~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသော ပိုင်နက်နေရာ စပရက်တလီကျွန်းစုအတွင်းရှိ ဒေသများကို တရုတ်က ယင်းတို့ ပိုင်ဆိုင်ကြောင်း ပြသနေသည့် လုပ်ရပ်များက အာရှပစိဖိတ်ဒေသတစ်ဝိုက် စိုးရိမ်မှုများ ကို မြင့်တက်စေခဲ့သည်။ တရုတ်က တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု အခိုင်အမာပြော
ကြားနေသောကြောင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့အပါအ၀င် အခြား အာရှနိုင်ငံပေါင်းများစွာနှင့် အငြင်းပွားလျက် ရှိနေဆဲဖြစ်သည်။
တရုတ်နိုင်ငံတွင် နေ့စဉ်နှင့်အမျှ ဆိုသလိုပင် အဂတိလိုက်စားမှုများကို ထိရောက်စွာ နှိမ်နင်းမှုတွေနှင့်အတူ ပါတီ အကြီးအကဲ အပါအ၀င် အဆင့်မြင့်ရာထူးပိုင်ရှင်တွေကို အရေးယူ အပြစ်ပေးနေသည်ကို လည်း နေ့ စဉ်မြင် တွေ့ကြားသိနေရသည်။ ယင်းလုပ်ရပ်အပေါ်မှာလည်း နိုင်ငံအတော်များများက အဂတိလိုက်စားမှု တိုက်ဖျက် ရေးခေါင်းဆောင် တရုတ်သမ္မတကြီး ရှီကျင့်ဖျင်၏လုပ်ရပ်ကို ချီးမွမ်းသြဘာပေးမှုတွေလည်း ရှိနေ သည်။
သမ္မတကြီးရှီကျင့်ဖျင် သမ္မတတာဝန်ယူခဲ့သည့် အချိန်မှစပြီး ၂ နှစ်တာကာလ အတွင်း အဂတိလိုက်စား မှု နှိမ်နင်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ချက်များစွာထဲက အချို့ကို အောက်ပါအတိုင်းတွေ့ရှိရသည်။…
(၁) သမ္မတရှီကျင့်ဖျင်အား အဟုန်ပြင်းသော ထိုးစစ်ဖြစ်ပေါ်စေမှု
● What drives Xi?
တရုတ်နိုင်ငံပိုင် သတင်းမီဒီယာများက သမ္မတရှီကျင့်ဖျင်၏ လုပ်ရပ်ကို ထောက်ခံကြသည်။ အကြောင်းအရာ အတော်များများတွင် အငြင်းပွားစရာ အခြေအနေဘက်က ရပ်တည်နေသည့် အမေရိကန်အပါအ၀င် အနောက် အုပ်စုနိုင်ငံများက ရှီကျင့်ဖျင်ကို မျက်စပစ်ကြသည်။
အချက်အလက်ပေါင်းများစွာက တရုတ်နိုင်ငံတွင် အဂတိလိုက်စားမှုသည် တဖြည်းဖြည်း နိုင်ငံကို ၀ါးမျိုလာပြီး ဒီအတိုင်း ဆက်လက်ထားရှိမယ်ဆိုလျှင် ကျွန်တော်တို့ ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ကြီး ကျဆုံးတော့မယ်။ အဲဒီတော့ ကျွန်တော်တို့ အားလုံး အဂတိလိုက်စားမှု ဘေးဆိုးကြီးအတွက် နိုးနိုးကြားကြားရှိဖို့ လိုမည်ဖြစ် ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ တရုတ်ပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူစဉ်မှာပဲ ရှီကျင့်ဖျင် ပြောကြားခဲ့သည်။
ထိုအချိန်ကစတင်ပြီး တရုတ်ပြည်တော်လှန်ရေး၏ အစဉ်အလာရှိသည့် မျိုးဆက်တစ်ဦးဖြစ်သည့် ရှီကျင့်ဖျင် သည် အဂတိလိုက်စားမှုကို ဇွဲလုံ့လနှင့် စတင်တိုက် ဖျက်လေတော့သည်။
