Monday, June 8, 2015

ရွေးကောက်ပွဲ အသိပညာပေးရေး လုပ်ငန်းစဉ်အတွက် သင်တန်းပေးမည်

ပဲခူးခရိုင်တွင် ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာတော့မည်
 ဖြစ်သည့်အတွက် ထိုကာလအတွင်း ပူးပေါင်းကူညီနိုင်ရန် အသိပညာပေးရေးအတွက် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း Bago Youth Community Development စီစဉ် ဦးဆောင်သူ ကိုကျော်ကျော်လင်းထံမှ သိရသည်။

Election



''သင်တန်းကို ဇွန်လ ၇ ရက်နေ့ လုပ်မှာပါ။ အဲဒီနေ့မှာ မဲဆန္ဒရှင် အမည်မှားနေတာတို့၊ နာမည်မပါတာတို့ ဘယ်လိုတွေ လုပ်ရမယ်ဆိုတာ သင်တန်းသားတွေကို သင်သွားမှာပါ။ ပြီးတော့ ကွင်းဆင်းပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေလည်း လုပ်သွားမှာပါ" ဟု ကိုကျော်ကျော်လင်းက ပြောသည်။

အဆိုပါ လုပ်ငန်းစဉ်များအတွက် ပြည်မြို့ အခြေစိုက် Civil and Political Right Campaign Group နှင့် ပဲခူး အခြေစိုက် Bago Youth Community Development စာစဉ်တို့ ပူးပေါင်း၍ လုပ်ဆောင်ခြင်းဖြစ်ပြီး ပဲခူးမြို့ခံ CSO များနှင့် ဖိတ်ခေါ်ပူးပေါင်းကာ စီမံကိန်း အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

စိတ်ပါဝင်စားသူများအနေဖြင့် အဆိုပါသင်တန်းသို့ ပူးပေါင်းပါဝင်နိုင်ပြီး အသိပညာပေးလုပ်ငန်းစဉ် လုပ်ဆောင်သည့်အချိန်တွင် Volunteer များကို ထမင်းစားရိတ်များလည်း ထုတ်ပေးသွားမည်ဟု  သိရသည်။

Credit - Mizzima News

No comments:

Post a Comment