ရန်ကုန (မဇ္ဈိမ) ။ ။ မေဒေးနေ့တွင် အလုပ်သမားများ မြို့နယ်သုံးမြို့နယ်ကို ဖြတ်၍ ဆန္ဒပြတောင်းဆိုရန် ခွင့်ပြုမိန့် တင်သော်လည်း ခွင့်မပြုဘဲ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း ဆန္ဒပြခွင့်ပြုခဲ့သည်ဟု Gallant osean အအေးခန်းစက်ရုံမှ အလုပ်သမားခေါင်းဆောင် မလှလှက မဇ္ဈိမကိုပြောသည်။
"ကျွန်မတို့က ဥပဒေနဲ့ အညီတင်တယ်။ တင်တဲ့အတိုင်းခွင့်ပြုမိန့်မရဘူး။ ဟောပြောခွင့်မပါဘူးဟု"ဟု ၎င်းကပြောသည်။
ဆန္ဒပြခွင့်ကို လှိုင်သာယာမြို့နယ်၊ မရမ်းကုန်မြို့နယ်၊ ကမာရွတ်မြို့နယ်များတွင် အလုပ်သမားအင်းအား နှစ်ထောင်ဖြင့် စီတန်းလှည့်လည်ရန် သက်ဆိုင်ရာ ရဲစခန်းများကို ဧပြီ ၂၅ရက်က တင်ခဲ့သော်လည်း ဗိုလ်စိန်မှန်ကွင်း တစ်နေရာတွင်သာ ခွင့်ပြုခဲ့သလို လူအင်အားကိုလည်း ၅၀၀သာ ခွင့်ပြုခဲ့သည်။
မေဒေးနေ့တွင် အလုပ်သမားများက ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှ နံနက် ၉နာရီမှ ချီတက်၍ ကျိုက်က္ကဆံ လူထုဟစ်တိုင်သို့ သွားရောက်ကာ ဟောပြောမည် ဖြစ်သည်။
ဆွန္ဒပြရာတွင် ရွှေပြည်သာ၊လှိုင်သာယာ၊မှော်ဘီမြို့နယ် များရှိ yesသကြားလုံးစက်ရုံ၊ Gallant Ocean အအေးခန်း၊ စံကောင်း ပီနံအိတ်၊ ရွှေစွမ်းရည် ပီနံအိတ်၊ မာမီးခေါက်ဆွဲစက်ရုံ၊တိုင်ရီဖိနပ်စက်ရုံအပါအ၀င် စက်ရုံ (၁၀)ရုံမှ အလုပ်သမားက အနည်ဆုံးလုပ်အားခ ၅၆၀၀ကျပ်ရရှိရေး၊ ဖမ်းဆီးခံ အလုပ်သမားများပြန်လည်လွှတ်ပေးရေး၊ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ သိမ်းဆည်းခံများ လယ်မြေများ ပြန်လည်ရရှိရေး၊ ဖမ်းဆီးခံ တောင်သူ လယ်သမားများ ပြန်လည်လွှတ်မြောက်ရေး၊ ဒီမိုကရေစီ ပညာရေး သပိတ်ထောက်ခံရေး၊ လေးပွင့်ဆိုင် သဘောတူညီမှု ကတိတည်ရေး၊ ဖမ်းဆီးခံ ကျောင်းသား ပြည်သူများ လွှတ်ပေးရေး၊ အကြမ်းဖက်အမှု စုံစမ်း စစ်ဆေးရေး အရေးယူပေးရေး အပါအ၀င် အချက် (၁၁)ချက်ဖြင့်တောင်းဆို သွားမည် ဖြစ်သည်။
ဧပြီ ၂၅ရက် ကုန်သည်/ စက်မှု အသင်းချုပ် (UMFCCI) တွင်ပြုလုပ်သည့် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူ လုံရေး ဝန်ကြီး ဌာနနှင့်တွေ့ ဆုံပွဲတွင် အနည်းဆုံး အခကြေးငွေကို တစ်နေ့ ၁၅၀၀ကျပ်နှုန်း သတ်မှတ်ရန် အလုပ်ရှင် အဖွဲ့အစည်းတို့က တင်ပြခဲ့ကြသည်။
၂၀၁၃ခုနှစ် ဒီဇင်ဘာ ၂၀တွင် ဖွဲ့စည်းခဲ့သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီသည် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အတွက် အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် ၂၆ကြိမ်တိုင် ဆွေးနွေးထားသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် တိုင်းနှင့် ပြည်နယ် ၁၅ခု၏ မြို့နယ် ၁၀၈မြို့နယ်၊ အိမ်ထောင်စုပေါင်း ၂၂၀၃၂ ကို ၂၀၁၅ခုနှစ် ဇန်န၀ါရီ ၂၆မှ ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်တမ်းကောက်ယူ ခဲ့ရာတွင် ၃၀၀၀ မှ ၄၀၀၀ ကျပ် အဆိုပြုမှု ၁၇ကြိမ် အများဆုံး၊ ၅၀၀၀ ကျပ် အဆိုပြုမှု ၁၅ကြိမ် ဒုတိယ အများဆုံး၊ နှင့် ၂၅၀၀ ကျပ် အဆိုပြုမှု ၁၀ကြိမ် တတိယအများဆုံးအဖြစ် ရရှိခဲ့သည်ဟု အခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီ၏ အချက်အလက် များကိုနိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။
Credit - Mizzima News
No comments:
Post a Comment