Thursday, June 11, 2015

ဒေါ်အောင်ဆန်းစုကြည် တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် ဝမ်ကျားရွှေတွေ့

Written by 

တရုတ်နိုင်ငံသို့ ရောက်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဝမ်ကျားရွှေနှင့် ခရီးစဉ်အစ ယမန်နေ့က တွေ့ဆုံပြီး နှစ်ပါတီအကြား ဆက်ဆံရေးဆိုင်ရာ အမြင်ဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

Myanmar-opposition-leader-and-Nobel-Peace-Prize-laureate-Aung-San-Suu-Kyi-arrives-in-Beijing-SCMP
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ ပီကင်းသို့ ရောက်ရှိစဉ်။ (ဓာတ်ပုံ - SCMP)


မစ္စတာဝမ်သည် တရုတ်ပြည်သူ့ နိုင်ငံရေး အကြံပေးကွန်ဖရင့် အမျိုးသားကော်မတီ ဥက္ကဌလည်းဖြစ်ပြီး တရုတ်ကွန်မြူနစ် ပါတီနိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှူးလည်း ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီက မြန်မာနိုင်ငံရှိနိုင်ငံရေး ပါတီများနှင့် ပါတီချင်း ဆက်ဆံရေးမြှင့်တင်ခြင်း ဆောင်ရွက်ချက် တခုအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအား ငါးရက်ကြာခရီး ဖိတ်ကြားခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

သက်တမ်းရှည်ကြာပြီဖြစ်သည့် တရုတ်-မြန်မာ ဆက်ဆံရေးသည် ၂၀၁၀ ခုမှစ၍ မြန်မာနိုင်ငံအတွင်း တရုတ်တို့၏ ရေအားလျှပ်စစ်အတွက် ရေကာတာ စီမံကိန်း၊ ကြေးနီသတ္တုတွင်းအပါဝင် စီမံကိန်းကြီးတချို့နှင့်ပတ်သက်၍ အဖုအထစ်များဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် မကြားသေးမီက ကိုးကန့်တိုက်ပွဲများအတွင် အစိုးရတပ်များ၏ ဗုံးဆံများ တရုတ်နိုင်ငံအတွင်းကျရောက်ပြီး တရုတ်နိုင်ငံသားများသေဆုံးရပြီးနောက် နယ်စပ်တွင် တရုတ် ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်များ စစ်ရေးလေ့ကျင့်မှုများ ဖြစ်ပေါ်လာခဲ့သည်။

 
Credit - Mizzima News

No comments:

Post a Comment