မစ္စတာရှီ ကတိပေးထားသည်မှာ “Catch both tigers and Flies” ကျားရော ယင်ကောင်ပါ ဖမ်းမိရေးဖြစ်သည်။ အဆင့်မြင့်မြင့် ရာထူးကြီးကြီး ပါတီအကြီးအကဲပင်လျှင် ပြစ်မှုထင်ရှားလျှင် မလွတ်စေရဟူ၍ဖြစ်သည်။
● Tigers and Flies
ကျားနှင့် ယင်ကောင်များ
အောက်ခြေအစိုးရ၀န်ထမ်း လာဘ်စားသည်မှ ကွန်မြူနစ်ပါတီ အကြီးအကဲပင်လျှင် အဂတိလိုက်စားလျှင် မလွတ်စေရ၊ ဆောင်ပုဒ်နှင့်အညီ ထိရောက်စွာ နှိမ်နင်းခဲ့ရာ တရုတ်နိုင်ငံလုံခြုံရေး အကြီးအကဲဟောင်း တစ်ဦး ဖြစ်သည့် ကျိုးယုံကန်းသည် အဂတိ လိုက်စားမှုအာဏာ အလွဲသုံးစားပြုမှု နိုင်ငံတော် လျှို့ဝှက် ချက် ပေါက်ကြား မှုတို့ဖြင့် ဧပြီလ ၃ ရက်နေ့တွင် စွဲချက်တင်ခံရသည်။
အလားတူ မာဂျီယန်း(Ma Jian)သည်လည်း တရုတ်နိုင်ငံ ထောက်လှမ်းရေး အကြီးအကဲဟောင်း တစ်ဦးဖြစ် သည်။ သူလည်း ကျားကြီးတစ်ကောင် ဖြစ်သည်၊ နောက် ကျားတစ်ကောင်ကတော့ ယခင်သမ္မတဟောင်း ဟူကျင်းတောင်၏ ထိပ်တန်း လက်ထောက်တစ်ဦးဖြစ်ပြီး ဒီ့ထက် အလားအလာကောင်းတွေရှိနေသည့် လင်း ဂျီဟွာ (Ling Jihua) တရုတ်စစ်တပ်က ကျားတစ်ကောင် ဖြစ်သည်။ သူသည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ် ဗျူရိုအဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အပြင် စစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။
တရုတ်ပြည် ကွန်မြူနစ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ၂၀၁၄ခုနှစ် ကာလ လေ့လာစောင့်ကြည့်မှု တစ်ခု တည်း အရပင်လျှင် နိုင်ငံနှင့်အ၀န်း အဂတိလိုက်စားမှုဖြင့် ပါတီစည်းကမ်း ထိန်းသိမ်းရေး အရေးယူထားသည့် အကျင့်ပျက်ဝန်ထမ်း (ကျားရော ယင်ကောင်ပါ) ဦးရေ ၂၃၄၆၄ ရှိပါသည်။
● Most dramatic Falls
သိသာအထင်ရှားဆုံး အရေးယူမှုများ
အဂတိလိုက်စားမှု အကျင့်ပျက်ခြစားမှုများဖြင့် စုံစမ်းစစ်ဆေး အရေးယူခံထားရသူ တရုတ်အစိုးရတာဝန်ရှိ ပုဂ်္ဂိုလ်ပေါင်း ထောင်ပေါင်းများစွာရှိသည်။
ဂျီနန်မြို့တော် ပါတီအတွင်းရေးမှူး တစ်ဦးဖြစ်သူဝန်မင်း (Wang Min) သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က တရုတ်ပြည် အဂတိလိုက်စားမှု ဆန့်ကျင် တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ရုပ်သံမှတစ်ဆင့် အသိ ပေးမိန့်ခွန်း ပြောကြားခဲ့သည်။ နောက်တစ်နေ့တွင် ယင်းအမှုနှင့်သူ အဖမ်းခံလိုက်ရသည်။ သူနှင့်အဖြစ် အပျက် ချင်းတူသူ တစ်ဦးကတော့ ဂွန်ဇူးပြည်နယ်က ပါတီအတွင်းရေးမှူး ၀န်ကျင်းလျန် (Wan Qingliang) ဖြစ် သည်။ ၂၀၁၄ ခုနှစ် ဇွန်လအတွင်း သူ့အား အကျင့်ပျက်ခြစားမှုနှင့် သက်ဆိုင်ရာက ဖမ်းဆီးချိန်တွင် ပြည်သူ့ဝန် ထမ်း များက အစည်းအဝေးတစ်ခုအတွင်း သူ့မှာကြားပြောဆိုချက်တွေကို လေ့လာလျက်ရှိနေကြသည်။
● Cash and more Cash
ငွေပြီးတော့ငွေ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးစစ်ဆေးရေးတွင် အဖမ်းခံရသည့် အစိုးရအရာရှိ အများစုသည် အဓိကက တော့ တံစိုးလက်ဆောင်ကြောင့်ဖြစ်သည်။ အထူးသဖြင့်ငွေသား (Cash)ကို အဓိကရယူကြသည်။
ဝေပင်ဂွမ် (Wei Pengyuan) အမည်ရှိသည့် စွမ်းအင်ဝန်ကြီးဌာန အကြီးအကဲတစ်ဦးအား ၂၀၁၄ ခုနှစ်တွင် သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်သည်တွင် သူ၏အိမ်မှ ငွေသားချည်း ပေါင်စတာလင် သန်း ၂၀ခန့် သိမ်းဆည်း ရမိသည်။
ယခု အဂတိလိုက်စားမှု တိုက်ဖျက်ရေး စစ်ဆင်ရေးတွင် ဖမ်းဆီးသိမ်းဆည်းရမိသည့် ငွေသားပမာဏသည် ၁၉၄၉ ခုနှစ် တရုတ်ပြည်ကွန်မြူနစ်ပါတီ အာဏာရကတည်းက ပမာဏအများဆုံး အရေအတွက်ကို သိမ်းဆည်း ရမိသည်။ သိမ်းဆည်းရမိသည့် ငွေများကို ငွေရေစက် ၁၆ လုံးဖြင့် ရေတွက်ရာတွင် ငွေရေစက် ၄ လုံးသည် အပူလွန်ကဲမှုကြောင့် ပျက်စီးသွားသည်ဟူ၏။
● Gold and Foreign Money is fine too
ရွှေရော FE ပါမကျန် ဘာလာလာ အကုန်ယူကြသည်
မာဂျန်ဖေး (Ma JunFei) သည် နိုင်ငံခြားငွေကြေး အမျိုးမျိုးကို လာဘ်လာဘငွေ အဖြစ် လက်ခံယူလေ့ရှိသည် ဟုဆိုသည်။ မာဂျန်ဖေးသည် ၂၀၀၉ ခုနှစ်က Inner Mongolia ဒေသ ဟိုဟော့ မီးရထား အုပ်ချုပ်ရေးအဖွဲ့၏ လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ယူခဲ့ရာတွင် ရာထူးလက်ခံပြီး နောက်တစ်နေ့မှာပဲ တံစိုးလာဘ်ဆောင် အဖြစ် လာဘ်လာဘများကို လက်ခံရယူခဲ့သည်ဟုဆိုသည်။ သူလက်ခံရယူသည့် FE အမျိုးအစားတွင် ဒေါ်လာ၊ ယူရို၊ ပေါင်စတာလင်၊ တရုတ်ယွမ်ငွေ အပါအ၀င် ပမာဏအားဖြင့် ပေါင်စတာလင် ၁၃သန်းခန့်ရှိသည်။ ယင်း ငွေကြေးများကို ၀ှက်ထားရန် ပေကျင်းနှင့် ဟိုဟော့မြို့များတွင် အိမ်နှစ်လုံး ၀ယ်ယူထားခဲ့သည်။
● Money for water
ရေအတွက်ငွေ
မာချောင်ကန်း (Ma Chaoqun) သည် တရုတ်နိုင်ငံ Hebei ပြည်နယ် Beidaihe မြို့တော် ရေပေးဝေရေး တာဝန်ခံ အကြီးအကဲ တစ်ဦးဖြစ်သည်။ သူ့ကို ““ရေကျား- Water tiger” ဟုနာမည်ပြောင် ပေးထားကြသည်။ အစိုးရဌာနဆိုင်ရာများ၊ ပါတီအဖွဲ့အစည်းများ၊ စက်ရုံများနှင့် ဟိုတယ်များ အပါအ၀င် မည်သည့် အဖွဲ့အစည်း မဆို ရေရရှိရေး ဆက်သွယ် တောင်းဆိုလာသူ မည်သည့် စီးပွားရေးလုပ်ငန်းမဆိုမှ လာဘ်ယူပြီး လုပ်ကိုင် ဆောင်ရွက်ပေးလေ့ရှိသည်။ ဗြောင်တောင်းပြီး ဗြောင်လုပ်ပေးသည်ဟု ဆိုသည်။
● Maotai Still tastes nice
တန်ဖိုးရှိနေဆဲ တရုတ်မော်ထိုင်း အရက်
““မော်ထိုင်း””သည် တရုတ်အမျိုးသား ယမကာအဖြစ် ထင်ရှားနေဆဲဖြစ်သည်။ ထူးခြားသည့် ဧည့်သည်များကို ဧည့်ခံရာတွင် ““မော်ထိုင်း””သည် လူရာဝင်နေဆဲ ဟု ဆိုသည်။
ဖန်ယူရှင် (Feng Yuexin) သည် ကျင်ဒေါင်း (Qingdao) ပြည်နယ်ရှိ အစိုးရဌာန ပေါင်းစုံ၏ ရဲချုပ်တစ်ဦးဖြစ် သည်။ သူသည် ရာဇ၀တ်ဂိုဏ်းများအား အကာအကွယ်ပေးမှုဖြင့် ၂၀၁၄ ခုနှစ်က သေဒဏ်ကျခံခဲ့ရသည်။
သူ၏အိမ်ကို သက်ဆိုင်ရာက ၀င်ရောက်ရှာဖွေသည့်အခါ အခြားပစ္စည်းဥစ္စာများအပြင် မော်ထိုင်းအရက် ပုလင်း ပေါင်း ၁၈၅၃လုံး ရှာဖွေတွေ့ရှိခဲ့သည်။
ဖန်ယူရှင်သည် ယမကာသမားဖြစ်ပြီး အရက်ပုလင်းများကိုလည်း စုဆောင်းတတ် သူဖြစ်ရာ သူစုဆောင်းထား သည့် ““မော်ထိုင်း””အရက်တစ်လုံးသည် ပေါင်စတာလင် ၈၀၀၀ ခန့် တန်ကြေးရှိသည်ဟုဆို သည်။ ခန့်မှန်း ချက်တစ်ရပ် အရဆိုလျှင် သူစုဆောင်းထားသည့် ““မော်ထိုင်း”” အရက် တစ်လုံးသည် ယွမ်နှစ်သန်း တန်ကြေး ရှိသည်။
● How many is Enogugh?
ရလေလိုလေ
Inner Mongolia မှ အထက်တန်း အရာရှိကြီးတစ်ဦးဖြစ်သူ ၀ူဇီဇောင်း (Wu Zhizhong) အား အဂတိလိုက်စား မှုဖြင့် နိုင်ငံတော်မှ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့သည်။
Wu ရရှိသည့် လစာဖြင့် စိတ်ကူးယဉ်မျှော်မှန်းကာ မဖြစ်နိုင်သော်လည်း သူ့တွင် တရုတ်ပြည်တွင်း၌ အိမ် ၃၃ လုံးရှိပြီး ကနေဒါနိုင်ငံတွင် အိမ်တစ်လုံးရှိသည်။ တရုတ်နိုင်ငံ သတင်းဌာနများ၏ အစီရင်ခံချက်အရ သူ၏ အိမ်သော့များသည် လက်ဆွဲအိတ်တစ်လုံးနှင့် အပြည့်ရှိသည်ဟုဆိုသည်။
● The Reporter Who dared investigate
စူးစမ်းလေ့လာရဲသည့် သတင်း ထောက်
၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့က တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ထိပ်တန်းအရာ ရှိတစ်ဦး ဖြစ်သူ ဂူဂျန်ရှန် (Gu Junshan) အား အဂတိလိုက်စားမှုများဖြင့် တရုတ်စစ်ခုံရုံးသို့ လွှဲပြောင်းပေးခဲ့သည်။ ဂူဂျန်ရှန်၏ သတင်းနှင့် ပတ်သက်ပြီး ဒီနေရာမှာပင် ရပ်တန့်သွားသည့်အတွက် သာမန်အားဖြင့် အစိုးရအကြီး အကဲတစ်ဦး အဂတိလိုက်စားမှုဖြင့် အဖမ်းခံရသည်။ ဒီလောက်ပါပဲ။
အစိုးရမဖော်ပြသည့် သတင်းများအနက် စုံစမ်းဖော်ထုတ်ဝံ့သူက ဂျာနယ်လစ်တစ်ဦးဖြစ်သူ Wang Heyan – ၀န်းဟီယန်ပဲဖြစ်သည်။ Caixin မဂ္ဂဇင်း၏ ပြည်သူတွေ စိတ်ဝင်စားသည့် အကြောင်းအရာများကို အဖြစ် မှန်ဖော် ထုတ်ရေးသားတင်ပြသည့် သတင်းထောက်တစ်ဦးဖြစ်သည်။ ၂၀၁၂-၂၀၁၄ ခုနှစ်အတွင်း Gu Junshan အကြောင်းနှင့် ပတ်သက်ပြီး တစိုက်မတ်မတ် စုံစမ်းဖော်ထုတ်ခဲ့ရာ ဂူဂျန်ရှန်၏ စီးပွားရေး အင်ပါယာကြီးနှင့် ပုဂ်္ဂိုလ်ရေး ချမ်းသာကြွယ်ဝမှုတွေကို တစ်တိုင်းပြည်လုံး သိရှိအောင် ဖော်ထုတ်နိုင်ခဲ့သည်။
