
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖေ့စ်ဘွတ် မက်ဆေ့ဘောက်စ်မှတစ်ဆင့် ပြည်သူတို့၏ တင်ပြချက်များကို စာရွက်ဖြင့် စုရင်းပြုစုကာ ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရသည်။
သူရဦးရွှေမန်းက ၎င်း၏ဖေ့စ်ဘွတ်တွင် တစ်ကိုယ်ရည်သုံး လက်ပ်တော့ကွန်ပျူတာဖြင့် ၎င်းကိုယ်တိုင် ဖေ့ဘွတ်သုံးစွဲနေသည့် ဓာတ်ပုံကိုလည်း ဖော်ပြထားသေးသည်။
H.E. Thura U Shwe Mann အမည်ဖြင့် ယခုနှစ် ဖေဖော်ဝါရီလကစပြီး လူမှုကွန်ယက်ဖြစ်သည့် ဖေ့စ်ဘွတ်ကို စတင်သုံးစွဲသည့် သူရဦးရွှေမန်းက ပြည်သူတို့၏ ရင်ဖွင့်စကားသံများအား လက်ခံကြိုဆိုလျက်ရှိသည်ဟု ၎င်း၏ ဖေ့စ်ဘွတ်တွင် ဇွန်လ ၇ရက်၊ နေ့လည်ပိုင်းက ထပ်မံရေးသားထားသည်။ ၎င်းဖေ့စ်ဘုတ်စသုံးစဉ်ကလည်း ယင်းကဲ့သို့ ပထမအကြိမ် ဖိတ်ခေါ်ခဲ့သေးသည်။
"Facebookမှ ပေးပို့လာသော ပြည်သူများ၏ ရင်ဖွင့်စကားသံများအား လက်ခံကြိုဆိုလျက်ရှိပြီး လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်ရဲ့ လုပ်ပေးနိုင်တဲ့ မူဘောင်များအတွင်းမှ တိုင်းပြည်အကျိုး၊ ပြည်သူများအကျိုး အတွက် ကြိုးစားဆောင်ရွက်သွားပါမယ်။ မိမိနှင့်အတူ ပူးပေါင်းပါဝင်ကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းက ရေးသားထားသည်။
လူမှုကွန်ယက်ဖေ့စ်ဘွတ်တွင် လူသိများ၊ ရေပန်းစားကြသည့် ပြည်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၊ အမျိုးသားလွှတ်တော် အမတ် ဦးလှဆွေနှင့် မွေးရေ/ကျေးလက်ဝန်ကြီးဦးအုန်းမြင့် တို့အပြင် သူရဦးရွှေမန်းကလည်း ဖေ့စ်ဘွတ်ကို သုံးစွဲလာခြင်းဖြစ်သည်။
၂၀၁၄ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ စုစုပေါင်း ခုနှစ်သန်းရှိခဲ့သည့်အနက် ဖေ့စ်ဘွတ်သုံးစွဲသူ သုံးသန်းကျော်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ယခုနှစ်ဆန်းပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
Credit - Mizzima News
No comments:
Post a Comment