![]() |
ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရသည့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် (ဓာတ်ပုံ-မဇ္ဈိမ) |
တရားမဝင် ရွှေ့ပြောင်းအခြေချမှုအတွက် ဘင်္ဂလားဒေ့ရှ်၏ လူဦးရေထူထပ်လာမှုနှင့် စီးပွားရေးအခွင့်အလမ်း ရှားပါးမှုကိုသာလျှင် လက်ညှိုးထိုးရမည်ဖြစ်ကြောင်း ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားခဲ့၍ ဘင်္ဂလားဒေ့ရှိနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးမြင့်သန်းအား ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ်တွေ့ဆုံခဲ့သည်ဟု The Daily Star သတင်းက ဖော်ပြထားသည်။
ရန်ကုန်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု အပြီးတွင် ဦးဇော်အေးမောင်က ယင်းကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ သတင်းစာက ဆိုသည်။
ရွှေ့ပြောင်းအခြေချအများစုကို မြန်မာနိုင်ငံမှဖြစ်သည်ဟု ပြောဆိုနေကြခြင်းမှာလည်း နောက်ကွယ်တွင် နိုင်ငံရေးရည်ရွယ်ချက်များ ရှိနေကြောင်းလည်း ဦးဇော်အေးမောင်က ပြောကြားခဲ့ပြီး ထို့အပြင် ရွှေ့ပြောင်းအခြေချပြဿနာမှာ ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေ ပေါက်ကွဲထူထပ်နေပြီး စီးပွားရေး အခွင့်အလမ်းများ နည်းပါးနေခြင်းကြောင့် ဖြစ်ပွားလာရခြင်းဖြစ်သည်ဟုလည်း ဦးဇော်အေးမောင်က ပြောကြားကြောင်း The Daily Star သတင်းစာတွင် ဖော်ပြထားသည်ဟု ဆိုသည်။
မကြာသေးမီက မြန်မာအစိုးရက လုပ်ဆောင်ခဲ့သည့် လှေစီးဒုက္ခသည်များကို ကယ်ဆယ်ရေး မစ်ရှင်နှစ်ခုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု The Daily Star သတင်းစာတွင် ဖော်ပြထားသည်။
Credit - Mizzima News
No comments:
Post a Comment