Monday, April 27, 2015

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေကို အပြစ်မတင်ရန် ကုလသမဂ္ဂကို အိန္ဒိယတိုက်တွန်း

ဧပြီ ၂၇။       ။ အိန္ဒိယနိုင်ငံ ကမြန်မာနိုင်ငံ သည်ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ရောက်နေ ၍မြင့်တင်ပေး ရာရောက် ရန်မြန်မာနိုင်ငံ၏ လူအခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီးနှစ်စဉ်ထုံးစံလို ဆုံးဖြတ်ချက်မှတ်နေခြင်းကို ရုတ်သိမ်းရန်ကုလသမဂ္ဂအား အိန္ဒိယ လွှတ်တော်အမတ်က တိုက်တွန်း လိုက်ကြောင်း အိန္ဒိယဒေါ့ကွန်းတွင် ဧပြီ ၂၆ ရက် ကဖော်ပြသည်။

h 51727441

မြန်မာအစိုးရက ရခိုင်ဒေသတွင် အကြမ်းဖက်မှုများမှ ဥပဒေစိုးမိုးရေးကို လုပ်ဆောင်ခဲ့ သကဲ့သို့ ကုလသမဂ္ဂနှင့် အခြားသော လူ့အခွင့် အရေးအေဂျင်စီ များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း တို့ကို လည်းပြသခဲ့သည်ကို မှတ်ချက်ပေး လျက်မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ အရေးဆိုင်ရာ မိတ်ဖက်အုပ်စု အစည်းအဝေးတွင် အိန္ဒိယလွှတ်တော်အမတ် ကူးမားမာကာဂျီ ကပြောခဲ့သည်။

"မြန်မာနိုင်ငံရဲ့ နှစ်စဉ် လူအခွင့်အရေး အစီရင်ခံစာတွေကို ဆက်လက် မထုတ်တော့ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်" ဟုမြန်မာနိုင်ငံ ၏နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အခြေအနေ ကိုထောက်ပြ လျက်ပြောခဲ့သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာကို ဒီဇင်ဘာလအတွင်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထုတ်ပြန်ခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment