~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲ ၂၅နှစ် ပြည့်ဖြစ်သော ၂၀၁၅ မေလ ၂၇ရက်က NLD နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူးပေါင်း၍ နိုင်ငံရေးကြေညာ စာတမ်းတစ်ခု ထုတ်ပြန်ခဲ့ သည်။ ရွေးကောက် ပွဲကျင်းပရန် ၅လ ခန့်သာလိုသော အချိန်ကာလတွင် ထုတ်ပြန်သော ကြေညာ စာတမ်းဖြစ် သည့် နည်းတူ အသွင် ကူးပြောင်းရေးကာလ ၄နှစ်ကျော်တွင် ဤကဲ့သို့ အဓိကအတိုက်အခံ အင်အားစုကြီးနှစ်စု တိုင်းသိပြည်သိတရားဝင် လက်ချင်းချိတ် ပူးပေါင်းလိုက်ပြီဆိုသော
အချက်ကြောင့် ကြေညာ စာတမ်းအား ပြည်သူ အပေါင်း စိတ်ဝင်တစားရှိခဲ့ကြသည်။ NLD နှင့် ၈၈(ငြိမ်း/ပွင့်)တို့ ပူးပေါင်း၍ မည်ကဲ့ သို့ နိုင်ငံရေးလမ်းစဉ်များ ချမှတ်မည်ဆိုသည်ကိုလည်း အများပြည်သူမှာ မျှော်လင့်အားကိုးကြီးစွာ အထူးဂရုပြု ခဲ့ကြသည်။…
ထိုကြေညာစာတမ်းတွင် (၁) အခြေအနေ အရပ်ရပ်အပေါ် သုံးသပ်ချက် (၂) ရွေးကောက်ပွဲများ (၃) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး (၄) ပြည်တွင်းငြိမ်းချမ်း ရေး (၅)ရှေ့လုပ်ငန်းစဉ်များဟူ၍ ခေါင်းစဉ် ခွဲ ၅ ခုပါရှိသည်။
ကြေညာစာတမ်းတစ်ခုလုံးတွင် NLD နှင့် ၈၈ (ငြိမ်း/ပွင့်)တို့၏ လက်ရှိနိုင်ငံရေး အခြေအနေ အရပ်ရပ်အပေါ် သုံး သပ်ထားသော သဘောထားအမြင်များမှာ ပြည်သူ့မျှော်လင့်ချက်၊ ပြည်သူ့ဆန္ဒများနှင့် ထပ်တူကျသည်ဟု ဆို နိုင်သည်။ အခြေခံပြည် သူ့ရှုထောင့်မှကြည့် လျှင် ပြည်သူတို့မျှော်လင့်ရာ၊ ပြည်သူတို့လိုအင် ဆန္ဒများအတွက် အားတက်ဖွယ်ရာ ဖြစ်သော်လည်း မြန်မာ့နိုင်ငံရေး အကဲခတ်သူများ ရှုထောင့်မှကြည့်လျှင်မူ ကြေညာစာတမ်း သည် ယေဘုယျဆန်လွန်းသည်ဟု ဆိုနိုင်သည်။
ကြေညာချက်စာတမ်း၏ အစပိုဒ်
၁။ အခြေအနေအရပ်ရပ်အပေါ် သုံးသပ်ချက်အား အနှစ်ချုပ်ဖော်ပြ၍ သုံး သပ်ရသော်-
(က) ဒီမိုကရေစီရေး ကြိုးပမ်းမှုများ မပြီးမြောက်သေး၊
(ခ) အခြေခံနိုင်ငံသား အခွင့်အရေးများကိုပင် ပြည်သူများ ပြည့်ဝစွာမခံစားရသေး၊
(ဂ) ပစ္စုပ္ပန်ကာလ ရင်ဆိုင်ဖြတ်သန်းနေရသော အခြေအနေများမှာ ခက်ခဲသိမ်မွေ့၊
(ဃ) “ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု”ပေါ်ထွန်းရေး ပြည်သူနှင့် လက်တွဲကြိုး ပမ်းဆောင်ရွက်မည်။ လက်ရှိ အခြေအနေမှာ ခက်ခဲသိမ်မွေ့သည်ဆိုသည်ကို နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး လေ့လာသူများသာ နား အလည်နိုင်ဆုံးဖြစ်၍ သုံးသပ်ချက်မှန်သည်ဟု ဆိုရပါမည်။ ကျန် ၃ချက်အပေါ် သုံးသပ်ချက်ကား အများသူငါ အခြေခံပြည်သူအများစု သိရှိခံစားရပြီးဖြစ်၍ ပြည်သူ့ခံစားမှုနှင့် တစ်သားတည်းကျသော NLD နှင့် ၈၈ (ငြိမ်း /ပွင့်)တို့၏ သုံးသပ်ချက်ဖြစ်သည်။
၂။ ရွေးကောက်ပွဲများ အပိုဒ်အား အနှစ်ချုပ်ဖော်ပြ၍ သုံးသပ်ရသော်-
(က) တာဝန်ရှိသူအချို့၏ ပြောစကားများအရ ရွေးကောက်ပွဲကို အောက်တိုဘာအကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဟုသိရ၊
(ခ) ၉၀၊ ၂၀၁၀၊ ၂၀၁၂ ရွေးကောက်ပွဲများကို ဖြတ်သန်းဖူးပြီးဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲသည် ““လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ””ဖြစ်ရန် အဓိက အရေးအကြီးဆုံးဖြစ်၊
(ဂ) ရွေးကောက်ပွဲကော်မရှင်၏ ဘက်လိုက်မှုကင်းရေးအပေါ် ပြည်သူကသံသယ ၀င်လျက်ရှိ၊
(ဃ) ရွေးကောက်ပွဲ လုပ်ငန်းစဉ်များဖြစ်သည့် (တရားမျှတသော ရွေးကောက် ပွဲဥပဒေများပြဋ္ဌာန်းပြီး ထိုဥပဒေ များအတိုင်းလိုက်နာရန်)
– (သတ်မှတ်အချိန်အတိုင်း ရွေးကောက်ပွဲ ကျင်းပရန်)
– (ပြည်တွင်း ပြည်ပလေ့လာစောင့်ကြည့်သူများ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရန်)။
– (ရွေးကောက်ပွဲကာလတွင် အုပ်ချုပ်ရေးပိုင်းနှင့် ကော်မရှင်အဆင့်ဆင့်က ဘက်မလိုက်ရန်)
ဤအချက် ၄ ချက်အပေါ် ခြုံငုံသုံးသပ်ရသော် (က) အချက်အရ NLD နှင့် ၈၈ (ငြိမ်း/ပွင့်)တို့သည် ရွေးကောက် ပွဲ ကျင်းပမည်လား၊ မကျင်းပဘူးလား ဆိုသည်ကို ကံသေကံမ မယုံကြည်သေးကြောင်း တွေ့ရသည်။ (ခ) (ဂ) (ဃ)တို့အရ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတစေချင် သည်။ ပြည်သူ့ဆန္ဒနှင့် တစ်သားတည်း ကျပါ သည်။ သို့သော် ရွေးကောက်ပွဲနည်း ဥပဒေများထွက်လာ၍ တရားမျှတမှုမရှိသော် မည်သို့ဆက်လုပ် မည်နည်း။ ရှေ့လုပ် ငန်းစဉ်၌မပါ။ ရွေးကောက်ပွဲ ဘက်လိုက်မှုများ ပေါ်ပေါက်ခဲ့သော် မည်သို့အစီအမံများ ထားရှိသနည်း။ ကြေညာ စာတမ်း၌ တိကျစွာမပါ။ အရေးအကြီးဆုံးတစ်ချက် လိုနေသေးသည်ဟု ယူဆမိသည်မှာ ၂၀၁၅ ရွေး ကောက်ပွဲ ရလဒ်အား ၁၉၉၀ရွေးကောက်ပွဲရလဒ်ကဲ့သို့ မဖျက်ဆီးနိုင်သော အာမခံချက်ပေး ရန်နှင့် ရွေးကောက်ပွဲ ရလဒ်အား အကောင်အထည်မဖော်ပေးလျှင် မည်သို့ဆက်လက်လုပ်ဆောင် သွားမည်ဟု ကြေညာချက်ထုတ်ပြန် သင့်သည်။ အသေး စိတ်ဆက်လက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ပြည်သူကို သိတန်သလောက် အသိပေး၍ အသေးစိတ်လုပ်ငန်းစဉ် ကြေညာချက်တစ်စောင် ထပ်မံထုတ် ပြန်သင့်ပါသည်။ မထုတ်ပြန်လျှင် သော်မှ အသေးစိတ် လုပ်ငန်းစဉ်များ ကြိုတင်ချမှတ်ပြီး ဖြစ်နေသင့်သည်ဟု ယူဆပါသည်။
၃။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပိုဒ်အား အနှစ်ချုပ်ဖော်ပြ၍ သုံးသပ်ရသော်-
(က) ဖွဲ့စည်းပုံမပြင်ဘဲ ပြည်တွင်း ငြိမ်းချမ်းရေး မတည်ဆောက်နိုင်၊ အခွင့်ထူးခံနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ဖွဲ့စည်း ပုံတွင် ပါဝင်နေသောကြောင့် နိုင်ငံ၏ အခြေခံကျသော ပြဿနာများ ကို ဖြေရှင်းနိုင်မည်မဟုတ်၊ တိုင်းရင်း သားများ တောင်းဆိုသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်မဟုတ်။
(ခ) လူထုဆန္ဒခံယူပွဲကို မေလတွင်ပြုလုပ်မည်ဟု လွှတ်တော်တွင် အတိအလင်း ကြေညာထားသော်လည်း ယနေ့အထိ အကောင်အထည်ပေါ်မလာဘဲ ပြုလုပ်သည့် အရိပ်အယောင်ပင် မမြင်တွေ့ရသေး။
(ဂ) NLD နှင့် ၈၈ (ငြိမ်း/ပွင့်)တို့ ပူး ပေါင်း၍ ၂၀၁၄ မေလမှ ဇူလိုင်လအတွင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု ပြု လုပ်ခဲ့ ရာ ၂ လအတွင်းမှာပင် ပြည်သူထောက်ခံ သောလက်မှတ်ပေါင်း ၅ သန်းနီးပါးရရှိခဲ့။
(ဃ) ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အာမခံချက်ရှိသော နိုင်ငံရေးဖြစ်စဉ် တစ်ရပ် ဖော်ဆောင်ပေးခြင်းသည် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက် ပွဲများ ဖြစ်ပေါ်လာရေးတို့အတွက် များစွာအကျိုးသက်ရောက်မှုရှိမည်ဟု ကျွန်ုပ်တို့ယူဆ။
(င) ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ကောက်ခံရရှိ ထားသော ပြည်သူလူထု၏ လက်မှတ် ၅သန်းအပေါ် တာဝန် ယူမှု၊ တာဝန်သိမှုနှင့်အတူ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ အထက်ပါ အနှစ်ချုပ်ဖော်ပြထားသော အချက်များအား သုံးသပ်ရသော် (က) အချက်အရ ဖွဲ့စည်းပုံမပြင်လျှင် ပြည်တွင်း ငြိမ်းချမ်းရေးမတည်ဆောက်နိုင်၊ အခွင့်ထူးခံ ဖိနှိပ်ချုပ်ချယ်မှု များအား မဖြေရှင်းနိုင်၊ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက် နိုင်ဟူသောအချက်များသည် ပြည်သူတိုင်း သိ သောအမှန်တရားဖြစ်သည်။ (ခ)အချက် လူထုဆန္ဒခံယူပွဲပြုလုပ်ဖို့ အရိပ်အယောင် ပင်မတွေ့ရဆိုသည်တွင် လူထုဆန္ဒခံယူပွဲ မပြုနိုင်လျှင် NLD ၊၈၈(ငြိမ်း/ပွင့်)နှင့် ပြည်သူအပေါင်းလိုလားသော ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်း၊ ပုဒ်မ၅၉(စ)နှင့် အခြားအရေးကြီး ပုဒ်မများ ပြင်ဆင်နိုင်မည် မဟုတ်ချေ။
ထို့ အတွက် ရွေးကောက်ပွဲမတိုင်မီ လူထုဆန္ဒခံယူပွဲ မကျင်းပနိုင်လျှင် မည်သို့နည်းဗျူဟာ ချမှတ်ထားသနည်း။ (ဂ)(င)အချက် ၂ချက် အရ ၂ လ အတွင်း ပြည်သူ့ထောက်ခံမှု လက်မှတ် ၅သန်း ရရှိခြင်းအတွက် ပြည်သူကား တာဝန်ကျေသည်ဟု ဆိုရမည်။ ထိုတာဝန်ကျေသော ပြည်သူ့ထောက်ခံမှု လက်မှတ် ၅သန်းအတွက် NLD နှင့် ၈၈ (ငြိမ်း/ပွင့်)တို့က တာဝန် ယူမှု၊ တာဝန်သိမှု နှင့်အတူ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆက်လက်ကြိုးပမ်း သွားမည်ဟု ဆိုသည့်အတွက် ပြည်သူ့အတွက်တော့ အားတက်ဖွယ်ပင်ဖြစ်သည်။ သို့သော် စကားရပ်ရွေ ချယ် မှုတွင် ““တာဝန်ခံမှု””ဟု သုံးနှုန်းလျှင် ပို၍ အားတက်ဖွယ်ဖြစ်ပေလိမ့်မည်။ ထို့ပြင်ကြေညာစာတမ်းပါ တာဝန်ယူ မှု၊ တာဝန်သိမှုတို့ဖြင့် ဆက်လက်ကြိုးပမ်းမည်ဆိုသည်ကို ပုဒ်မ ၄၃၆ ဟု မသုံးနှုန်းဘဲ ဖွဲ့စည်းပုံပြင်ရေး အတွက် ဟုသာ သုံးနှုန်းခဲ့၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆက်လက်ကြိုးပမ်းမည်ဟု တိတိကျကျ မပါရှိပေ။ ပုဒ်မ ၄၃၆ အား အတန်ငယ်လက် လျှော့လိုက်သည်ဟု ယူဆရ၍ ဖွဲ့စည်းပုံပြင်ရေးအတွက် သာကြိုးပမ်းဆောင် ရွက် မည်ဟု ယေဘုယျ ဆန်ဆန်သုံးနှုန်းသွားသည်ကို တွေ့ရသည်။ ပြည်သူကား တာဝန်ကျေစွာ ထောက်ခံရေး ထိုးခဲ့သော လက်မှတ် ၅သန်းအပေါ် ““တာဝန်ယူမှု၊ တာဝန်သိမှု”” ရှိသည်ဆိုရုံနှင့်ပင် ကျေနပ်မှုရှိနေပြီဖြစ် သည်။ ထိုလက်မှတ် ၅သန်းအပေါ် အာဏာပိုင်က လုံးဝအသိ အမှတ်မပြုသည်မှာလည်း ပြည်သူ့အစိုးရ စစ်စစ် မဟုတ်ကြောင်း သက်သေခံလျက်ရှိသည်။ သို့သော် ထိုပြည်သူ့လက်မှတ် ၅သန်းအပေါ် တာဝန်ယူသူ၊ တာဝန် သိသူတို့ အဖို့ကား ပြည်သူ့ဘက်တော်သား စစ်စစ်ဖြစ်ဖို့ရန် အလုပ်များစွာ လုပ်ကြရမည်ဟု ယူဆပါသည်။
(ဃ) အချက်ပါ ““ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အာမခံချက်ရှိသော နိုင် ငံရေး ဖြစ်စဉ် တစ်ရပ်ကို ဖော်ဆောင်”” စေချင်ခြင်းတွင် ကား ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံပြင်ဆင်ရန် အာမခံချက်ရအောင် လုပ်မည် ဟုယူဆရ၍ ဖွဲ့စည်းပုံပြင်ရေးအား ရွေးကောက် ပွဲမတိုင်မီ ပြင်ဆင်နိုင်အောင် ကြိုးပမ်းမည်ဟုမဆိုလို ဘဲ ရွေးကောက်ပွဲအလွန် ထိ ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်းနေဦးမည်ဆိုသည်ကို “အချိန်ကာလ”အား ရည်ညွှန်း သည်ဟု သုံးသပ်ရပါသည်။ ထိုအချက် သည် (ဂ)နှင့် (င)အချက်ပါ “တာဝန်ယူမှု၊ တာဝန်သိမှု”တို့အပေါ် အားပျော့သွားစေပါသည်။ (ဂ)+ (င) ၂ ချက်နှင့် (ဃ) အချက် ၃ ချက်ပေါင်း ခြုံငုံသုံးသပ်လိုက်လျှင်မူ ပြတ်သားသော အာမခံချက်များမဟုတ်ဟု ပင်ယူဆနိုင်သည်။ အာမခံချက်အား မည်သို့ယူမည်နည်း။ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှလား။ လွှတ်တော်ပ လှုပ်ရှားမှု မှလား။ လုပ်ငန်းစဉ်တစ်ခု။ ဗျူဟာတစ်ရပ် ကြိုတင်ချထားသင့်ပါသည်။
၎။ ပြည်တွင်းငြိမ်းချမ်းရေး အပိုဒ်အား အနှစ်ချုပ်ဖော်ပြ၍ သုံးသပ်ရသော်-
(က) နှစ် ၆၀ကျော်ကြာ ပြည်တွင်း စစ်မီးငြိမ်းရန်တိကျသော နိုင်ငံရေးအာမခံ ချက်ပေါ် အခြေခံ၍ အပစ်အခတ် ရပ်စဲရေးဖြစ်စဉ်၊ နိုင်ငံရေးဆွေးနွေး ညှိနှိုင်းဖြေရှင်းရေး ဖြစ်စဉ်များကို တစ်ဆက်တစ်စပ် တည်း ဆောင် ရွက်ခြင်း ဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ဆောက် ရမည်ဖြစ်သည်။
(ခ) အစိုးရ၊ UPWC နှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (မူကြမ်း) ရေးဆွဲပြီးစီး အတည်ပြုချက် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကို အသိအမှတ်ပြုကြိုဆိုသည်။
(ဂ) ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ရိုးရှင်းသော နိုင်ငံရေးဆန္ဒ ရှိမှုအပေါ် တည်မှီနေသည်ဟု ကျွန်ုပ်တို့ ရှုမြင်သည်။
(ဃ) ပြည်ထောင်စုသားညီအစ်ကို မောင်နှမများနှင့်အတူ စ၊ လယ်၊ ဆုံး တာဝန်သိစိတ်ဖြင့် တန်းတူရည်တူ ပူး ပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
(င) ၆ ပွင့်ဆိုင် ဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ပြုလုပ်ခြင်းဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်း ချမ်းရေးတို့အတွက် ရလဒ်ကောင်း များ ပေါ်ပေါက် နိုင်မည်ဟုမျှော်လင့်သည်။ ထိုရလဒ်ကောင်းများကို လွှတ် တော်နှင့်အစိုးရအဖွဲ့များ မည်သို့ပြောင်းလဲသည်ဖြစ်စေ ဆက်လက် အကောင်အထည်ဖော်ရန် လိုအပ်သည်။
ကြေညာစာတမ်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးခေါင်း စဉ်များ အောက်တွင် တိ ကျသော နိုင်ငံရေးအာမခံချက်ဟူသော စကားရပ်အား ၂ကြိမ်တိုင် သုံးစွဲထားသည်။ တိကျသော နိုင်ငံရေး အာမခံချက်အား NLD နှင့်၈၈(ငြိမ်း/ပွင့်)တို့က လိုချင်ဆန္ဒပြင်းပြပုံပေါ်ပါသည်။ တိကျသော နိုင်ငံရေး အာမခံ ချက်အား ၆ပွင့်ဆိုင်ကဲ့သို့ တွေ့ဆုံဆွေးနွေးမှုမှ တစ်ဆင့်ရယူမည်လား။ သို့မဟုတ် ကျိတ်ဝိုင်း တွေ့ ဆုံဆွေးနွေး ညှိနှိုင်းမှုမှ တစ်ဆင့်ရယူမည်လားဆိုသည်ကား ဗျူဟာမြောက်ရွေးချယ်ရမည် ဖြစ်သလို အာဏာပိုင်များ၏ ဆွေးနွေး ညှိနှိုင်းရန် လိုလားမှုကလည်းအဓိကကျနေသည်။ ထို့ အတွက် မည်သို့သော ဖိအားပေး၍ရယူမည် နည်းဆို သည်ကလည်း စွန့်စားမှုတစ်ရပ်ဖြစ် နေပေသည်။ ဆွေးနွေးညှိနှိုင်းမှုများ အထမြောက်ခဲ့သော် ညှိနှိုင်းမှုရလဒ် များအား အာဏာပိုင်များဘက်မှ ကတိက၀တ်မပျက် အကောင်အထည်ဖော်ပေးရန် လိုပါလိမ့်မည်။
