
ဇွန်လ ၄ရက်က ကလေးစစ်သား ၅၁ယောက်ကို လွှတ်ပေးသည့်အတွက် ကုလသမဂ္ဂ ကလးသူငယ်ဆိုင်ရာ အေဂျင်စီ၏ မြန်မာစစ်တပ်ကို လူသိရှင်ကြား ချီးကျူးမှုအပေါ် တာဝန်မဲ့သော လုပ်ရပ်တစ်ခုအဖြစ် ဗြိတိသျှ လူအခွင့်အရေး အုပ်စုတစ်စုက ဝေဖန်လိုက်သည်။
''မကြာသေးမီက ကလေးစစ်သား စုဆောင်းအသုံးချမှုကို ရပ်တန့်ဖို့ ယူနီဆက်ဖ် (UNICEF)နဲ့ သဘောတူညီချက်ကို ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို ယူနီဆက်ဖ်က ဆက်ပြီး ချီးမွမ်းခန်းဖွင့်နေတာဟာ အံ့သြစရာကောင်းပြီး တာဝန်လည်းမဲ့ပါတယ်''ဟု Burma Campaign UK မှ မစ္စတာ မာ့ခ်ဖာမနာက ပြောကြားခဲ့သည်။
အဆိုပါ အင်ဂျီအို၏ ပြောကြားချက်အရ မြန်မာစစ်တပ်မှာ မကြာသေးမီနှစ်များက ရာနှင့်ချီသည့် ကလေးစစ်သားများကို ပြန်လွှတ်ပေးခဲ့သော်လည်း ကလေးများကို စုဆောင်းအသုံးချသည့် အလေ့အထ ဆက်ရှိနေသေးသည်ဟု ဆိုသည်။
ဇွန်လ ၄ရက်နေ့က ကလေးစစ်သား ၅၁ယောက်ကို မြန်မာစစ်တပ်က လွှတ်ပေးပြီးနောက် ယူနီဆက်ဖ်က ချီးကျူးစကား ပြောကြားလာသည့်အခါတွင် မစ္စတာ မာ့ခ်ဖာမနာက ယခုကဲ့သို့ ဝေဖန် ပြောကြားလိုက်ခြင်းပင်ဖြစ်သည်။ ကလေးငယ်မျာကို အကာအကွယ်ပေးပြီး၊ အခြေခံအခွင့်အရေးများလည်း ရရှိခံစားနိုင်အောင် လုပ်ဆောင်နေသည်ဟု မြန်မာအစိုးရကို ယူနီဆက်ဖ်မှ ဘာထရန် ဘိန်းဘဲက လူသိရှင်ကြား ချီးကျူးခဲ့ခြင်းပင် ဖြစ်သည်။
ယူနီဆက်ဖ်မှာ မြန်မာစစ်တပ်က အဓမ္မ စုဆောင်းထားခဲ့သည့် ကလေးသူငယ်များကို လွှတ်ပေးရန်အတွက် ၂၀၁၁ခုနှစ်က စစ်အာဏာသိမ်းအစိုးရကို အစားထိုးလာခဲ့ပြီး ဘက်စုံ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်နေသည့် မြန်မာအစိုးရသစ်နှင့် လက်တွဲ အလုပ်လုပ်လာခဲ့သည်။
မြန်မာအစိုးရက ကုလနှင့် ပူးတွဲအလုပ်အစီအစဉ်တစ်ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၂ခုစ်မှ ယခုအချိန်အထိ ကလေးစစ်သား စုစုပေါင်း ၆၄၆ယောက်တိတိကို လွှတ်ပေးခဲ့ပြီးဖြစ်သည်။ သဘောတူလက်မှတ်ရေးထိုးချိန်တွင် ကလေးစစ်သားအားလုံးမှုာ အသက် ၁၈နှစ်အောက်များ ဖြစ်ကြသည်။ မြန်မာစစ်တပ်တွင် နောက်ထပ် ကလေးသူငယ် မည်ရွေ့မည်မျှ ဆက်လက် တာဝန်ထမ်းဆောင်လျှက်ရှိနေသည်ကိုမူ ကွဲကွဲပြားပြား မသိရပေ။
Credit - Mizzima News
No comments:
Post a Comment