ရန်ကုန်၊ ဧပြီ ၃၀
မန္တလေးမြို့တွင် ပထမဆုံးအကြိမ် စည်ပင်သာယာ ကိုယ်စား လှယ်ရွေးကောက်ပွဲကို မေလ ၃ရက်တွင် ပြုလုပ် မည်ဖြစ်ရာ မန္တလေးစည်ပင် သာယာရေး ကိုယ်စားလှယ်ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူများ စာရင်းကို ပိတ် လိုက်ပြီ ဖြစ်သည့်အတွက် မဲပေးခွင့်ရှိသည့် အိမ်ထောင်စုပေါင်း တစ်သိန်းနှစ် သောင်းကျော် အနက် နှစ်ေ သာင်း ကျော်မှာ မဲပေးခွင့်ရှိတော့မည် မဟုတ်ကြောင်း စည်ပင်ရွေးကောက် ပွဲကော်မရှင်၏ မဲပေးခွင့်ရှိသူများ စာရင်းများတွင် ဖော်ပြပါရှိသည်။
စည်ပင်ရွေးကောက်ပွဲ အတွက် မဲပေးခွင့်ရာတွင် အိမ်ထောင်စု ဇယားတစ်ခုလျှင် အိမ်ထောင် ဦးစီးသို့မဟုတ် အသက် ၁၈နှစ် ပြည့်ပြီးသူတစ်ဦးက မဲပေးခွင့်ရှိ ကြောင်းသတ်မှတ်ထားပြီး လက်ရှိ
မဲပေးခွင့်ရှိသည့် အိမ်ထောင် စု စုစုပေါင်း ၁၂၀၄၀၃ ရှိသည့်အနက် ကိုးသောင်းကိုးထောင်ကျော်သာ မဲပေးရာတွင် ပါဝင်ခွင့်ရရှိပြီး ယခု စည် ပင် ရွေးကောက်ပွဲအတွက်မဲ စာရင်းများပိတ်သိမ်းချိန်တွင် ကျန်ရှိသည့် အိမ်ထောင် စုပေါင်း နှစ်ေ သာင်း ကျော်မှာ စည်ပင်ရွေး ကောက်ပွဲကော်မရှင်က မဲပေးနိုင်သူများကို စာရင်းကောက်ခံရာတွင် မပါဝင်သည့် အတွက် မဲပေးခွင့်ရရှိတော့မည် မဟုတ်ပေ။…
မဲပေးနိုင်သူများစာရင်းနှင့် ပတ်သက်၍ ““မဲပေးနိုင်မယ့် အိမ်ထောင်စုပေါင်းက တစ်သိန်းကျော် လောက်ရှိ တယ်။ တစ်သိန်းကျော် ရှိတာကို ကိုးသောင်းကျော်က မဲပေးတယ်။ မဲပေးဖို့ဆန္ဒမရှိပေမယ့် အိမ်ထောင်စု တစ်စုမှာ အသက်၁၈ နှစ်ပြည့်ပြီးတဲ့ လူတိုင်းမဲပေးလို့ရတယ်””ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင် မောင်ကျော်က ဧပြီ ၃၀ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
စည်ပင်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းပြုစုရာတွင် အချိန်သုံးလအတွင်း အပြီး ကောက်ခံခဲ့ခြင်းဖြစ်ပြီး ကော်မရှင်၏ လိုအပ်ချက်၊ မဲဆန္ဒရှင်များ၏ စိတ်ပါဝင်စားမှု အားနည်းခြင်း စသည့် အချက်များကြောင့် မဲပေးခွင့်ရှိသူများမှ မဲဆန္ဒရှင် ၂သောင်းကျော်မှာ မဲပေးခွင့်ဆုံးရှုံးခဲ့ရကြောင်း ရွေးကောက် ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများက သုံးသပ်ပြောဆိုမှုများရှိသည်။
““စိတ်ဝင်စားမှုနည်းတယ်ဆိုတော့ အန်တီ့အမျိုးတွေထဲမှာတောင် မဲပေးမယ့်လူတွေ အများကြီး ရှိသေးတယ်။ လာကောက်တုန်းက သူတို့ဆီကို လာကောက်တဲ့လူ မရောက်တာရော၊ မဲပေးမယ်ဆိုပြီး ဆန္ဒမပြုလိုက်တာရော၊ မဲပေးမယ့် လူကပုံစံဖြည့်ရတယ်။ ပုံစံ(၂)ဖြည့်ရတယ်။ အိမ်ထောင်စု ဇယားထဲက ဘယ်သူမဲပေးမလဲ ဆိုတာကို အဲဒါတွေကို မဖြည့်လိုက်တဲ့ လူတွေ လည်းရှိတာပေါ့။ သူတို့က သင်္ကြန်မတိုင်ခင်က လုပ်ထားတာ ဆိုတော့ ကော်မရှင်ကလုပ်ရတာ နည်းနည်းကြပ်တာပေါ့။ သင်္ကြန်ပိတ်ရက်နဲ့ ဆိုတော့။ သုံးလအပြီးလုပ်ရမှာ ဆိုတော့ သူတို့လည်းအပြီး လုပ်ရမှာ။ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့လည်း လိုအပ်ချက်တွေ ရှိသွားတာပေါ့။ အန်တီ တို့ အမျိုးတွေဆိုတာကလည်း နည်းနည်းအလှမ်းဝေးနေတယ်။ မဲပေးဖို့ လှုံ့ဆော်မှုတွေ ရမှငါတို့တော့ မဲပေး မယ်ဆိုပြီးတော့ အဲဒီတော့ မဲစာရင်းထဲမှာ ပါပြီလား မေးတော့ငါတို့ဆီမှာ လာမကောက်ဘူး။ အခုမှတော့ လုပ် လို့မရဘူးလေ။ မဲစာရင်းက ပိတ်လိုက်ပြီ””ဟု ချမ်းအေးသာစံ မြို့နယ်မှ စည်ပင်ရွေးကောက်ပွဲ ၀င်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါ်ခင်လေးမြင့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ ယင်းရွေးကောက်ပွဲ ၀င်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲဝင်ရန် မဲဆွယ်စည်းရုံးမှုများ ပြုလုပ် ရာတွင် ကော်မရှင်ထံမှ ခွင့်ပြုချက်ယူရန် မလိုဘဲ အသိပေးရန်သာလိုအပ်ပြီး မဲပေးရသည့်ရက်များတွင် မဲရုံနှင့် ကိုက်(၅၀၀)အတွင်း မဲဆွယ်မှုများ မပြုလုပ်ရန် သတ်မှတ်ထားသည်။
မန္တလေးစည်ပင် သာယာရေး ကိုယ်စားလှယ်ရွေးကောက်ပွဲကို မြို့နယ် (၆) မြို့နယ်တွင်ယှဉ်ပြိုင် ရွေးချယ် သွားမည်ဖြစ်ပြီး ချမ်းမြသာစည်မြို့နယ်မှ ၃ဦး၊ အမရပူရမြို့နယ်မှ ၃ဦး၊ ပြည်ကြီးတံခွန် မြို့နယ်မှ ၂ဦး၊ မဟာ အောင်မြေ မြို့နယ်မှ ၁ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း (၁၃)ဦး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ ယင်းမြို့ နယ် အားလုံးတွင် ထားရှိမည့် မဲရုံစုစုပေါင်း (၁၄၇)ရုံ ဖြစ်သည်။
ယုဖြူဟန်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment