နိုင်ငံရေးလှုပ်ရှားမှုမှာ မပါဝင်ကြပေမယ့် ဒေါ်စုကို ၀ိုင်းဝန်းကူညီသူမို့
၅(ည)နှင့်ဆွဲတယ်လို့ ဆိုပါတယ် … မောင်မိုးသူတို့ ဖမ်းဆီးထိန်းသိမ်းစဉ်က
၅(ည)ရဲ့ အချုပ်သက်တမ်းဟာ ၃ နှစ် ဖြစ်ပါ တယ်။ မောင်မိုးသူတို့ တစ်တွေ
ထောင်ထဲရောက်စမှာ ၅(ည)ရဲ့ အချုပ်သက်တမ်းဟာ ၃ နှစ်ကနေ ၅
နှစ်တိုင်သွားပါတော့တယ် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခင်တစ်ပတ်မှအဆက်
ကန္တာရနှစ်များဟာ ၆၅ လောက်မှာ တစ်ဝက်တစ်ပျက် ကုန်ဆုံးတယ်လို့ ဆိုရမလားပဲ။
ရုပ်ရှင်ကောင်စီရဲ့ ရုပ်ရှင် သမိုင်း တစ်စွန်းတစ်စရေး ဖို့ ဖြစ်လာတော့
မောင်မိုးသူနာမည်နှင့် ရေးမှရမယ်လေ။ ဒါနှင့်မောင်မိုးသူနာမည် သုံး ခွင့်အား
မ၀ံ့တ၀ံ့ ပြန်ရပါတယ်။ မောင်မိုးသူ နာမည်ရတယ်ဆိုတဲ့ သတင်းကြောင့် မဂ္ဂဇင်း ၂
စောင်မှာ ဘာသာ ပြန် အခန်းဆက်ဝတ္ထု ၂ ပုဒ်ရေးဖြစ်ပါတယ်။ ၂ ပုဒ်စလုံး
လက်စမသတ်နိုင်ခင် မောင်မိုးသူ ထောင်ပြန်ကျသွား လို့ပါပဲ။ မောင်မိုးသူ
ထောင်ကျရခြင်း အဓိက အကြောင်းရင်းကတော့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ
လွတ်မြောက်လာလို့ပါပဲ။ ဒေါ်စုလွတ်လာတော့ NLD အဖွဲ့ချုပ်ရုံးကို
သွားခွင့်မရှိတဲ့ မောင်မိုးသူ တို့၊ မောင်ဝံသတို့ ဒေါ်စု အိမ်ဝင်ခွင့်
သွားခွင့်ရပါတယ်။ ဒေါ်စုနှင့် ထောင်မှလွတ်လာပြီဖြစ်တဲ့ တတ်သိပညာရှင်များ
တစုတဝေးကြီး တွေ့ဆုံခွင့်ရပါတယ်။ ဒါပေမဲ့ အဖွဲ့ချုပ်မှာတော့
တရားဝင်သွားခွင့် မရှိသေးပါ။ ဒေါ်စုခြံထဲမှာပဲ စာဖတ်ဝိုင်း ဆွေး
နွေးပွဲလုပ်တာတို့၊ အမျိုးသားအောင်ပွဲနေ့ စာပေပြိုင်ပွဲလုပ်တာတို့
လုပ်ကြရပါတယ်။ စာပေရွေးချယ်ရေးအဖွဲ့က တော့ တင်မိုး၊ မောင်စွမ်းရည်၊
မောင်မိုးသူနှင့် မောင်ဝံသတို့ပဲ ဖြစ်ပါတယ်။ အမျိုး သားအောင်ပွဲနေ့ အခမ်း
အနားမှာ စာပေဟောပြောပွဲကို ဘဘဦးခင်မောင်လတ် ဟောပါတယ်။ မောင်မိုးသူ
တို့ကတော့ ဝေယျာဝစ္စ လုပ်ရ တာပေါ့။…
ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်လာပြီးတဲ့နောက် ခြံတံခါးဝမှာ ဒေါ်စု၊ ဦးတင် ဦး၊
ဦးကြည်မောင်တို့ ဟော ကြပြောကြတာတွေ ရှိပါတယ်။ နားထောင်တဲ့ ပရိသတ်ကြီးကတော့
အုန်းအုန်းကျွက်ကျွက်ပါပဲ။ ဒေါ်အောင် ဆန်းစုကြည် ကျန်းမာပါစေလို့ မေတ္တာပို့
ဆုတောင်းတာတွေလည်း လုပ်ကြပါတယ်။ ကြုံလို့ပြောရရင် အဲဒီ မေတ္တာပို့အဖွဲ့ထဲက
ပုဂ်္ဂိုလ်တချို့လည်း ထောင်ထဲကိုပို့လို့ မောင်မိုးသူနှင့်
ဆုံဖြစ်ရပါသေးတယ်။
မောင်မိုးသူ ထောင်ထဲကို ရောက်ရခြင်းကတော့
ဒေါ်အောင်ဆန်းစုကြည်က ၉၀ ရွေးကောက်ပွဲ အနိုင်ရလွှတ် တော်ကိုယ် စားလှယ်များ
ညီလာခံအစည်းအဝေးကြီး ပြုလုပ်ဖို့ စီစဉ်ဖိတ်ကြားပါတယ်။ အဲဒီအစည်းအဝေး
မတိုင်မီ အဲဒီအစည်းအဝေး တက်ရောက်ကြမယ့် ဖိတ်ကြားခံပုဂိ္ဂုလ်များ နှင့်တကွ
နိုင်ငံရေးလှုပ်ရှားသူများ၊ မေတ္တာပို့အဖွဲ့တချို့နှင့်
ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးပတ်သက်သူများကိုလည်
း
ဖမ်းပါတယ်။ အဲဒီမှာ မောင်မိုးသူ ပါသွားပြန်တာပေါ့။
ထောက်လှမ်းရေးတပ်ရုံးထဲမှာ ဦးကျော်ဝင်း၊ မောင်ဝံသတို့နှင့်အတူ မောင်မိုး
သူကို အတူချုပ်ထားပါတယ်။ ဦးကျော်ဝင်းတို့၊ မောင်ဝံသတို့ဟာ ၉၀ လွှတ်တော်
ကိုယ်စားလှယ်များဖြစ်တဲ့ အတွက် သူတို့နှစ်ယောက်ကို အစည်းအဝေး
ဖိတ်ကြားခံရသလားဆိုတော့ ဖိတ်ကြားခံရတယ်ပေါ့။ အစည်း အဝေးတက်မှာလားဆိုတော့
တက်မယ်ပေါ့။ အဲ မောင်မိုးသူကို မေးမြန်းစစ်ချက် ယူချိန်မှာ မောင်မိုးသူက
လွှတ်တော်ကိုယ်စားလှယ်လည်း မဟုတ်၊ NLD ဗဟိုကော်မတီအဖြစ်ကလည်း
အထုတ်ခံထားရပြီး ပြန်လည် တာဝန်ပေးခြင်း မခံရသေးတဲ့အတွက် အစည်းအဝေးကို
ဖိတ်ကြားခြင်းလည်း ခံရသူမဟုတ်၊ တက်ရောက်ရမှာ လည်း မဟုတ်ပါဘူးလို့
ပြောဆိုပေမယ့် မရပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တချို့
ကို
အပြင်မှာထားပေမယ့် အရေးပါတယ်လို့ ယူဆထားသူများကို ပုဒ်မ ၅-ည နှင့်
