ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့်
ရခိုင့်တပ်မတော် Arakan Army တို့အကြား ဖြစ်ပွားလျက်ရှိသည့်
တိုက်ပွဲများကို ရည်ညွှန်းလျက် တိုက်ပွဲများနှင့် ရန်လိုမှုများ
ရပ်ဆိုင်းကြရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဧပြီလ ၂၇ ရက်တွင်
ထုတ်ပြန်သည်။

တိုက်ပွဲများကြောင့် အရပ်သားများ၏ လုံခြုံရေးကို အာမခံချက်ပေးရန်နှင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရန်လည်း အမေရိကန်သံရုံးက တောင်းဆိုသည်။
" တာဝန်ရှိသူအားလုံးကို ရန်လိုမှုများရပ်ဆိုင်းကြရန်၊ အရပ်သားများ ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးနိုင်ရန်နှင့် လိုအပ်သမျှသော လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော စံနှုန်းများနှင့်အညီ အချိန်မီ ထောက်ပံ့ဖြန့်ဖြူးနိုင်ရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုပါသည်" မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြသည်။
"ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် Arakan Army တို့ကြား လတ်တလောဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ရာနှင့်ချီသော ရခိုင်အရပ်သားများ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုသတင်းများ သိရှိရသည့်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် စိုးရိမ်ပူပန်မိပါသည်" ဟုလည်း ရေးသားထားသည်။
Credit - Mizzima News
No comments:
Post a Comment