Wednesday, June 10, 2015

ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းအတွက် သြစတြေးလျအကူညီ ၄၀ရာခိုင်နှုန်း လျော့ချပစ်

Paw-Bu-La-Hta-clinic-for-ethnic-Karen-EPA

သြစတြေးလျအစိုးရက ပြည်ပနိုင်ငံများသို့ ပေးနေသည့် အကူအညီများကို လျော့ချလိုက်ခြင်းကြောင့်
 မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းအတွက် ပေးနေသည့် အကူအညီ၏
၄၀ရာခိုင်နှုန်းကို လျှော့ချလိုက်ကြောင်း မြန်မာအကြီးဆုံးဖွံ့ဖြိုးမှု အဖွဲ့အစည်းဖြစ်သည့် 3MDG Fundက ပြောဆိုလိုက်သည်ဟု သြစတြေးလျ အခြေစိုက် Sydney Morning Heraldတွင် ဇွန် ၈ရက်က ရေးသားထားသည်။

သြစတြေးလျအစိုးရက လက်ရှိတွင် ဥက္ကဋ္ဌ တာဝန်ယူထားသည့် Three Millennium Development Goal Fund (3MDG)အဖွဲ့အစည်းအတွက် ထည့်ဝင်ရမည့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၂ သန်း( သြစတြေးလျဒေါ်လာ ၅၄ ဒသမ ၉ သန်း)ကို ထည့်ဝင်လိမ့်မည်မဟုတ်ကြောင်း သြစတြေးလျ အစိုးရက မေ ၁၂ရက်က ကြေငြာထားခဲ့သည်။

"ဒီအတွက်ကြောင့် သြစတြေးလျ နိုင်ငံအနေနဲ့အဖွဲ့ရဲ့ ရန်ပုံငွေမှာ နောက်ထပ်ခန့်မှန်း အမေရိကန်ဒေါ်လာ ၄၂ သန်းကို ထည့်ဝင်လာတော့မှာ မဟုတ်ပါ။ သြစတြေးလျက အဖွဲ့မှာ ဒုတိယအများဆုံးရန်ပုံငွေထည့်ဝင်တဲ့ နိုင်ငံအဖြစ်တော့ ရှိနေဆဲပါ။ အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၂ သန်း ထည့်ဝင်ပေးထားပြီးဖြစ်ပြီး 3MDG ရန်ပုံငွေဘုတ်အဖွဲ့ကြီးမှာ ဥက္ကဋ္ဌအဖြစ်လည်း ရှိနေဆဲပဲဖြစ်ပါတယ်။” ဟု ရေးသားဖော်ပြထားသည်။

3MDG Fund အဖွဲ့ကြီး၏ စုစုပေါင်း ထည့်ဝင်ငွေ ၁၁ဘီလီယံအနက် ၅၄ဒသမ ၉သန်း လျော့ချလိုက်ခြင်းဖြစ်ပြီး လျော့ချသည့် နိုင်ငံများ၏ ဖွံ့ဖြိုးမှုကို စောင့်ကြည့်ရမည်ဟု ဆိုသည်။

ယင်းသို့ အကူအညီလျော့ချမှုကြောင့် လက်ရှိတွင် သြစတြေးလျက အကူအညီပေးနေသည့် ကျန်းမာရေး စီမံကိန်းများတွင် ပါဝင်သည့် မိခင်နှင့် ကလေး စောင့်ရှောက်ရေး၊ HIV/AIDS၊ ငှက်ဖျား နှင့် တီဗီရောဂါစီမံကိန်းများတွင် ရုတ်တရက် အကျိုးသက်ရောက်မှု ရှိနိုင်ဦးမည်မဟုတ်ဟု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

မြန်မာအစိုးရနှင့်အတူ မိတ်ဖက်လုပ်ကိုင်နေသည့် ယင်းအဖွဲ့ကြီးတွင် ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများမှ နိုင်ငံခြားအကူအညီ ရန်ပုံငွေမတည်လျက်ရှိသည်။

Credit - Mizzima News

No comments:

Post a Comment