ထောင်ထဲကို ပို့ပါတယ်။ အဲဒီမှာ တင်ဦးကျော်ဝင်း၊ မောင်ဝံသ
လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ကိုသိန်းတင်၊ နိုင်ငံရေးလှုပ်ရှားသူနှင့် ဦးညီ
(ခေါ်) ဦးအေးဝင်း (ဒေါ်စုရဲ့အစ်ကို)နှင့် မောင်မိုးသူတို့ ၅ ယောက်
အင်းစိန်တွဲဖက်ထောင်၊ ကျွန်းတိုက်ထဲကို ပို့ပါတော့တယ်။ အဲဒီ ကျွန်းတိုက်မှာ
မေတ္တာပို့အဖွဲ့တို့၊ နိုင်ငံရေးလှုပ်ရှားသူတို့၊ ကျောင်းသားသမဂ္ဂ
သမိုင်းပြုစုတဲ့ မောင်အောင် ထွန်း၊ တွေ့ဆုံမေးမြန်းခဲ့သူတွေ၊ ဦးအုန်းမြင့်
လိုလူမျိုးတွေ၊ စိတ်တိုင်းကျ၊ ကိုရိုင်းလို ပုဂိ္ဂုလ်တွေ၊ ဦးဝင်းထိန်လို
ပုဂိ္ဂုလ် တွေနှင့် ကျွန်းတိုက်မှာ ပြန်ဆုံကြရတာပေါ့။ ၀င်းခတ်၊
အုတ်တံတိုင်း ကာထားတဲ့ ကျွန်းတိုက်မှာ ၁၀ ခန်းရှိပါ တယ်။ မောင်မိုးသူ တို့ ၅
ယောက်ကတော့ တစ်ခန်းခြား ၅ ခန်းပေါ့။ ကျန်တဲ့ ၅ ခန်းမှာ အရေးပါသူတွေဆိုရင်
တစ်ယောက်တည်း၊ အရေးမပါ လို့ယူဆသူများကို ၂ ယောက်၊ ၃ယောက် ထားပါတယ်။
အင်းစိန်တွဲဖက်ထောင် ကျွန်းတိုက်ထဲမှာ ရောက်လာသူများထဲက တရားစွဲ၊
ထောင်ကျရင် ထောင်ထဲပို့ပါတယ်။ ဦးဝင်းထိန်ထောင်ကျပြီး ကွဲထွက်သွားတယ်။
အဲဒီကျွန်းတိုက်မှာတော့တရား
မစွဲဘဲ
ပုဒ်မ ၅(ည)နှင့် ချုပ်ထားတဲ့ မောင်မိုးသူတို့ ၅ ယောက်ပဲ
ဘုတ်ကိုင်ထိုင်ပြီး ကျန်ရစ်ပါတယ်။ ပြန်စဉ်းစားကြည့်တော့ ကိုသိန်းတင်မှာ
အဲဒီမှာ ချုပ်ထားစဉ် ဆေးရုံတက်ရပြီး ဆုံးပါတယ်။ ဦးကျော်ဝင်းလွတ်ပြီး
မကြာခင်ဆုံးပါတယ်။ မောင်ဝံသလွတ်ပြီး အ တော်ကြာမှ ဆုံးပါတယ်။ ကျွန်းတိုက်မှာ
အတူနေခဲ့ရသူ ၅ဦးအနက် ယနေ့ထိ သက် ရှိထင်ရှားကျန်ရစ် သူက တော့ ဦးညီ
(ဦးအေးဝင်း)နှင့် မောင်မိုးသူတို့ပဲ ဖြစ်ပါတယ်။ ဦးညီတို့၊
မောင်မိုးသူတို့ကတော့ နိုင်ငံရေးလှုပ် ရှားမှု မှာ မပါဝင်ကြပေမယ့် ဒေါ်စုကို
ဝိုင်းဝန်းကူညီသူမို့ ၅(ည)နှင့်ဆွဲတယ်လို့ ဆိုပါတယ်။ တစ်လောက အရေးပေါ် ပုဒ်မ
