Sunday, April 26, 2015

နီပေါတွင် နောက်ဆက်တွဲ အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခတ်

ယခုအချိန်အထိ လူပေါင်း ၂၂၀၀ကျော် သေဆုံးခဲ့ရပြီး အဆောက်အအုံများကို ပြားပြားဝပ်သွေားစေခဲ့သည့် အစောပိုင်းရက်က ကပ်ဘေးသင့် အတိုင်းအတာဖြင့် ငလျင်ကြီးလှုပ်ခတ်အပြီး အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခက်ခဲခဲကြိုးစားနေရသည့် ဟိမ၀န္တာနိုင်ငံ နီပေါတွင် ဧပြီ ၂၆ရက်၌ အင်အားပြင်းသည့် နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့သည်ဟုဆိုသည်။

Nepal-pho
(ဓာတ်ပုံ-အီးပီအေ)



ယနေ့လှုပ်ခတ်သွားသည့် ငလျင်အသစ်မှာ အင်အား ၆.၇ရှိသည်ဟု အမေရိကန် ဘူမိဗေဒစစ်တမ်းအဖွဲ့ကြီးက ခန့်မှန်းထားပြီး အစောပိုင်းရက်က လှုပ်ခတ်သွားခဲ့သည့် ငလျင်ထက် အင်အားပျော့သည်။ သို့ရာတွင် မြွေပူရာကင်းမှောင့်ဆိုသကဲ့သို့ ကြောက်နေပြီးသားလူများကို ပိုပြီးတုန်လှုပ်ခြောက်ချားလောက်အောင်တော့ ပြင်းထန်သည်ဟုဆိုသည်။

စနေနေ့က လူပေါင်း ၁၇ဦးခန့်သေဆုံးသွားခဲ့ရာ ဧ၀ရက်တောင်တွင်လည်း နောက်ထပ် ကျောက်တုံး နှင်းထုများ တစ်ဟုတ်ထိုးကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။

Ref: CNN

Credit - Mizzima News

No comments:

Post a Comment