Monday, June 8, 2015

နိုင်ငံတော်ဘဏ္ဍာငွေကို အလွဲသုံးစား ပင်စင်လိမ်လည်ထုတ်စားနေသူနှင့် မမှန်မကန် ထောက်ခံပေးနေသူ ရင်းတိုက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး – ပေးစာ

 အထက်ပါကိစ္စနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) ကျောက် တံခါးမြို့နယ်၊ ရင်းတိုက် ကုန်း ကျေးရွာအုပ်စု၊ ဆင်ရိုးခင်ကျေး ရွာနေ ဒေါ်ကြည်သန်းသည် ကိုယ်ပိုင်နံပါတ် ၁၈၃၈၁၂ ဖြစ်သူ တပ်သား ဇော်မင်းနှင့် အိမ်ထောင်ကျဖူးပြီး တပ်သားဇော်မင်း ကျဆုံးပြီးနောက် မိသားစု ပင်စင် ခံစားရခဲ့ပါသည်။ သို့သော် (၂၅.၉.၂၀၁၅)တွင် ကိုသန်းနိုင် ဆိုသူနှင့် ခိုးလိုက်သွားပြီး ရပ်မိရပ်ဖများနှင့် ကာလသား ခေါင်းဆောင်တို့အား ခဲဖိုး (မင်္ဂလာကြေး ၁၀၀၀၀) ပေးကာ အကြင်လင်မယားအဖြစ် အသိအမှတ်ပြု ကန်တော့ခဲ့ကြပါသည်။

နိုင်ငံတော်၏ ပင်စင်လစာ နည်းဥပဒေတွင် လိမ်ညာ၍ ထုတ်ယူပိုင်ခွင့် မရှိပါ။ အသက်၆၀ ဆယ် ကျော်လျှင် တာဝန် ထမ်းဆောင်ခွင့်လည်း မရှိပါ။ ပင်စင်နည်းဥပဒေ ၂၃၀ နှင့် ၂၃၃(ခ)ကအရ မမှန်ကန်သူ၊ နောက်
အိမ်ထောင် ထပ်မံပြုသူသည် ခံစားခွင့်မရှိတော့ပါ။ ပင်စင်ထုတ်စား သူများ နောက်အိမ်ထောင် မပြုကြောင်းကို အုပ်ချုပ်ရေးမှူးက စိစစ်သင့်ပါသည်။

သို့သော်လည်း ယနေ့အချိန်အခါထိ ““ပေးတဲ့သူရှိလို့ ပင်စင်သွားထုတ်ရဦးမယ်ဟု ဆင်ရိုးခင်ရွာသူ ရွာသားများကို မထီမဲ့မြင် ပြုလုပ်ပြီးလိမ်လည်၍ ပင်စင်ကို ထုတ်ယူစားနေဆဲ ဖြစ်ပါသည်။

ဆင်ရိုးခင်ရွာထဲတွင် အမှန်အတိုင်း ဖြစ်လိုသူများနှင့် လိမ်ညာစားနိုင်ရန် အားပေးအားမြှောက် ပြုလုပ်နေသူ ရပ်ရွာအုပ်ချုပ်ရေးမှ၊ူး ဦးဆန်းလွင်သည် ဒေါ်ကြည်သန်းအား ပင်စင်ထုတ်စားခွင့်ရအောင် မမှန်မကန် အကြံ ပေးခြင်း၊ မမှန်မကန် ထောက်ခံချက် ပေးနေခြင်း ကို နိုင်ငံတော်ဘဏ္ဍာငွေ အလေလွင့် ပျက်စီးပြုန်းတီးရာ ရောက်သဖြင့် အုပ်ချုပ်ရေးမှူးနှင့် ပင်စင်လိမ်ထုတ်နေသူ ဒေါ်ကြည်သန်းတို့အား ဖော်ထုတ် အရေးယူပေးရန် တင်ပြ တိုင်ကြားအပ်ပါသည်။

မှတ်ချက်။ ။ ဤကိစ္စအား တင်ပြတိုင်ကြားရခြင်းမှာ အောက်ခြေ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေး စစ်ဆေးရေးအဖွဲ့တို့သည် မှားသူကိုအမှန်၊ မှန်သူကိုအမှားဟု လိမ်ညာစစ်ဆေးနေဆဲဖြစ်၍ နိုင်ငံတော် လူကြီးမင်းများ သိရှိနိုင်စေရန် တင်ပြ တိုင်ကြားရခြင်း ဖြစ်ပါသည်။

မမြသန်း ၇/ကတ(နိုင်)၁၀၃၃၁၁

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment