Friday, May 1, 2015

ဘုရားကျောင်းပိုင်မြေတွင် တိုင်းအစိုးရခွင့်ပြုထားသော Green Delta ဆောက်လုပ်ရေးကုမ္ပဏီ လုပ်ကိုင်နေမှုအား တားဆီးပေးရန် စာတင်ထား

 ပုသိမ်၊ ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ်(၄)ရပ်ကွက်၊ မြေနုလမ်းနှင့် ကုန်သည်လမ်းထောင့် ရှိမြေနေရာ၌ ၂၀၁၁ခုနှစ်က မီးလောင်ကျွမ်း ခဲ့ပြီးနောက် ပြည်ထဲ ရေး ၀န်ကြီးဌာနက ပြည်သူပိုင်မြေအဖြစ် သိမ်းဆည်းထား ခဲ့ခြင်းကို ၂၀၁၅ခုနှစ် မတ်လ (၂၀)ရက်တွင် ပြန်လည် ပယ်ဖျက်ပေးလိုက်သော် လည်းယင်းမြေနေရာကို ဧရာတိုင်း အစိုးရက Green Delta ဆောက်လုပ်ရေးကုမ္ပဏီအား ဆက်လက်လုပ် ကိုင်ခွင့်ပေး ထားခြင်းကို တားဆီးရန် တိုင်းအစိုးရထံ အသိပေးအကြောင်းကြား စာပေးပို့ထားကြောင်း သန်ဒါယူဒါပါနီနာ ဘုရားကျောင်း ဂေါပက အဖွဲ့တာဝန်ခံ ဦးသောင်းညွန့်က ဧပြီ ၂၉ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူပိုင်မြေအဖြစ် ၂၀၁၁ခုနှစ်က သိမ်းယူခဲ့သည့် ယင်းမြေနေရာတွင် (၆)ထပ် အဆောက် အဦး ဆောက်လုပ်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၄ခုနှစ်အတွင်းက တင်ဒါခေါ်ယူခဲ့ရာ Green Delta ဆောက် လုပ်ရေးကုမ္ပဏီက တင်ဒါကြေးကျပ်သိန်းပေါင်း တစ်သောင်းဖြင့် အောင်ြ မင် ကာ လုပ်ကိုင်ခွင့်ရရှိခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် မတ်လ(၂၀) ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ယင်းမြေနေရာ ကို ပြည်သူပိုင်မြေ အဖြစ်မှ ပယ်ဖျက်ပေးလိုက်သော်လည်း တိုင်းအစိုးရက ဆက်လက် လုပ်ကိုင် ခွင့် ပြုထားသည့် အတွက် ယခုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။…

““ပုသိမ်မြို့ သန်ဒါယူဒါပါနီနာတူကို တိုက်ချစ်တီးဘုရားကျောင်းပိုင် မီးလောင်ပြင်နေရာ ၀.၁၁၈ ဧကအပါအ၀င် မြေဧရိယာ ၀.၂၂၄ ဧကအား ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၉၈၇ခုနှစ်တွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေပုဒ်မ ၆(ခ)အရ ၂၀၁၁ခုနှစ် ဇွန်လ (၁၂)ရက် နေ့က ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းကြောင်း အမိန့်ထုတ်ထားပါတယ်။ အဆိုပါအမိန့်ကို ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့၂၂/၂၀၁၄ အစည်း အဝေးဆုံးဖြတ်ချက်အရ ပယ်ဖျက်လိုက်ကြောင်း ၂၀၁၅ မတ်လ ၂၀ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာ နကနေ အမိန့်ထုတ်ထားပါတယ်။ ဒါကြောင့် ပြည်သူပိုင်သိမ်းစဉ် ကာလအတွင်း ၂၀၁၄ ခုနှစ် ဇွန်လက မီး လောင်ပြင်တွင် အဆောက်အဦး ဆောက်လုပ်ရန် ဧရာဝတီတိုင်းအ စိုးရမှတင်ဒါခေါ် ယူထားသော ကန်ထရိုက် အဖွဲ့သည် အဆိုပါ အမိန့်အရ အလိုအလျောက်ပျက် ပြယ် သွားပြီဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ဒီအတိုင်းပဲ တိုင်းအစိုးရအဖွဲ့ကို ပြီးခဲ့တဲ့ ဧပြီ (၂၇)ရက်နေ့မှာ ဂေါပကအဖွဲ့က စာတစ်စောင်တင်ပြထားပါ တယ်””ဟု သန်ဒါယူဒါပါ နီနာဘုရားကျောင်း ဂေါပက အဖွဲ့ တာဝန်ခံ ဦးသောင်းညွန့်က ပြောသည်။

အဆိုပါ မီးလောင်ပြင်နေရာ အပါအ၀င် ပတ်ပတ်လည်ရှိဧရိယာ (၀.၂၄၄)ဧကမှသန်ဒါယူဒါပါနီ နာ တူကိုတိုက် ချစ်တီးဘုရား ကျောင်း ပိုင်မြေနေရာဖြစ်ပြီး ပြည်သူ့ဘဏ္ဍာ အဖြစ်သိမ်းဆည်းခံရပြီးနောက် ဘုရားကျောင်း ဂေါပက များနှင့် ဟိန္ဒူဘာသာရေးအဖွဲ့များ၏ ကြိုးပမ်းမှုကြောင့် ပြည်ထောင်စုအစိုးရ အဖွဲ့၏၂၂/၂၄ အစည်း အဝေး ဆုံးဖြတ်ချက်အရ အဆိုပါ ဧရိယာ (၀.၂၄၄)ဧကအားလုံးအား ပြည်သူ ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းအား ပယ် ဖျက်လိုက်ကြောင်း၊ ၂၀၁၅ ခုနှစ်၊ မတ်လ(၂၀)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အမိန့်ကြေညာစာ တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ယင်းမြေနေရာကို ပြည်သူပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ပြီးနောက်တွင် တိုင်းဒေသကြီးအစိုးရ ကစီမံပိုင်ခွင့်ရရှိခဲ့ရာ ယင်းမြေနေရာ တွင် ဆောက်လုပ်ခွင့်တင် ဒါခေါ်ယူချိန်တွင် Green Delta ကုမ္ပဏီက ၂၀၁၄ ခုနှစ် ဇွန်လတွင် တင်ဒါ အောင်မြင်ကာ လုပ်ကိုင်ခွင့်ရရှိကြောင်း ၂၀၁၅ ခုနှစ် မတ်လတွင် တိုင်းအစိုးရထံမှ အကြောင်းကြား စာရရှိခဲ့ကြောင်း Green Delta ကုမ္ပဏီဥက္ကဋ္ဌဦးစိုးနိုင်က မြန်မာသံတော်ဆင့်သို့ပြောသည်။

ယင်းမြေနေရာ ဆောက်လုပ်ခွင့်နှင့် ပတ်သက်၍ ““ ဆောက်လုပ်ခွင့်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တိုင်းဒေသ ကြီး အစိုးရကိုကျပ်သိန်း တစ်သောင်းလှူရပါတယ်။ ၀န်ကြီးချုပ်ဦးဆောင်တဲ့ ဧရာဝတီ ဖွံ့ဖြိုး ရေး ဖောင်ဒေးရှင်း ကို ကျပ်သိန်းငါးရာလှူရပါတယ်။ ချစ်တီးဘုရားကျောင်းကို သိန်းနှစ်ရာလှူဖို့ မှန်း ထားပါတယ်။ ကျန်တာတွေကတော့ စည်ပင်က အမှိုက်ကားဝယ်ဖို့နဲ့ သင်္ကြန်အတွက် အလှူခံလို့ သိန်းတစ်ရာ့ ငါးဆယ် ထည့်လိုက်ရပါ တယ်”” ဟု Green Delta ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးနိုင်ကပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဧရာတိုင်းအစိုးရကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများ အစည်းအဝေးပြု လုပ်နေသည့်အတွက် မေးမြန်းခွင့်မရခဲ့ပေ။

ရဲရင့်ထွန်း(ပုသိမ်)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment