Tuesday, June 9, 2015

စောမူတူးစေးဖိုး၊ ဥက္ကဋ္ဌ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)

အားလုံးမင်္ဂလာပါ….။

ယနေ့ KNU(ကရင်အမျိုးသားအစည်းအရုံး)ရဲ့ လော်ခီးမှာမှာ ကျင်းပပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ၊ အစည်းအဝေးကိုတက်ရောက်လာတဲ့ ကိုယ်စားလှ ယ်၊ လက်နက်ကိုင်တော်လှန်ရေး
အဖွဲ့အစည်းများရဲ့ကိုယ်စားလှယ်၊ အထူးဖိတ်ကြားထားတဲ့ သတင်းမီဒီယာများ နဲ့ ဧည့်သည်တော်များခင်ဗျား……။

Mutu copy



ထပ်သီးခေါင်းဆောင်များအစည်းအဝေးဟာ (၇)ရက်မြောက်နေ့ဖြစ်ပြီး အကျေအလည်ဆွေးနွေးကြပြီး ဖြစ်ပါတယ်။ ဒီနေ့ နောက်ဆုံးနေ့လည်းဖြစ်ပါလိမ့်မယ်။ NCAစာချုပ်ဟာ အားလုံးကို မဖြည့်ဆည်းနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့လိုလားတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီကိုသွားဖို့ ပထမဦးဆုံး လျှောက်လှမ်းရမယ့် ခြေလှမ်းပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ရထားတာကို အမိအရဆုပ်ကိုင်ထားပြီး တစ်ဆင့်စီ ဆက်သွားကြဖို့လိုတယ်လို့ ပြောကြားလိုပါတယ်။ ဒီနေ့ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြရာမှာ ဖြစ်ပြီး၊ ပကတိအခြေအနေနဲ့ ထင်ဟပ်တဲ့လုပ်ငန်းစဉ်တွေချမှတ် ဖို့ အကြံပြုလိုပါတယ်။

ထိပ်သီးခေါင်းဆောင်တွေအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ အသိပညာမြှင့်တင်ရေးဆိုင်ရာ အခွင့်အလမ်းတွေဖော်ထုတ်ကြဖို့ အကြံပြုလိုပါတယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြတဲ့ လုပ်ငန်းစဉ်ဆိုတာ နှလုံးရည်တိုက်ပွဲပဲဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဆိုတာ နိုင်ငံရေးတိုက်ပွဲတွေမှာလိုအပ်တဲ့ ရေသောက်မြစ်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ မူဝါဒပိုင်းမှာခိုင်မြဲပြီး နည်းနာပိုင်းမှာ ပျော့ပြောင်းဖို့လိုပါတယ်။ အမြင်ကျယ်ဖို့ လိုပါတယ်။ အပစ်အခ တ်ရပ်စဲဆိုတာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ တွေ့ဆုံညှိနှိုင်းမှုတွေမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုရမှာဖြစ်တယ်။

တိုင်းရင်းသားနိုင်ငံရေးဆိုတာ မြန်မာပြည်ရဲ့ နိုင်ငံရေးရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်တယ်ဆိုတာ သဘောပေါက်ကြ မှာပါ။ ဒါတွေကို ခံယူနိုင်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ဆက်ဆွေးနွေး ကြတဲ့နေရာမှာ အပစ်အခတ်ရပ်စဲရေးခိုင်မြဲဖို့ ရှေ့ရှုပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေ့ရှုတဲ့ နိုင်ငံရေးမူ ဘောင်တွေရဖို့ လုပ်ဆောင်ကြပါ။ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ရေးအခြေခံတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကို ဖန်တီးကြပါ။

အလုပ်နဲ့ ညီညွတ်မှုတည်ဆောက်ကြပါလို့တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်…..။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Credit - Mizzima News

No comments:

Post a Comment