Friday, September 19, 2014

ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း မှ အစိုးရအခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင်လှစ်ခြင်း

ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း မှ အစိုးရအခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင်လှစ်ခြင်း အခမ်းအနားကျင်းပပြီးပါပြီ 18-9-2014 ကြာသပတေးနေ့
အဆင့်တိုးမြင့် ဖွင့်လှစ်ခြင်းအနား ကျင်းပဖို့အရေး မိုးလေဝသအခြေအနေကြောင့် ခဏခဏရက်ရွေ့ခဲ့ရပြီး ယခုအချိန်မှာတော့ အဆင်ပြေချောမွေ့ အောင်မြင်စွာ (ရေဦးမြို့နယ် ဌာနဆိုင်ရာ လူကြီးမင်းများ ဆရာဆရာမများ ကျောင်းသားကျောင်းသူများ ရပ်မိရပ်ဖများနှင့်အတူ) ကျင်းပနိုင်ခဲ့ပါပြီ ညပိုင်းကတည်းက တရိပ်ရိပ်တက်လာတဲ့ မိုးတိမ်များကြောင့် မိုးရွာပြီးအခမ်းအနား အဆင်မပြေဖြစ်မှာ
စိုးရမ်ခဲ့ရသည်။ တော်ပါသေး၏ မိုးတိမ်များက မိုးလဲမစွတ် နေလဲမပူအောင် တစ်နေကုန် ထီးသဖွယ် အုပ်မိုးပေးထားပေလို့ အားလုံးစိတ်ချမ်းသာကြရပေသည်။ ပျော်ကြရွှင်ကြ ကကြခုန်ကြ ဟောကြပြောကြ ချက်ကြပြုတ်ကြ စားကြသောက်ကြနဲ့ တက်ညီလက်ညီရှိလှပေသည်။ အခမ်းအနားပြီး ပစ္စည်းတွေလဲသိမ်းဆည်း ကျောင်းပြန်ရောက်ပြီးကာမှ မိုးရွာလိုက်တာမို့ တဝကြီးမိုးရေချိုးလိုက်ရသည်။ (ပုံတွေမစုံသေးပါ အဝေးရောက်ရွားသားများ)
Credit - Ashin Vicitta
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

No comments:

Post a Comment