုံများထဲတွင် ပြည်သူလူထုဆီကဘာ သံမှကြားကြရလိမ့်မည် မဟုတ်ပါ။ ပြည်သူတို့၏ နှလုံးသားထဲမှ မဲတစ်ပြားသည်သာလျှင် သမိုင်းတွင်မည့် အသံမထွက် (Silencer) လက်နက် ကောင်း များ ဖြစ်လာပေဦးတော့ မည်သာတည်း။
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment