Friday, May 1, 2015

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် ပတ်သက်၍ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့် တိုင်းနှင့်ပြည်နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်များတွေ့ဆုံ

 ရန်ကုန်၊ ဧပြီ ၃၀

လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ပြည်နယ်/တိုင်းမှ NLD အလုပ်အမှုဆောင်အဖွဲ့တို့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ဧပြီလ ၂၉ရက်မှ မေလ ၇ရက်အထိ တွေ့ဆုံမည်ဖြစ်ပြီး ဧပြီလ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧပြီလ ၃၀ရက် တွင် မြန်မာသံတော်ဆင့် သို့ပြောသည်။

ဧပြီလ ၂၉ ရက် မနက်တွင် ဧရာဝတီတိုင်းဒေသကြီး အလုပ် အမှု ဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ညနေတွင် မွန်ပြည်နယ် အလုပ်အမှုဆောင်များ၊ ဧပြီ ၃၀ရက်နံနက်တွင် မန္တလေးတိုင်း အလုပ်မှုဆောင်များ၊ ညနေတွင်
စစ်ကိုင်းတိုင် အလုပ်အမှုဆောင် များတို့ဖြင့် တွေ့ဆုံခဲ့ပြီး NLD နာယကသူရဦးတင်ဦး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်တို့ တက်ရောက်ခဲ့သည်။…

““ဒီဟာကဥက္ကဋ္ဌတွေနဲ့ CEC တွေနဲ့အားလုံး အညီအညွတ် မတွေ နိုင်တာ နည်းနည်း ကြာသွားပြီလေ။ အဲဒါ ကြောင့်တိုင်းနဲ့ပြည်နယ် အားလုံးရဲ့ အလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့တွေ့ ကြတာပါ။ ကိစ္စကဘာလဲလို့ဆိုရင်တော့ လာမယ့်ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်နိုင်တာတွေ လုပ်နိုင်အောင် လို့ပါ”” ဟု (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မြန်မာသံတော်ဆင့် သို့ ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဗဟိုရွေးကောက် ပွဲ အောင်နိုင်ရေး အဖွဲ့ကို အဖွဲ့ချုပ်နာယက သူရဦးတင်ဦးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်ကာ အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖေဖော် ၀ါရီလ ၉ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment