အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးသို့ ဧပြီ ၂၇ရက် နေ့လည်တွင် သွားရောက်မည် ဖြစ်သည်။
၎င်းက ကော့မှူးမြို့နယ်အဖွဲ့ချုပ်ရုံးတွင် မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ ကော့မှူးသို့ ရန်ကုန်မှ ဧပြီ ၂၇ရက် နေ့လည် ၁နာရီတွင် သွားရောက်ကာ ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
Credit - Mizzima - News in Burmese
No comments:
Post a Comment