Monday, June 8, 2015

တပ်မတော်မှ သိမ်းဆည်းမြေ ပြန်လည်စွန့်လွှတ်ပေးခါမှ မူလကိုယ်ပိုင် ဓားမဦးချ လုပ်ကိုင်တောင်းခံသူ ပိုင်ဆိုင်မှုပျောက်ဆုံး

တပ်မတော်မှ သိမ်းဆည်းမြေ ပြန်လည်စွန့်လွှတ်ပေးခါမှ မူလကိုယ်ပိုင် ဓားမဦးချ လုပ်ကိုင်တောင်းခံသူ ပိုင်ဆိုင်မှုပျောက်ဆုံး၊ မတရားဝင်ရောက် ကျူးကျော်ဖျက်ဆီးရန်ပြုခြင်းတို့ကို ခံနေရ – ပေးစာ

မိုးမကျမီ၊ စိုက်ပျိုးရာသီအကြို လယ်ယာမြေတို့ကို အသင့်စိုက်ပျိုးရန် မွမ်းမံနေချိန် ပဲခူးတိုင်းဒေသကြီး (အနောက်) ပန်းတောင်းမြို့နယ်၊ နတ်မောက် ကျေးရွာအုပ်စုအပိုင်၊ ကွင်းအမှတ် ၉၉ လိပ် ကုန်းတောင် ယာမြေဖြစ်သည့် ဦးဌေးဝင်းနှင့် အဒေါ်ဖြစ်သူ ဒေါ်တင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဓားမဦးချ လုပ်ကိုင်ခဲ့သည့် တောင်ယာမြေတို့အား လွန်ခဲ့သော ၂၀၀၂ ခုနှစ်ခန့်က တပ်မတော်၏ သိမ်းဆည်းခြင်းကို ခံခဲ့ရပါသည်။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ကော်မတီ၊ နေပြည်တော် သို့ ဦးဌေးဝင်းနှင့် အဒေါ်ဖြစ်သူ ဒေါ်တင်တို့ ကိုယ်တိုင် ဦးဆောင်၍ တင်ပြတောင်းခံခဲ့ခြင်းကြောင့် ၂၀၁၄ ခုနှစ်၊ မေလခန့်က ပဲခူးတိုင်း ဒေသကြီး(အနောက်)၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာ အုပ်စုအပိုင်၊ ကွင်းအမှတ် ၉၉ လိပ်ကုန်း တောင်ယာမြေ အပါအ၀င် တောင်သူ ၁၁ ဦး၏ ၄၄ ဧကကျော်ကို
တပ်မတော်က ပြန်လည်စွန့်လွှတ် ပေးအပ်ခဲ့သော်လည်း ကိုယ်တိုင်ကိုယ်ပိုင် ဓားမဦးကျ လုပ်ကိုင်ခဲ့ပြီး ဦးဆောင်တင်ပြ တောင်းခံခဲ့သူ ဦးဌေးဝင်းနှင့် အဒေါ်ဖြစ်သူ ဒေါ်တင်တို့မှာ နှစ်ပေါင်း ၄၀ ကျော်မျှ ဓားမဦးချ လုပ်ကိုင်ခဲ့သော ယာမြေများ ပျောက်ဆုံး နစ်နာခဲ့ရကာ မြေမဲ့ယာမဲ့၊ ပိုင်ဆိုင်မှုမဲ့ ဖြစ်ခဲ့ရပါ သည်။ ဒေသခံ မြေယာကော်မတီ တို့၏ တာဝန်ရှိစွာ ဖြေရှင်းပေးမှုမှာလည်း ထိရောက်မှုမရှိဘဲ လွဲချော်နေပါသည်။

ယခု စိုက်ပျိုးရာသီအကြို လယ်ယာမြေတို့ကို အသင့်စိုက်ပျိုးရန် မွမ်းမံ ပြင်ဆင်နေချိန်တွင် ဦးဌေးဝင်းနှင့် အဒေါ်ဖြစ်သူ ဒေါ်တင်တို့ ပိုင်ဆိုင်သည့် တောင်ယာမြေတို့အား ကန်သင်းချင်းကပ် ယာနီးခြင်းဖြစ်သူတို့၏ ယာကန်သင်းငုတ်တို့ကို နုတ်ပစ်ခြင်း၊ ခြံတိုင်တို့ ကိုဖြုတ်နုတ် မတရား ၀င်ရောက် ကျူးကျော်နှောင့်ယှက် ဖျက်ဆီးရန်ပြု လာချင်းတို့ကိုပါ ခံနေရပါသည်။ ထို့ကြောင့် သိမ်းဆည်းခံရစဉ်က ကိုယ်တိုင်ကိုယ်ပိုင် ဓားမဦးချ လုပ်ကိုင်ခဲ့သော ယာမြေတို့သည် ကိုယ်တိုင်ဦးဆောင် တောင်းခံခဲ့ပြီး တပ်မတော်မှ ပြန်လည် စွန့်လွှတ်ပေးအပ် သည့်အခါ မြေစာရင်း၊ မြေပုံ၊ မြေပြင်မှားယွင်း မှုကြောင့် မြေမဲ့ယာမဲ့၊ ပိုင်ဆိုင်မှုမဲ့၊ လက်လွတ် ပျောက်ပျက် ဆုံးရှုံးခဲ့ရသည့် ဦးဌေးဝင်းနှင့် အဒေါ်ဖြစ်သူ ဒေါ်တင်တို့၏ ဆုံးရှုံးနစ်နာမှုများ အား မြေသိမ်းကော်မတီနှင့် မြို့နယ် မြေယာစီမံခန့်ခွဲမှု ကော်မတီတို့ က ပြန်လည်စိစစ် ဆုံးဖြတ်ပေးပါရန် တာဝန်ရှိသည်ဟု နစ်နာသူတို့ ကိုယ်တိုင် ပြောပြခဲ့ပါသည်။

မြေယာသိမ်းကော်မတီနှင့် မြေယာစီမံခန့်ခွဲမှု ကော်မတီတို့က တရားသဖြင့် စိစစ်ဆုံး ဖြတ်ပေးခဲ့ခြင်း မရှိခြင်း ကြောင့် ဦးဌေးဝင်းပိုင် လွန်ခဲ့သော နှစ် ၄၀ ကျော်မှစ၍ စစ်တပ်က ပြန်လည် စွန့်လွှတ်ခဲ့သည့် ယနေ့တိုင် လုပ်ကိုင်နေသည့်၊ တောင်ယာအား တရားမ၀င်သူတို့က တုတ်ဓား လက်နက်တို့ကို ကိုင်ဆောင်ကာ အဓမ္မ ၀င်ရောက် ကျူးကျော်ရန်ပြု ထွန်ယက် နှောင့်ယှက်နေသည်ကို ပန်းတောင်းမြို့၊ မြို့မရဲစခန်း၊ ရဲတပ်ဖွဲ့ဝင်များထံ အကူအညီတောင်းခံ ဖြေရှင်းရသည်အထိ ဖြစ်ခဲ့ရပါသဖြင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းအရေးယူ ပေးပါရန် တင်ပြလိုက်ပါသည်။

ဦးဌေးဝင်း၊ လဲကျေးရွာ ဥသျှစ်ပင်မြို့ပန်းတောင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment