ရန်ကုန်၊ဧပြီ ၂၅။ ။ ပြည်တွင်း၊ ပြည်ပ သစ်ချောထည်လုပ်ငန်းများ၏ သစ်ကုန်ကြမ်းလိုအပ်ချက်အရ ကျွန်းသစ်လုံးနှင့် သစ်မာ တန်ချိန် တစ်သောင်း ငါးကျော်ရောင်း ချပေးမည် ဟုမြန်မာ့ သစ်လုပ်ငန်း၊ပြည်ပရောင်း ၀ယ်ရေးနှင့် သစ်စက်ဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
“ပြည်ပအရောင်း ဆိုပေမယ့်ပြည်တွင်းလုပ်ငန်း ရှင်တွေလည်း တင်ဒါဝင်ဆွဲလို့ ရပါတယ်၊ပြည်ပ လုပ်ငန်းတွေကို ရည်ရွယ်တဲ့ အတွက်တော့ဒေါ်လာငွေကြေးနဲ့ပဲ အဓိကရောင်းချပေးမှာပါ၊ သစ်မျိုးစုံပါတယ်” ၄င်းကပြောသည်။
ယခုတင်ဒါတွင်ကျွန်းသစ်လုံး ၁၆၅၀တန်၊ကျွန်းခွဲသား(ဓါးရွှေ) ၃၈၆ တန်၊ ပိတောက်နှင့် တန်မလန်းသစ်လုံး ၃၀၀ တန်၊ ပျဉ်းကတိုး၊ အင်ကညင်၊ သစ်ယာ၊ သင်း ၀င်း၊ အင်ကြင်း၊ နော်၊ သရက်၊ စစ် အစရှိသောသစ်မာ
သစ်လုံး ၁၁၃၀၁ တန်၊ ပိတောက်/တမလန်း /သင်းဝင် /ဓားရွှေ ၁၃၉၈ တန်တို့ကို ဧပြီလ ၂၄ ရက်နေ့နှင့် ၂၇ ရက်နေ့တွင် ကြို့ကုန်း သစ်တောဝင်း တွင်ရောင်းချပေး မည်ဖြစ်ကြောင်း လည်းမြန်မာ့ သစ်လုပ်ငန်း ကပြောသည်။
၂၀၁၃ ခုနှစ်ကစပြီး အစိုးရမှ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းထားခြင်းကြောင့် တင်ဒါအောင်ကုမ္ပဏီအနေဖြင့် သစ်လုံးများအား ခွဲစိတ်ဖြတ်တောက် ပြီးမှသာလျှင်ပြည်ပ တင်ပို့နိုင်မည် ဟုမြန်မာသစ် လုပ်ငန်း တာဝန်ရှိ သူများ ကပြောသည်။
တင်ဒါ အဓိပတိလေလံကြေး အဖြစ် ပြည်ပ ကုမ္ပဏီ များအတွက် အမေရိကန်ဒေါ် လာငါးထောင် သတ်မှတ်ထားပြီး၊ပြည်တွင်း ကုမ္ပဏီများအတွက် ကန်ဒေါ်လာ သုံးထောင် သတ်မှတ်ထား သည်ဟုလည်း ဆိုသည်။
တင်ဒါဖောင်တစ်စောင်လျှင် ကျပ်တစ်သောင်းသတ်မှတ်ထားပြီး တင်ဒါလေလံအား ကျပ်ငွေအပြင်ဒေါ်လာဖြင့် လည်းပေး သွင်းနိုင် မည်ဖြစ်သည်။
မြန်မာသစ်လုပ်ငန်းမှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အတွက် ကျွန်းသစ်လုံး၊ သစ်ခွဲသားနှင့် သစ်မာသစ်လုံး၊ သစ်ခွဲသား တန်ချိန် ငါးသိန်းကျော် အထိရောင်း ချရန်ရည် မှန်းထားပြီးပြည်ပအရောင်းအတွက် တန်ချိန်နှစ်သိန်း ထုတ်ရောင်းပေး သွားမည်ဟုမြန်မာ့ သစ်လုပ်ငန်းပြည်တွင်း အရောင်းနှင့် သစ်စက်ဌာန တာဝန်ရှိသူများ ကပြောသည်။
Credit - Mizzima News
No comments:
Post a Comment