နေပြည်တော် (မဇ္ဈိမ) ။ ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်အား တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဟု ဧပြီလ ၃၀ ရက်စွဲဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်လိုက်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏၂၀၁၁ခုနှစ်၊ ဧပြီလ ၁၉ ရက်စွဲပါ အမိန့်ကြော်ညာစာအမှတ် (၁/၂၀၁၁)ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သော ဒေါက်တာနေဇင်လတ်အား တာဝန်မှအနားယူခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသော်လည်း မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
နိုင်ငံတော်သမ္မတရုံးညွန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဌေးက "ကာယကံရှင်ကိုမေးလိုက်ပါ၊ သူရဲ့ လူမှုကွန်ရက်မှာလည်းတင်ထားပါတယ်’’ ဟု တယ်လီဖုန်းမှတစ်ဆင့် မဇ္ဈိမကို ဖြေကြားသည်။
Credit - Mizzima News
No comments:
Post a Comment