Thursday, June 11, 2015

လက်ပံတောင်းစီမံကိန်းအပေါ် အစိုးရ၏ အပြီးသတ်အစီရင်ခံစာအား အတိုက်အခံများ ကန့်ကွက်

Written by  မောင်သင်တုန်း 

Khin San Hlaing
အစီရင်ခံစာတင်သွင်းမှုကို ကန့်ကွက်ဆွေးနွေးခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် (ဓာတ်ပုံ-သက်ကို)


နေပြည်တော် (မဇ္ဈိမ) ။ ။ လက်ပံတောင်း ကြေးနီစီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီ၏ နောက်ဆုံးအစီအရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလာမှုအပေါ် ယခုကဲ့သို့ အစီရင်ခံစာမတင်သွင်းမီ စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၊ အကောင်အထည်ဖော်ရေးေ က်ာမတီနှင့် ဒေသခံပြည်သူတို့ တွေ့ဆုံကာ ဒေသခံများက သဘောတူ လက်ခံပြီးမှသာ တင်သွင်းသင့်သည်ဟု အတိုက်အခံ အမတ်များက ယနေ့ (ဇွန် ၁၁ရက်)က ပြည်ထောင်စု လွှတ်တော်တွင် ထောက်ပြဆွေးနွေးခဲ့ကြသည်။

“အပြီးသတ် အစီရင်ခံစာပါအချက်များကို သက်ဆိုင်ရာ ဒေသခံပြည်သူလူထုအနေနှင့် ကျေနပ်လက်ခံ သဘောတူညီမှု ရှိမရှိနှင့် အစီရင်ခံစာတွင် ဖော်ပြထားသော လုပ်ငန်းများသည် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ရေရှည်အသုံးဝင်မှုရှိမရှိ မြေပြင်ပကတိလက်တွေ့ အခြေအနေများကို စုံစမ်းစစ်ဆေးရေးကော်မရှင်၊ ဒေသခံပြည်သူလူထုနှင့် အကောင်အထည်ဖော်ရေးကော်မတီ၏ ဆောင်ရွက်ချက်များ အမှန်တစ်ကယ် အပြီးသတ်မှုရှိမရှိ ဆုံးဖြတ်သင့်ပါတယ်”ဟု စစ်ကိုင်းတိုင်း၊ ပုလဲလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသည်။

ဒေသခံလူထုပြည်သူများက နားလည်သဘောတူ လက်ခံခြင်းမရှိသ၍ ပြည်သူလူထု၏ အကျိုးစီးပွားကို မဖော်ဆောင်နိုင်သမျှ လက်ပံတောင်း တောင်ဒေသမှာ နောက်ထပ်ဖြစ်ရပ်ဆိုး ဖြစ်ပေါ်နေမည်ဖြစ်ပြီး ဒေသတွင်းအေးချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ ဘ၀လုံခြုံရေး သာယာပျော်ရွှင်ရေးအတွက် ဆောင်ရွက်သင့်သည်ဟု ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီက လုပ်ငန်းဆောင်ရွက်ရာတွင် ၈၀ ဒသမ ၁၀ ရာခိုင်းနှုန်း ပြည့်စုံပြီးမြောက်ပြီးဟု သတ္ထုတွင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင်က ပြည်ထောင်စုလွှတ်တော်သို့ အစီအရင်ခံစာ တင်သွင်းရာ၌ ပြောသည်။

အကောင်အထည်ဖော်ဆောင်ရေးကော်မတီအနေဖြင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖြစ်ရပ်များသည် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအကြား ပွင့်လင်းစွာ ဆွေးနွေးအသိပေးခြင်း၊ ညှိနှိုင်းမှုအားနည်းခြင်းကြောင့် ဖြေရှင်းနိုင်ခဲ့ခြင်းမရှိဘူးဟု လွှတ်တော်ကိုယ်စားလှယ်တို့က ပြောသည်။ ထို့အပြင် တင်းမာမှုများကို လျော့ပါးစေပြီး ယုံကြည်မှုတည်ဆောက်၍ အပြန်အလှန်နားလည်မှုရယူကာ ပြည်သူလူထု ကျေနပ်အောင် ဆောင်ရွက်နိုင်ခဲ့လျှင် လူသေဆုံးရသည်အထိ ပစ်ခတ်ဖြိုခွင်းမှုများရှိမည်မဟုတ်ဟုလည်း ဝေဖန်ထောက်ပြဆွေးနွေးလိုက်သည်။

“လက်ပံတောင်းတောင် စီမံကိန်းဟာ အကြိမ်ကြိမ်ဆန္ဒပြနေတာဖြစ်တဲ့အတွက် ဒေသခံပြည်သူလူထုရဲ့ ဆန္ဒ မကိုက်ညီဘူးဆိုတာ သွားတွေ့နေပါတယ်။ လက်ပံတောင်းတောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေဟာ ပြည်ထောင်စုလွှတ်တော်ကို မတင်ပြမီမှာ ပြည်သူလူထုရယ်၊  ဒီစီမံကိန်းကို စုံးစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ရယ်၊ ဒီအစီရင်ခံစာကို အကောင်အထည်ဖော်တဲ့အဖွဲ့က ပူပေါင်းပြီးတော့ ညှိနှိုင်းပြီးမှသာ ပြည်ထောင်စုလွှတ်တော်ကို တင်သင့်ပါကြောင်း အကြံပြုဆွေးနွေးအပ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ဆွေးနွေးသည်။

ပြည်ထောင်စုလွှတ်တော်တွင် လက်ပံတောင်းတောင် ကြေးနီစိမံကိန်း စုံးစမ်းစစ်ဆေးရေးကော်မရှင်၏ အစီအရင်ခံစာ အကြံပြုချက်များကို အကောင်အထည်ဖော်ရေးကော်မတီက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြအနေ နောက်ဆုံးအစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းလာသည့်အပေါ် ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးခြင်းဖြစ်သည်။

“ကျွန်တော့်ဒေသမှာ လက်ပံတောင်းတောင်စီမံကိန်း ပြည်သူတွေက မကျေနပ်ဘူးဆိုရင် စစ်တမ်းကောက်ကြည့်ပါ၊ ကျွန်တော်မြို့နယ်ကိုယ်စားလှယ်ပါ။ လေးဆယ်နှစ်အုပ်စုလုံးက မကျေနပ်ဘူးဆိုရင် ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်က နှုတ်ထွက်သွားပါမယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်က ထောက်ခံဆွေးနွေးသည်။

ပြည်ထောင်စုလွှတ်တော်နယက သူရဦးရွှေမန်း၊ ကိုယ်စားလှယ်များနှင် ၀န်ကြီးဌာနများ၏ တင်ပြဆွေးနွေးမှုများအပြီးတွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်တမ်းတင်ထားရှိရန် ကြေငြာခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ခြင်းမရှိပေ။

Credit - Mizzima News

No comments:

Post a Comment