၅(ည)ဟာ နိုင်ငံရေးလှုပ်ရှားသူတွေ ရှိနေတာတွေ ရှိနေလို့ ဖျက်သိမ်းဖို့
တင်ပြရာမှာ အဆိုရှုံးနိမ့်ခဲ့ပါတယ်။ အခုမောင်မိုးသူ ထိန်းသိမ်းခံနေရတာက
၅(ည)ဖြစ်ပါတယ်။ မောင်မိုးသူတို့ ဖမ်းဆီးထိန်းသိမ်းစဉ်က ၅(ည)ရဲ့
အချုပ်သက်တမ်းဟာ ၃ နှစ်ဖြစ်ပါတယ်။ မောင်မိုးသူတို့တစ်တွေ ထောင် ထဲ
ရောက်စမှာ ၅(ည)ရဲ့ အချုပ်သက် တမ်း ဟာ ၃ နှစ်ကနေ ၅ နှစ်တိုင်သွားပါတော့တယ်။
မောင်မိုးသူတို့ ၅ ယောက် တွဲဖက် ကျွန်းတိုက်ထဲမှာ ရောက်လာတဲ့ ရဲဘော်တွေ၊
ပြစ်ဒဏ်ရ၊ ထောင်ကျ။ ထောင် ကျတော့ ပြောင်းသွားရော။ နောက်ဆုံး
မောင်မိုးသူတို့ ၅ ယောက်ပဲ ကျန်ပါတော့တယ်။ ဒီ နေရာမှာ ထူးခြားတဲ့
အတွေ့အကြုံ ၂ ခုကြုံတွေ့ရပါတယ်။ တစ်ခုကတော့ ထောင်ထဲကိုရောက်တိုင်း
အမြဲဆုံတွေ့ရတဲ့ ဦးဝင်းတင် က မောင်မိုးသူအပေါ် အမြဲအနိုင်ယူ လေ့ရှိတာကတော့
သူဟာ အင်းစိန်ထောင်ထဲမှာ အထူးတိုက်အပါအ၀င် တိုက်ပေါင်းစုံ ရောက်ဖူး၊
အဆောင်လည်း ရောက်ဖူးတဲ့အပြင် စစ်ခွေးတိုက်တောင် ရောက်ဖူးကြောင်း ပြောလေ့
ရှိပါတယ်။ မောင်မိုးသူလည်း မခံချင်ဖြစ်လေတော့ ဘိုးတော် ခင်ဗျား
ထောင်ထဲရောက်မှ အမျိုးသမီးထောင် ၀ါဒါ တွေကို သိဖူး၊ တွေ့ဖူးသလားဆိုတော့
ဘယ်တွေ့ဖူးမှာလဲလို့ပြောပါတ
ယ်။ မောင်မိုးသူက ကျွန်တော် အမျိုး သမီး ထောင်ဝန်ထမ်း ၀ါဒါမတွေ ၄-၅ ယောက် တွေ့ဖူး၊ ခင်မင်ဖူးတယ်ဆိုတော့ သူက အံ့သြသွား တယ်ခင်ဗျ။
ဖြစ်ပုံက ဒီလိုပါ။
တွဲဖက်ထောင် ကျွန်းတိုက်ထဲမှာ မောင်မိုးသူတို့ ၅ ယောက်ပဲရှိတော့တာလေ။ထောင်စစ
်ကြောရေးစခန်းက
တွဲ ဖက်မှာရှိတယ်။ အဲဒီအချိန်တစ်နေ့မှာ ကျောင်းသားလှုပ်ရှားမှုဖြစ် တယ်။
ကျောင်းသား၊ ကျောင်းသူတွေ တော် တော်များများ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့
ကျောင်းသူတွေကို တွဲဖက်မှာခေါ်ပြီး စစ်ကြောရေး လုပ်ကြတယ်။ ချုပ်ဖို့အတွက်
၁၀ခန်းတွဲ ကျွန်းတိုက်မှာရှိတဲ့ မောင်မိုးသူတို့ ၅ယောက်ကို
ထောင့်စွန်းကိုပို့၊ ကျန်တဲ့ ၅ခန်းထဲကို စစ်ကြောရေးထုတ်တဲ့ ကျောင်းသူတွေကို
ထားစေ၊ အိပ်စေတာကိုး။ ကျွန်းတိုက်က အုတ်တံတိုင်း ပတ်လည် ရှိ တော့
လုံခြုံပါတယ်။ အမျိုးသမီး အဲလေ …ကျောင်းသူတွေထားရတော့ ကျွန်းတိုက်ဝင်းထဲကို
အစောင့်အမျိုး သား ထောင်ဝါဒါတွေ ထားလို့မဖြစ်တော့ဘဲ
အမျိုးသမီးထောင်ဝါဒါတွေပဲ ထားရတော့တာပေါ့။ ဒီတော့အဲဒီ ကျောင်းသူတွေကို
နေ့ရော၊ ညပါလာ စောင့်ရတဲ့ ထောင်ဝါဒါ အမျိုးသမီးတွေနှင့်
မောင်မိုးသူတို့တစ်တွေ သိ ကျွမ်းခင်မင်ခွင့်ရ သွားတာကြောင့် ဦးဝင်းတင်ကို
အနိုင်ယူ ကြွားဝါနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်းတိုက်ထဲမှာထူးခြားတဲ့
ဖြစ်စဉ်
၂ ခု ကြုံတွေ့ရတဲ့အထဲ တစ်ခုကတော့ မတ် လ၂၇ရက်နေ့၊ တပ်မတော်နေ့ မှာ
မောင်မိုးသူ ဆီးမသွားနိုင်တော့တဲ့ရောဂါ ရရှိတာပဲ ဖြစ်ပါတယ်။
မနက်မိုးလင်းကတည်းက မောင်မိုးသူ ဆီး လုံးဝမသွားပါ။ နေ့ခင်းကျ တော့
စိတ်ပူလာလို့ တွဲဖက်မှာ စစ်ပြေး ဆရာဝန်လေးတစ်ယောက် ကိုမေးမြန်း ဆေး
တောင်းတော့ ဆရာဝန်လေးက ဆီးဆေး ပေးပါတယ်။ အဲဒီဆီးဆေးသောက်လို့မှ ဆီးမသွားရင်
ထောင်ဆေးရုံ ကို အပို့ခိုင်း ပေတော့လို့ ဆိုပါတယ်။ ဆီးဆေးသောက်လည်း
ဆီးမသွားတော့ မောင်မိုးသူကို ည နေပိုင်း တွဲဖက်ကနေ ထောင်ဆေးရုံကိုပို့ပါ
တယ်။ ထောင်ဆေးရုံရောက်တော့ ဆီးကျိတ်ရောင်တာတဲ့။ ဆီးချူရမယ်တဲ့။
ထောင်ဆေးရုံမှာ ဆီးပိုက်ထည့်စရာ ဆီးအိတ်မရှိတော့ ဖြစ်သလိုပဲ တန်ဆာထဲ
ပလတ်စတစ်ပိုက်ထည့်၊ ပလတ် စတစ်ပိုက် ပြုတ်မကျအောင် တန်ဆာနှင့် ဆီးပိုက်ကို
တိတ်နှင့်ကပ်၊ ပလတ်စတစ်ပိုက်ရဲ့ အဆုံးကိုတော့ ဆေးရုံ က
ဂလူးကို့စ်ပုလင်းတစ်လုံးနှင
့် ချည်ထားရပါတယ်။ ဆီးပိုက်ထည့် လိုက်တော့မှ တစ်နေကုန်တစ်နေခန်း မသွား ရတဲ့ဆီးတွေ ကျလာပါတော့တယ်။
ထောင်ဆေးရုံမှာ တစ်ညအိပ်ပြီး နောက်နေ့ ရန်ကုန်ဆေးရုံကြီးကို ပို့ပါတယ်။
ရန်ကုန်ဆေးရုံကြီးကို မောင်မိုးသူ တစ်ယောက် ဆီးပိုက်တန်းလန်း ဂလူးကို့စ်
ပုလင်းကိုင်ပြီး ရောက်လာရတာဖြစ်ပါတယ်။ ရန်ကုန် ဆေးရုံကြီးဆီး ရောဂါဌာနက
ဆရာဝန်လေးတွေက ဆီးပိုက်ကို အဲဒီလိုပစ်စလက်ခတ် ထည့်ရသလားဆိုပြီး
မောင်မိုးသူကိုဆူ သေးတယ် ခင်ဗျ။ မောင်မိုးသူက ထောင်ထဲဆေးရုံကပါလို့
ပြောရပါတယ်။ ဒါနဲ့သူတို့က အစစ်အမှန် ဆီးပိုက်နှင့် ဆီးအိတ် ထည့်ရမယ်။
ဆေးရုံကြီးရဲ့ ထုံးစံအတိုင်း စရိတ်မျှပေးဆိုတော့ လူနာက ဆီးပိုက်နှင့်
ဆီးအိတ်ဖိုး ကျခံ ရမှာကိုး။ မောင်မိုးသူ ထောင်ထဲကလာတာဆိုတော့
ပိုက်ဆံတစ်ပြားမှမပါလို့ ဆရာဝန်လေးတွေကပဲ ဆီးပိုက် နှင့်ဆီးအိတ်ကို
ဒါနပြုကြပါတယ်။ အဲဒီတော့မှ ဆီးပိုက်နှင့် ဆီးအိတ်အစစ်ကို မောင်မိုးသူ
မြင်ဖူးရတာပါ။ ဆီး ပိုက်ကို ဆီးအိတ်ထဲထည့်ပြီး ဆီးပိုက်မှာပါတဲ့ အဆင့်
လေထိုးပေးလိုက်ရင် သုံးမြှောင့် ပုံသဏ္ဌာန်ရှိတဲ့ ဆီးကျိတ် ကို
ကျော်ဖြတ်ပြီး ဆီးအိမ်ကိုရောက်သွားလို့ ဆီးအိမ်ထဲ ရောက်သွားတဲ့
ဆီးပိုက်ရဲ့ထိပ်မှာ လေပူ ပေါင်းလေး ရှိတယ်။ အဲဒါလေထိုးလိုက်ရင် လေ၀င်ပြီး
ဆီးပိုက်က ဆီးအိမ်ထဲက ပြုတ် မကျတော့ဘူးပေါ့။ ဆီးပိုက်ရဲ့ အဆုံးမှာတော့
ပလတ်စတစ်အိတ်ပြားတစ်ခု ရှိပါတယ်။ အဲဒီပလတ်စတစ်အိတ်ပြားထဲကို ဆီးအိမ် ထဲက
ဆီးတွေကျတာပေါ့။ ပလတ်စတစ် အိတ်ရဲ့ဖင်မှာ အပိတ်ကလေးရှိပါတယ်။
ပလတ်စတစ်အိတ်ထဲမှာ ဆီးများ လာရင် အိမ်သာမှာ သွားဖွင့်ပေါ့။
မောင်မိုးသူဖြစ်ရတာက၊ ဆီးမသွားနိုင်တာက ဆီးကျိတ်ရောင် လို့ ဖြစ်ပါသတဲ့။
ဒါကြောင့် ဆီးကျိတ်ရောဂါကုသဖို့ မောင်မိုးသူ ဆေးရုံကြီး ဂါတ်ဝါ့ဒ် (Guard
Ward) မှာနေ၊ အပတ်စဉ်ဆီးနှင့် ကျောက်ကပ်ဆေးရုံ၊ ဂျပန်ဆေးရုံကို သွားပြီး
ဆေးကုသရပါတယ်။ နေရတာကတော့ ရန်ကုန်ဆေး ရုံကြီး ဂါတ်ဝါ့ဒ်မှာ ဖြစ်ပါတယ်။
ရှေ့အပတ်ဆက်ဖတ်ပါ
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment