Monday, April 27, 2015

အာဆီယံ ထိပ်သီးအစည်း အဝေးတွင် အငြင်းပွားတောင်တရုတ် ပင်လယ်အရေး ကြီးစိုး

၂၆ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့ကို မလေးရှားနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများဖြင့် နံနက်ပိုင်းတွင် စတင်ကျင်းပ လိုက် ရာ အငြင်းပွားတောင်တရုတ် ပင်လယ်အရေးက ကြီးစိုးသွား ခဲ့သည်။

h 51906441

အာဆီယံ အနေဖြင့် အငြင်းပွား မှုများကို ထိပ်တိုက် ရင်ဆိုင်မှု ကင်းကင်းဖြင့် သဘော တူညီမှု ရရှိရေးသို့ ချဉ်းကပ် သွားမှုကို ဆက်လက် ထိန်းသိမ်းသွား မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဒါတက်ဆီရီအန် နီဖက်အမန် ကပြောသည်။

အာဆီယံက တောင်တရုတ်ပင်လယ်အရေးကို ချစ်ကြည်ခိုင်မာသည့် နည်းလမ်းဖြင့်ဖြေရှင်းရန် သဘောတူထားကြကြောင်း၊ အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်း မှန်သမျှကို ရှာဖွေသွားမည်ဟု ၎င်းကပြောသည်။

အာဆီယံနှင့် တရုတ်နိုင်ငံတို့ အနေဖြင့်ဒေသ တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိပါးစေမည့် လုပ်ဆောင်ချက်များ ကိုရှောင်ကြဉ်သွား မည်လည်းဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။

ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ် တာနာဆက်ပါတီမာပရာဂွန်းကလည်း တောင်တရုတ်ပင်လယ်အရေးတွင် ကျင့်ဝတ်သိက္ခာနှင့်အညီ အာဆီယံနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း လုပ်ဆောင် သွားမည် ဟုပြောခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment