နေပြည်တော် (မဇ္ဈိမ) ။ ။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ
ရွေးကောက်ပွဲများအတွက် မဲစာရင်းများ နေပြည်တော်ကောင်စီနယ်မြေတွင်
ကောက်ယူနေပြီး မတ်လ ၂၆ ရက်တွင် ရွှေ့ပြောင်းလုပ်သားများ၏ မဲစာရင်းများကို
စတင်ကောက်ယူမည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

ပုံစာ- ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မဲဆန္ဒရှင်အချို့ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းကြည့်ရှုနေစဉ်။ (ဓာတ်ပုံ-အီးပီအေ)
ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးကျော်အောင်က "ကျွန်တော်တို့ ရွှေ့ပြောင်းလုပ်သားတွေ မဲစာရင်းအတွက် မနက်ဖြန်စကောက်ဖို့လုပ်နေပါတယ်’’ ဟု ဧပြီ ၂၅ရက်က တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။
၎င်း၏ ရွှေကြာပင်ရပ်ကွက်တွင် ဒေသခံ မဲစာရင်းကောက်ခံမှု ၉၀ ရာခိုင်နှုန်းခန့် ပြီးနေပြီး ရက်ပိုင်းအတွင်း ရာနှုန်းပြည့် ပြီးစီးမည် ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
"အရင်တစ်ဖြတ်တင်တာက မဲစာရင်း ၃၂၉၀ ရှိတယ်၊ ဦးရေ ၂၀ လောက်ပဲကျန်တာ၊ ဒါကလည်း ဈေးသွားရောင်းနေကြလို့ " ဟု ၎င်းက ဖြည့်စွက်ပြောသည်။
ထို့အပြင် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်က ကောက်ယူခဲ့သည့် မဲစာရင်းနှင့်များစွာ ကွာခြားဖွယ်မရှိကြောင်းလည်း အဆိုပါ ဒေသဆိုင်ရာ တာဝန်ရှိသူက ဆိုသည်။
ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်မှူးရုံးမှ တာဝန်ရှိသူ ဦးမြင့်သူက ရပ်ကွက်နေဒေသခံများ၊ ၀န်ထမ်းများ၏မဲစာရင်းများကောက်ယူနေပြီး ရွှေ့ပြောင်းလုပ်သားများအတွက်မူ မကောက်ယူရသေးဟု ဆိုသည်။
၎င်းက "ပုစံ ၆၆ ရှိတဲ့ ဒေသခံစာရင်း ၅၄၉၀ ပို့ထားတယ်’’ ဟု ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးသူစာရင်း ၆၀၀၀ ကျော်ရှိခဲ့သည့်အတွက် မဲထည့်နိုင်သည့်အရေအတွက် များစွာမကွာနိုင်ဟုလည်း ဆက်လက်ပြောကြားသည်။
Credit - Mizzima News
No comments:
Post a Comment