ရန်ကုန် (မဇ္ဈိမ)။ ။ လောက်ကိုင်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသော ကိုးကန့်တပ်ဖွဲ့ MNDA တပ်မတော်နှင့် တိုက်ပွဲများ ရပ်စဲမည်ဖြစ်ကြောင်း ဇွန် ၁၁ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။
ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့သည် ဖေဖော်ဝါရီလ က စတင်၍ မြန်မာ အစိုးရနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော အဖွဲ့ဖြစ်သည်။
ထိုသို့ စစ်ရပ်စဲလိုက်ခြင်းကို တပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက" တိုက်ပွဲကလည်း ကြာလာတော့ ဒေသတွင်းက ပြည်သူတွေ နစ်နာမှုတွေ၊ ဒုက္ခရောက်တာတွေ များလာတယ်၊ တိုက်ပွဲတောက်လျှောက်မှာလည်း ကျွန်တော်တို့က စတင်ထိုးစစ်ဆင်ခဲ့တာ မရှိဘူး၊
ဒါကိုလည်း ပြည်သူတွေသိစေချင်လို့ပါ၊ တစ်ဖက်က ထိုးစစ်ဆင်လာရင်တော့ ကျွန်တော်တို့ ပြန်လည် ခုခံကာကွယ်သွားမယ်လို့ ထုတ်ပြန်ချက်မှာလည်း ပါပြီးသားပါ"ဟု မဇ္ဈိမကို ပြောသည်။
"တရုတ်နိုင်ငံ အစိုးရမှ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြင်းပြသည့် တောင်းဆိုမှု ၊မြန်မာနိုင်ငံ ပြည်သူများ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်းပြသည့် ဆန္ဒများကို တုံ့ပြန်ရန် ထိုသို့ တစ်ဖက်သတ် စစ်ရပ်စဲ ရန်ဆုံးဖြတ်လိုက်သည်" ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
Credit - Mizzima News

No comments:
Post a Comment