Sunday, April 26, 2015

ရွေးကောက်ပွဲအောင်နိုင်ရေးအစည်းအဝေး ယခုလ ၂၇ရက်တွင် ကျင်းပမည်ဟု NDF ထုတ်ပြန်

ရန်ကုန်(မဇ္ဈိမ)။      ။ ၂၀၁၅ အထွေထွေရွေးကောက် ပွဲအတွက် ဗဟိုရွေးကောက် ပွဲအောင်နိုင်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယခုလ ၂၇ရက်တွင် ကျင်းပပြုလုပ် သွားမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ(NDF)က သတင်းထုတ်ပြန် လိုက်သည်။

NDF-PRESS-RELEASE-19-2015-cec-meeting
(ဓာတ်ပုံ - NDF)



ယခုလ ၂၄ရက်က   ရန်ကုန်မြို့၊ အနောက်မြင်းပြိုင်  ကွင်းလမ်းရှိ ပါတီဌာန ချုပ်ရုံးတွင် ကျင်းပ ခဲ့သည့် ဗဟို အလုပ်အ မှုဆောင်ကော်မတီ အစည်း အဝေးတွင် အထက်ပါအတိုင်း ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ၂၀၁၅ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်သတ်မှတ်ထားမှုများ၊ ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း များရွေး ချယ်ရေးနှင့် ရရှိထားသော ကိုယ်စားလှယ်လောင်းများ၊ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဖွဲ့စည်းမှုနှင့် ဗဟိုရွေးကောက် ပွဲအောင်နိုင်ရေး လုပ်ငန်းေ က်ာမတီ ဖွဲ့စည်း ထားမှုနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းရေးနှင့် စည်းရုံးရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်ရေး စသည် တို့ကိုဆွေးနွေး ခဲ့ကြသည်ဟု NDFက ထုတ်ပြန်ထားသည်။

ထို့ပြင် ဆဌမအကြိမ်နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီအစည်းအဝေးတစ်ရက်ကိုလည်း လာမည့် မေလ ၁၆ရက်နှင့် ၁၇ရက်တွင် ရန်ကုန်မြို့၊ ဘိုကလေးဈေး လမ်းရှိ YWCAခန်းမတွင် ကျင်းပသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Credit - Mizzima News

No comments:

Post a Comment