ပြည်နယ်နှင့် တိုင်းဒေသကြီးများ အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ရပ်ကွက်နေ လူထုကတိုက် ရိုက်မဲ ပေး ရွေးချယ်နိုင်မည့် ဥပဒေကြမ်းတစ်ရပ်ကို ယနေ့ (စက်တင်ဘာ ၁၈ ရက်နေ့) ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တင်သွင်းမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားသည်။
လက်ရှိတွင် ကျင့်သုံးနေသော ဥပဒေတွင် ဆယ်အိမ်စုဝင်များကို လူက တိုက်ရိုက် ရွေးချယ်ပြီး အဆိုပါ ဆယ်အိမ်စုမှူးများက
ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရွေးချယ်ရသည့် စနစ်အစား ပြည်သူများက တိုက်ရိုက်ရွေးချယ်နိုင်ရန် အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ ယနေ့တင်သွင်းမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ဆိုသည်။
"အခုက ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဆယ်အိမ်စု ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့သူကို လက်ခံရတဲ့သဘော ဖြစ်နေ တယ်။ ရွေးချယ်ခွင့်က ဘောင်အရမ်း ကျဉ်းနေတယ်။ အဲဒါကြောင့် ပြင်ဆင်တာပါ" ဟု ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်ရောက်အရွေးခံမည့် ပုဂ္ဂိုလ်သည် အိမ်ထောင်စု (၁၀) စုက ထောက်ခံရမည် ဖြစ်ပြီး မူလပြဋ္ဌာန်းထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေပါ အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဟု ပြင်ဆင်ထားကြောင်း ၄င်းကရှင်းပြသည်။ အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး မဲပေးရွေးချယ်ခြင်းကို ပြည်သူများက တင်မြှောက်ထားသော ကြီးကြပ်ရေးအဖွဲ့က စိစစ်ရွေးချယ်ရမည်ဟု ပြင်ဆင်ထားကြောင်း ၄င်းကဆိုသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေကို ၂၀၁၃ ခုနှစ်အတွင်းတွင် ပြည်သူ့လွှတ်တော်တွင် ပထမအကြိမ် ပြင်ဆင် ပြဋ္ဌာန်းထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်သည့် ကြီကြပ်ရေးအဖွဲ့ကို ရပ်ကွက်နေ ပြည်သူများက တိုက်ရိုက် ရွေးချယ်နိုင်ရန် ပြဋ္ဌာန်းထားသည်။
အဆိုပါ ဥပဒေကို လွှတ်တော် အစည်းအဝေးများ စတင်ကျင်းပသည့် ၂၀၁၁ ခုနှစ် အတွင်း ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်မှုများ ပြုလုပ်ခဲ့သည်။
Credit - The Voice
No comments:
Post a Comment