၅။ ရှေ့လုပ်ငန်းစဉ်များ အပိုဒ်အား အနှစ်ချုပ်ဖော်ပြ၍ သုံးသပ်ရသော်-
(၁) “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေး” အတွက် ပူးပေါင်းဆောင်ရွက်ရန်။
(၂) ဖွဲ့စည်းပုံပြင်ဆင်ရေးကို ရွေးကောက်ပွဲနည်းလမ်းအပါအ၀င် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ လှုပ်ရှား ဆောင်ရွက်မှုများဖြင့် ဆက်လက်ကြိုးပမ်းသွားရန်။
(၃) ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် နိုင်ငံရေးဆန္ဒ၊ နိုင်ငံရေးရည်မှန်းချက်များအပေါ် အခြေခံ၍ တိုင်းရင်းသားအင်အားစုများနှင့် အတူတက်ကြွစွာ လက်တွဲပါဝင်ဆောင်ရွက်ရန်။
ရှေ့လုပ်ငန်းစဉ် (၁)ကားရှေ့တွင် သုံးသပ်ခဲ့ပြီးဖြစ်သည်။ ရှေ့လုပ်ငန်းစဉ်(၂) ပါ ဖွဲ့စည်းပုံပြင်ဆင်ရေးနည်းလမ်း ၃ခုတွင် ရွေးကောက်ပွဲ နည်းလမ်းဟူသည်တွင် NLD ပါတီက လွှတ်တော်တွင်းအား ရွေးကောက်ပွဲမှ တစ်ဆင့် လွှတ်တော်ကိုယ်စားလှယ် အမြောက်အမြားရောက်ရှိသွားအောင် ကြိုးပမ်းပြီး ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်းမည် လား။ သိပ်မရှင်းလင်းလှပေ။ လက်ရှိလွှတ်တော်တွင်း လမ်းကြောင်းဖွဲ့စည်းပုံပြင်ဆင်ရေးကား မှန်းချက်နှင့်နှမ်း ထွက် ကိုက်မည်မထင်ပေ။ လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုတွင်မူ ပြည်သူလူထု၏ ပါဝင်မှု မဖြစ်မနေပါရတော့မည်ဟု ယူဆရပါသည်။ ဤလမ်း ၃သွယ်အနက် မည်သည့် လမ်းရွေးမည်ဆိုသည်ကား မီး စင်ကြည့်ကရမည့် အကျပ်အတည်း အခြေအနေအတွင်း ကျရောက်နေပေသည်။
အာဏာပိုင်များ ပြည်သူ့ မျက်နှာမူပြီး အထူးအလေးထားရမည့် အချက်ဖြစ်သည်။ ဖက်ဒရယ်ရည်မှန်းချက်ဟူ သော တိုင်းရင်းသား အင်အားစုများနှင့် လက်တွဲဆောင်ရွက်မည် ဆိုသည်ကတော့ အားတက်ဖွယ်ရာပင်ဖြစ် သည်။ အကြီးမားဆုံး အတိုက်အခံအင်အားစုနှစ်ရပ် ပူးပေါင်း၍ ရှေ့ဆက်လျှောက်မည့် လမ်းကိုမူကား ချပြခဲ့ပြီ။ ကြေညာ စာတမ်းထက် လမ်းစဉ်ခိုင်မာမှုက ပိုအရေးကြီးသလို ဒီထက်ပိုမိုအရေးကြီးသော အရာကားလက်တွေ့ လုပ်ဆောင်ပြဖို့ ပင်ဖြစ်သည်။ လက်ရှိ အာဏာပိုင်များဘက်မှလည်း ပြည်သူကို မျက်နှာမူသော၊ တိုင်းပြည် အနာ ဂတ်ကို ရှေးရှုသောစိတ်နေစိတ် ထားများ ပြောင်းလဲဖို့ အချိန်မီလိုအပ်နေပြီ ဖြစ်ပါကြောင်း သုံးသပ်လိုက်ရပါ သည်။
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment