
မြန်မာနှစ်နိုင်အနေဖြင့် တရုတ်နိုင်ငံ၏ သဘောထားကဲ့သို့ပင် ရေရှည်အမြင်နှင့် မဟာဗျူဟာမြောက် မိတ်ဆွေကောင်းများအဖြစ် ဆက်လက်ထိန်းသိမ်းသွားမည်ဟု မျှော်လင့်ယုံကြည်ကြောင်း သမ္မတ ရှီကျင်းဖျင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
"ပြည်တွင်းအခြေအနေများ မည်သို့ပင်ပြောင်းလဲသွားစေကာမူ တရုတ်-မြန် ဆက်ဆံရေးကို ပိုမိုတိုးမြင့်သွားရန် ခံယူဆောင်ရွက်သွားမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။" ဟု ၎င်းကပြောကြောင်း ဆင်ဟွာသတင်းတပုဒ်ကဖော်ပြသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အချုပ်အခြာကို အားပေးကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရွေးချယ်သည့်လမ်းကြောင်းကိုလည်း လေးစားကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နေမှုများကိုလည်း ထောက်ခံအားပေးကြောင်း ပြောသည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အကြား ဆက်ဆံရေးမှာလည်း အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုအပေါ်အခြေခံပြီး ပါတီချင်း၊ နိုင်ငံချင်း အဆင့် ဆက်ဆံရေးတည်ဆောက်ရန် အခြေခံအုတ်မြစ်များ ချသင့်ကြောင်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြားဆက်ဆံရေးသည် အလွန်အရေးကြီးသည်ကို NLD အနေဖြင့် လက်ခံထားပြီး ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှုအောက်တွင် တရုတ်နိုင်ငံ၏ သိသာထင်ရှားသော တိုးတက်မှုများကိုလည်း အသိအမှတ်ပြုကြောင်း ပြန်လည်ပြောဆိုသည်။
သမ္မတရှီကျင်းဖျင်က NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံသားများအား တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်မှုအပေါ် တဖက်သတ်မဟုတ်ပဲ အပြုသဘောဆောင်မြင်တွေ့နိုင်ရန် ဦးဆောင်လမ်းပြပေးစေလိုကြောင်း ပြောဆိုသည်။
တရုတ်နိုင်ငံကောင်ဆယ်လာ၊ နိုင်ငံတော်ပြည်သူ့ကွန်ကရက်အမြဲတန်းကော်မတီ ဒုဥက္ကဌ၊ တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးဖက်ဒရေးရှင်း ဥက္ကဌတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့တွေ့ဆုံကြသည်။
Credit - Mizzima News
No comments:
Post a Comment