ဂူဂျန်ရှန်၏ အိမ်ကို ၀င်ရောက်ရှာဖွေရာ တရုတ်နာမည်ကျော် ““မော်ထိုင်း”” အရက်မျိုးစုံ၊ ပင်လယ်ကူး သင်္ဘော ပုံစံတစ်ခု၊ ဆိပ်ခံပုံစံတစ်ခုနှင့် ဥက္ကဋ္ဌကြီးမော်၏ ရုပ်တုများတွေ့ရှိသည်။ သူ၏အိမ်ကို Forbidden City “တားမြစ် မြို့တော်” အဖြစ် တင်စားသည်။
● The Jailed Activist
ထောင်ကျနိုင်ငံရေး တက်ကြွလှုပ်ရှားသူများ
သမ္မတရှီကျင့်ဖျင်၏ အဂတိလိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေး ကမ်ပိန်းသည် ပြည်သူလူထုအကြိုက် ထောက် ခံအားပေးမှုများနှင့်အတူ အောင်မြင်မှုရရှိခဲ့သော်လည်း ပြည်သူလူထု၏ အခြားအဓိကမျှော်လင့် ချက်တစ်ခုဖြစ် သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်ကား ဝေးသော အကြောင်းတရားများ ဖြစ်နေ ဆဲဖြစ်သည်။ အာဏာပိုင်တွေ လိုက်လျောမှု အရိပ်အယောင် မတွေ့ရသေးချေ။ ပြည်သူတွေ နောက် ထပ် တောင်းဆိုသည့် အချက်တစ်ချက် ရှိသေးသည်။ တရုတ် အစိုးရအာဏာပိုင်များနှင့် အစိုးရတာဝန်ရှိသူများ ယင်း တို့ပိုင် ဥစ္စာပစ္စည်းများကို လူသိရှင်ကြား တရားဝင် ဖော်ထုတ်ပြသရေးပင်ဖြစ်သည်။ သို့ရာတွင် ယင်းကိစ္စ ထူး ခြားမလာပါဘူး။ Assets Expose အာဏာပိုင်များ၏ ဓနဥစ္စာပစ္စည်းများ တရားဝင် ဖော်ထုတ်ရေးအဖွဲ့ တည် ထောင်သူတစ်ဦးဖြစ်သူ စူဇီယုံ (Xu Zhiyong) သည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက အများပြည်သူ ဆူဆူပူပူ ဖြစ် အောင် လှုံ့ဆော်မှု (Public Disordercharges) ဖြင့်ထောင်ဒဏ် ၄နှစ် ကျခံသွားရသည်။ သူနှင့်အတူ အခြား သောအဖွဲ့ဝင်များလည်း ထောင်ဒဏ်အသီး သီးကျခံသွားရသည်။
တရုတ်သမ္မတရှီကျင့်ဖျင် အပါအ၀င် တရုတ်ခေါင်းဆောင်များပိုင် ဥစ္စာဓနပစ္စည်းများ ရွှေ့ပြောင်းနိုင်သောပစ္စည်း မရွှေ့ ပြောင်းနိုင်သော ပစ္စည်းများကို သက်ဆိုင်ရာ ၀က်ဘ်ဆိုက်များတွင် ၀င်ရောက်ကြည့် ရှုခွင့်မရ၊ ပြည်ပ သတင်းမီဒီယာများ စုံစမ်းစစ်ဆေးခွင့်မရ ယင်းတို့အားလည်း ပြည်ဝင်ခွင့်ဗီဇာများ ပိတ်ပင်ခံထားရသည်။
ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးစစ်ပွဲကား ဆက်စပ်ပါဝင်မှုများနှင့် အတူ ခက်ခဲရှုပ်ထွေး လျက်ရှိနေ ဆဲဖြစ်သည်။ သမ္မတကား အဂတိလိုက်စားမှုအား စုံစမ်းဖော်ထုတ်ပေမည်။ သို့ရာတွင် စုံစမ်းဖော်ထုတ်သူအား အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး ဖော်ထုတ်ပိုင် ခွင့်မရှိချေ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment