Friday, September 19, 2014

အစိုးရမီဒီယာသတင်းထောက်များ သတင်းထောက်ဟုခံယူခြင်းထက် အစိုးရ၀န်ထမ်းအဖြစ်သာခံယူနေကြ

အစိုးရမီဒီယာမှ သတင်း ထောက်များမှာ မိမိကိုယ်ကိုယ်သ တင်းထောက်ဟု ခံယူခြင်းထက် အစိုးရ၀န်ထမ်းအဖြစ်သာခံယူနေ ကြပြီး ၀န်ကြီးဌာနများပြောသည့် သတင်းများကိုသာ ရေးသားနေ ကြကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်ကပြောကြားသည်။


ရန်ကုန်မြို့တွင်စက်တင်ဘာ ၁၇ရက်က ပြုလုပ်ခဲ့သည့်နိုင်ငံ တကာမီဒီယာကွန်ဖရင့်၌ ကျင့် ၀တ်နှင့်ညီသော သတင်းမီဒီယာ နှင့် လူမှုတာဝန်သိမှုမီဒီယာခေါင်း စဉ်ဖြင့်ဆွေးနွေးပွဲ၌ ယင်းသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အစိုးရမီဒီယာများတွင် ထိန်းချုပ်မှုများ ယခုထိ ရှိနေခြင်းမှာ လက်ရှိအစိုးရ၏ တရားဝင်ချမှတ်ထား သော  မူဝါဒကြောင့်ဖြစ်ကြောင်း ၎င်းက၀န်ခံပြောကြားသည်။
‘‘အစိုးရမီဒီယာတွေမှာထိန်း ချုပ်မှုတွေရှိနေတာက အစိုးရရဲ့ တရားဝင်မူဝါဒကြောင့် ပိုထိန်း ချုပ်တာဖြစ်တယ်။ ဒါကြောင့် လည်း နောက်ပိုင်းမှာလွတ်လပ်တဲ့ တည်းဖြတ်မှုတွေဖြစ်ဖို့အနှောင် အဖွဲ့ကင်းအောင်လို့ အများပြည် သူဝန်ဆောင်မှုမီဒီယာဥပဒေကို ကျွန်တော်တို့ လုပ်နေတာဖြစ် တယ်’’ဟု ၎င်းကပြောကြားသည်။
နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်သံတို့ကို ပြည်သူ့ဘဏ္ဍာမှ ၇၀ ရာခိုင်နှုန်းအသုံးပြု၍ကျန် ၃၀ရာ ခိုင်နှုန်းကို ကြော်ငြာခ၀င်ငွေဖြင့် ရပ်တည်ပြောင်းလဲပြီး အများပြည်သူဝန်ဆောင်မှု သတင်းမီဒီယာအဖြစ်ပြောင်းလဲမည့်အပေါ် ဝေဖန်မှုများရှိနေကာ အဆိုပါမီဒီ ယာဥပဒေကြမ်းကို ကန့်ကွက် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။
စစ်အစိုးရလက်ထက်မှစ၍ ယနေ့ သမ္မတဦးသိန်းစိန်အစိုးရအ ထိနိုင်ငံပိုင်သတင်းစာများတွင်အ စိုးရကို ဝေဖန်သုံးသပ်ထောက်ပြ သည့် သတင်းများ၊ ဆောင်းပါးများ ဖော်ပြလေ့မရှိဘဲ သမ္မတနှင့်အစိုး ရအဖွဲ့၏အစည်းအဝေးများ၊ဧည့် သည်တွေ့ဆုံမှုများ၊ ၀န်ကြီးဌာနများ၏ လှုပ်ရှားမှုများကိုသာဖော်ပြလေ့ရှိခြင်းအပေါ် ဆွေးနွေးပွဲတက်ရောက်လာသူများက၀န်ကြီးအား ၀ိုင်းဝန်းမေးခွန်းထုတ်ခဲ့ကြသည်။
အစိုးရမီဒီယာများထံမှ သ တင်းထောက်များကို ပုဂ္ဂလိကမီဒီ ယာများက အထင်သေးအမြင် သေးဆက်ဆံမှုများလည်းရှိနေပြီး ၎င်းတို့ကိုပုဂ္ဂလိကမီဒီယာသမား များကလည်း လက်တွဲခေါ်ယူသင့် ကြောင်းဦးရဲထွဋ်ကဆိုသည်။
ထို့အပြင် မီဒီယာလွတ်လပ် ခွင့်အတွက် အဓိကအရေးကြီး သည့် သတင်းအချက်အလက်ရရှိ မှုတွင်အစိုးရအာဏာပိုင်များထံမှ သတင်းစီးဆင်းမှုအခက်အခဲများရှိနေကြောင်း တက်ရောက်လာသူများက ၀န်ကြီးအား ပြောကြားကြသည်။
ထိလွယ်ရှလွယ်ပြီးအရေး ကြီးသည့်သတင်းဖြစ်ရပ်များပေါ် ပေါက်ပါက ဌာနအတွင်းအကြီး ဆုံးတာဝန်ရှိသူက သတင်းထုတ် ပြန်ပေးနိုင်ရန် ပြင်ဆင်ထားသင့် ကြောင်း၊ ထိုသို့သတင်းမပေးပါ က သတင်းထောက်များက၎င်းတို့ နည်း၊၎င်းတို့ဟန်ဖြင့်သတင်းများ ရယူကြိုးပမ်းမှာပင်ဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်လာသည့် ထိုင်းသတင်းစာဆရာ က၀ီချောင် ကစ်တပွန်ကပြောကြားသည်။
‘‘ဦးရဲထွဋ်အနေနဲ့ တစ်ချိန်လုံးဖြေပေးနေတာထက် သူ့အစားသူ့လိုဖြေပေးနိုင်မယ့်သူတွေ ထပ်ခန့်ပေးဖို့လိုတယ်။ သတင်းထောက်က တကယ်သတင်းဖြစ်တဲ့နေရာက သတင်းမရတဲ့အခါ တခြားနေရာကယူရင် တော်တော်အန္တရာယ် ကြီိးပါတယ်’’ဟု ၎င်းကဆိုသည်။
Credit - 7DAY DAILY 

 
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)

No comments:

Post a Comment