နီပေါနိုင်ငံမြို့တော်၊ ခတ္တမန္ဒူမှ မိုင် ၅၀ ထက်ပိုမဝေးသော နေရာကိုဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်က နီပေါကိုလှုပ်ခတ်စေခဲ့သည်ဟု အမေရိကန်ဘူမိဗေဒလေ့လာတိုင်းတာရေးအဖွဲ့(USGS) ကဧပြီ ၂၅တွင်ပြောကြားခဲ့သည်။ ငလျင်ကြောင့် မြို့တော်တွင် လူသေဆုံးမှုများနှင့် သမိုင်းဝင်အဆောက်အဦပြိုလဲမှုများရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ငလျင်ကြောင့် ခတ္တမန္ဒူတွင် လူ ၁၅၀ ကျော် သေဆုံးခဲ့သည်ဟု နီပေါပြည်ထဲရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။
ငလျင်ကြောင့် ဆေးရုံတစ်ခုတွင် အလောင်းငါးလောင်းမြင်ခဲ့သည်ဟု ကိုယ်တိုင်ဒဏ်ရာရှိခဲ့သည့် စီအင်အင်မှ မစ္စတာ မာနက်ရှ်ရှရက်သာက ပြောသည်။ ဒဏ်ရာပြင်းထန်သော လူများကို ပြင်ပတွင်သာ
ကုသပေးနေရပြီး အဆုတ်နှလုံးအားနည်းသူများကို တစ်ဦးလျင် ဆရာဝန်တစ်ဦးနှုန်းဖြင့် ကုသနေရသည်ဟု ၄င်းကဆိုသည်။ ဧ၀ရက်တောင်တွင်လည်း ဆီးနှင်းနှင့်ကျောက်တုံးများပြိုကျမှုများရှိနေသည်ဆိုသည့် သတင်းများလည်းထွက်ပေါ်နေသည်။
ငလျင်မှာ တိမ်သည်ဟုယူဆရသော နှစ်မိုင်မပိုသောအနက်တွင် ဖြစ်ပေါ်ခဲ့သည်။ တိမ်သောငလျင်များက နက်သောငလျင်များထက်ပို၍ ပျက်စီးမှုပိုလေ့ရှိသည်။ USGS သည်ငလျင်ပြင်းအားကို မူလက ၇ဒသမ၅ဟု သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ၇ဒသမ၉အထိတိုးမြင့်သတ်မှတ်ခဲ့သည်။ ငလျင်ကြီးလှုပ်ပြီးနောက် ၆ဒသမ၆နှင့် ၅ဒသမ၁ငလျင်ငယ်များလှုပ်ခတ်ခဲ့သည်ဟု USGS ကအစီအရင်ခံခဲ့သည်။
ယင်းငလျင်ကြောင့် အိမ်နီးချင်းအိန္ဒိယ၏ မြို့တော် နယူးဒေလီအထိ လှုပ်ခတ်မှုကို ခံစားရသည်ဟု သိရသည်။ ယင်းမြို့တော်တွင် ငလျင်၏ပြင်းအား ၅ဒသမ၀ရှိသည်ဟု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ငလျင်နှင့်အတူ ကြီးမားကျယ်လောင်သော အသံများလည်းကြားခဲ့ရသည်ဟု စီအင်အင်က ဖော်ပြခဲ့သည်။ အဆောက်အဦများပြိုကျနေပုံကိုလည်း လူမှုမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။
ငလျင်နှင့် ပတ်သက်၍ နောက်ထပ်သတင်းအချက်အလက်များရရှိရန်လုပ်ဆောင်နေပြီး ပြည်တွင်းနှင့် နီပေါရှိ ငလျင်ဒဏ်ခံရသော ဒေသများသို့သွားရောက်မည်ဖြစ်ကြောင်း အိန္ဒိယ၀န်ကြီးချုပ်နာရင်ဒရာမိုဒီက တွစ်တာတွင် ရေးသားခဲ့သည်။ ယခုငလျင်မှာ ၁၉၃၄ခုနှစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်နိုင်သည်ဟု ခတ္တမန္ဒူရှိ ဂျာနယ်လစ်တစ်ဦးက စီအင်အင်သို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။
(ဓာတ်ပုံ- အီးပီအေ)
Credit - Mizzima - News in Burmese

No comments:
Post a Comment