Tuesday, April 28, 2015

ကသာရဲစခန်းပေါ်၌ ရဟန်းတစ်ပါးမှ ရဲအရာရှိတစ်ဦးအား လက်သီးဖြင့်ထိုးကြိတ်.....(ဟာဂျူလီ-ကသာ)

၂၅၊၄၊၂၀၁၅ရက်နေ့ နံနက်(၁၀)နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မ ရဲစခန်းပေါ်တွင် ဦးပဉ္ဖင်းတစ်ပါးအား ကိုယ်ထိလက်ရောက်စော်ကားမှုများ ပြုလုပ်ခဲ့သည့် ဒုရဲအုပ်တစ်ယောက်အား
ရဟန်းတစ်ပါးမှ လက်သီးဖြင့်ထိုးကြိတ်ခဲ့ကြောင်း သိရှိရပါသည်၊ ထိုဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ အထက်လူကြီးများ မသိရှိနိုင်စေရန် သတင်းအုပ်ထားခဲ့သော်လည်း ကျွန်တော်တို့မီဒီယာအဖွဲ့မှ
သိရှိရ၍ ထိုရဟန်းအား ဆက်သွယ်မေးမြန်းခဲ့ပါသည်၊ထိုသို့ ထိုးကြိတ်ခဲ့သည့် ရဟန်းဘွဲ့အမည်မှာ ဦးစန္ဒာဝရ(ခ) ဦးပဉ္ဖင်းကုလားဖြစ်ပြီး လေးထပ်ကျောင်း၏ ခန်းနေ ဦးပဉ္ဖင်းတစ်ပါးလည်း ဖြစ်ပါသည်၊
ဦးစန္ဒာဝရ(ခ) ဦးပဉ္ဖင်းကုလားမှာ ၈၈အရေးအခင်းကာလက ကသာမြို့နယ် သပိတ်ကော်မီတီဥက္ကဌဖြစ်ခဲ့ပြီး ယခုအချိန်ထိလည်း မတရားမှုများကို လိုက်ပါကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်၊

""ခင်ဗျားတို့ ကြားတဲ့သတင်းက အမှန်အတိုင်းပါပဲ၊ ဖြစ်တာကတော့ အဲဒီနေ့မနက်၁၀နာရီလောက် ဟိုဘက်ကမ်း(ကသာမြို့ တစ်ဖက်ကမ်း)က လူကုန်ကူးမှုနဲ့ သက်ဆိုင်တဲ့ကိစ္စကို စခန်းမှူးကို အသိပေးဖို့
လာခဲ့တာပါ၊ စခန်းပေါ်ရောက်တော့စခန်းမှူးမရှိသေးလို့ စောင့်နေတုန်း ဒုရဲအုပ်တစ်ယောက် က ဦးပဉ္ဖင်းကို ဘူဘောင်းနဲ့ မျက်နှာကို ပစ်ပေါက်ပါတယ်၊ ဦးပဉ္ဖင်းက ရှောင်လိုက်လို့ မထိပါဘူး၊ အဲဒီနောက်မှာ
အဲဒီဒုရဲအုပ်က ဦးပဉ္ဖင်းမျက်နှာအနားကို လက်ညိုးနဲ့ ထိုးပြီး " ကျုပ် လူ မသတ်ချင်ဘူးနော်" လို့ (၃)ခါ ခြိမ်းချောက်ပါတယ်၊ ကျုပ်ကလည်း သီးခံပါတယ်၊ သူ့ပါးစပ်ကလည်း အရက်နံ့ ရနေပါတယ်၊
ခဏနေ စခန်းမှူးရောက်လာလို့ စခန်းမှူးနဲ့ စကားပြောနေတုန်း ကျုပ်ကို နောက်ကနေ ခါးကို ဖက်ပြီး ဆွဲလှည့်လိုက်တော့ ကျုပ်ရဲ့ ဟမ်းဖုန်းနဲ့ ပစ္စည်းတွေ ကျကုန်ပါတယ်၊ ဟမ်းဖုန်းလည်း ကျကွဲသွားပါတယ်၊
အဲဒီမှာ ကျုပ်လည်း စိတ်တိုပြီး သူ့မျက်နှာကို လက်သီးနဲ့ ထိုးလိုက်ပါတယ်၊ သူလည်း ဖင်ထိုင်ရက် လဲကျသွားပါတယ်၊ နောက်ထပ်ကျုပ်လည်း စိတ်တအားတိုပြီး ခုံနဲ့ ရိုက်ဖို့ ခုံကိုဆွဲယူလိုက်တော့
အခြားရဲတွေက ကျုပ်ဆီက ဆွဲလုလို့ ခုံနဲ့ မရိုက်ဖြစ်ဘဲ ကျုပ်ကလက်သီးနဲ့ ဆက်တိုက် လိုက်ထိုးပါတယ်၊စခန်းရုံးရှေ့ကနေ စခန်းမှူးအိမ်ရှေ့ရောက်တဲ့အထိ လိုက်ထိုးပါတယ်၊ နောက် စခန်းမှူးနဲ့ ရဲအရာရှိတွေ
ဝိုင်းဆွဲကြလို့ ပြီးသွားခဲ့ပါတယ်၊ ပြီးပေမယ့် ရဟန်းတစ်ပါးကို ကိုယ်ထိလက်ရောက်စော်ကားတဲ့ ဖြစ်စဉ်အပေါ် အခုထိလည်း ပြန် မတောင်းပန်ပါဘူး၊ အဲဒီဒုရဲအုပ်ဟာ လက်ပန်းတောင်းမှာ ဒေါ်ခင်ဝင်းသေနတ်မှန်ပြီး
သေတုန်းက တာဝန်ကျနေတဲ့ ရဲအရာရှိလို့လည်း သိရပါတယ်၊ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးခံနေရပြီး ဗန်းမောက်ကို ပြောင်းပေးထားသူဖြစ်ပါတယ်၊ အဲဒီဗန်းမောက်ကနေ သူတာဝန်မရှိတဲ့ ကသာရဲစခန်းပေါ်
တက်ပြီး လူမသတ်ချင်ဘူးနော်လို့ ခြိမ်းချောက်တာ မဖြစ်သင့်ပါဘူး၊ အဲဒီဒုရဲအုပ် ကသာမှာ တာဝန်ကျဖူးခဲ့ပြီး ကျုပ်နဲ့ မတန်တဆရင်နှီတာမျိုး မရှိခဲ့ပေမယ့် စကားတွေဘာတွေတော့ ပြောဖူးဆိုဖူးတာ ရှိပါတယ်""
ဟု ဖြေဆိုခဲ့ပါသည်၊
ယခုထိုးကြိတ်ခံလိုက်ရသော ရဲအရာရှိမှာ ဒေါ်ခင်ဝင်းသေဆံုးမှုနှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု ဆိုခါ စစ်ဆေးခံနေရသော ရဲအရာရှိတစ်ဦးလည်း ဖြစ်ပါသည်။ (ဟာဂျူလီ-ကသာ)

(ဓါတ်ပုံ..ကသာမြို့ပေါ်တွင် ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲ ဦးဆောင်ပြုလုပ်စဉ်က ရိုက်ကူးထားသော ဦးပဉ္ဖင်း ဦးစန္ဒာဝရ ပုံဖြစ်ပါသည်။)

Credit - Than Htike

 
 

No comments:

Post a Comment