အမျိုးသားပညာရေးဥပဒေ ပြင်ဆင်မှုအတွက် မတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စိုက်ပျိုးရေး (လှည်းတန်း) လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် ဗကသကျောင်းသူ မပိုပို (ခ)ရတနာဆုပိုပိုင်နှင့် ကိုဝင်းကျော့မှူးတို့ကို ကမာရွတ်မြို့နယ် တရားရုံး၌ ဧပြီ ၂၄ ရက်က ဒုတိယအကြိမ် ရုံးထုတ်ရာတွင် ၎င်းတို့နှင့်အတူ တရားစွဲဆို ခံထားရသော ကျောင်းသားခေါင်းဆောင်အချို
ကျောင်းသူ မပိုပို(ခ)ရတနာပိုပိုင်ကို သန်လျင်မြို့နယ်ရှိ နေအိမ်တွင် ဖမ်းဆီးခဲ့ကာ ကိုဝင်းကျော့မှူးကို ကမာရွတ် မြို့နယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကမာရွတ်ရဲစခန်းမှ ဗ.က.သ ကျောင်းသား ခေါင်းဆောင် ကျော်ကိုကို၊ ဂျိမ်း(ခ)လင်းထက်နိုင်၊ သက်ခိုင်စိုး၊ နန္ဒာစစ်အောင် တို့နှင့်အတူ ပုဒ်မ ၅၀၅ (ခ)၊ ၁၄၃၊ ၁၄၇၊ ၁၄၅ တို့ဖြင့် ကမာရွတ်မြို့နယ် ရဲမှူးဇော်ဝင်းက တရားလိုပြုလုပ်ကာ တရားစွဲဆို ထားခြင်းဖြစ်သည်။
““အမှုကတော့ စစ်ဆေးလို့ မရသေးပါဘူး။ ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကျော်ကိုကို သက်ခိုင်စိုး၊ ဂျိမ်း(ခ)လင်းထက်နိုင်တို့န
ဗ.က.သ ကျောင်းသားခေါင်းဆောင် ကျော်ကိုကို၊ ဂျိမ်း(ခ)လင်းထက်နိုင်၊ သက်ခိုင်စိုးတို့မှာ ယနေ့အချိန်ထိ လွတ်မြောက် နေဆဲဖြစ်ပြီး မပိုပို(ခ) ရတနာဆုပိုပိုင်၊ ကိုဝင်းကျော့မှူးတို့ကို အင်းစိန်အကျဉ်းထောင်၌ ထိန်းသိမ်းထားကာ ကိုနန္ဒာစစ်အောင်ကို သာယာဝတီအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။ မပိုပို(ခ) ရတနာဆုပိုပိုင်နှင့် ကိုဝင်းကျော့မှူး တို့ကို ကျောင်းသားခေါင်းဆောင်အချို
အလားတူ မြင်းခြံမြို့၌လည်း မတ်လ ၂၇ ရက်က လက်ပံတန်းမြို့နယ် အကြမ်းဖက် ဖြိုခွင်းခံရမှုတွင် ဖမ်းဆီး ထားသော ကျောင်းသားများ ကို ပြန်လွှတ်ပေးရန် ဆန္ဒထုတ်ဖော်မှုတွင် ဖမ်းဆီးခံထားသော မဖြူ (ခ) မခင်သန္တာထွန်း၊ ဦးဉာဏ်မြင့်သန်း၊ ကိုစည်သူမြတ်၊ ဦးစိန်ဝင်း အပါအ၀င် ၁၀ ဦးရှိရာ ၄ ဦးမှာ လွတ်မြောက် နေ သည့်အတွက် ၎င်းတို့ကို ပုဒ်မ ၁၄၇ ၊၁၄၅၊၅၀၅(ခ) တို့ဖြင့် မြင်းခြံမြို့နယ် တရားရုံးတွင် တရားစွဲဆို ထားပြီး ဖမ်းဆီး ထိန်းသိမ်းထားသူများကို ဒုတိယအကြိမ် ရုံးထုတ်ခဲ့သော် လည်း မေလ ၄ ရက်သို့ ရုံးချိန်းထပ်မံချိန်းဆို ထားသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်လွင်က ဧပြီ ၂၇ ရက်က မြန်မာသံတော်ဆင့် သို့ ပြောသည်။
မတ်လ ၂၇ ရက်က မြင်းခြံမြို့တွင် လက်ပံတန်းမြို့နယ် အကြမ်းဖက်ဖြိုခွင်း ခံရမှုတွင် ဖမ်းဆီးခံ ထားသော ကျောင်းသားများ ပြန်လည် လွတ်မြောက်ရေး ဆန္ဒပြမှုတွင် မဖြူ(ခ)မခင်သန္တာထွန်း၊ ဦးဉာဏ်မြင့်သန်း၊ ကိုစည်သူမြတ်၊ ဦးစိန်ဝင်း အပါအ၀င် ၀န်းရံသူများနှင့် ရပ်ကြည့်ပြည်သူ စုစုပေါင်း ၁၀ ဦး တရားစွဲဆိုခံရပြီး ၆ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားကာ ၄ ယောက်မှာ လွတ်မြောက်နေဆဲဖြစ်၍ ၎င်းတို့ကို မြင်းခြံမြို့နယ် ရဲစခန်းယာယီ ရဲမှူးဦးဝင်းတင်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
““ရုံးချိန်းထပ်ချိန်းတာပါ။
ရုံးထုတ်စစ်ဆေးမှုနှင့် ပတ်သက်၍ ““ရုံးထုတ်တုန်းကတော့ ဘာမှမဖြစ်ပါဘူး။ မြင်းခြံထောင်ကြီးချုပ်ကနေ ရုံးချိန်း လာယူပြီးတော့ ပြန်ပို့လိုက်တာပါ။ ရုံးထုတ်တာကို လာကြည့်ကြတဲ့သူတွေနဲ့ လူစုလူဝေးနည်းနည်း ဖြစ်သွား တာပဲ ရှိပါတယ်””ဟု မဖြူ(ခ)မခင်သန္တာထွန်း ၏ခင်ပွန်း ကိုမိုးထွန်းက ဧပြီ ၂၇ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြော သည်။
သူရိန်ကျော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment