ကျော်စွာမြင့်
“ သတင်းစာပညာရှင်ကြီး ဂါဒီးယန်း ဦးစိန်ဝင်းက
ပြောခဲ့တာရှိပါတယ်။ တိုးတက်တဲ့
တိုင်းပြည်တစ်ခုဆိုတာခြေထောက်လေးချောင်းပါတဲ့ စားပွဲတစ်ခုနဲ.တူတယ်လို. ဥပမာပေးခဲ့ပါတယ်။ အဲဒီခြေထောက်လေးချောင်း ဆိုတာကတော့ (၁) အုပ်ချုပ်ရေးမဏ္ဍိုင် (၂) ဥပဒေပြုရေးမဏ္ဍိုင် (၃) တရားစီရင်ရေးမဏ္ဍိုင် နဲ. (၄) သတင်း မီဒီယာမဏ္ဍိုင်တို.ပဲဖြစ်
ပါတယ်။ ဒါပေမယ့် အဲဒီ မဏ္ဍိုင်ခြေထောက်တွေထဲက သတင်းမီဒီယာမဏ္ဍိုင်က ပိုရှည်
ထွက်နေရင် တိုင်းပြည်မငြိမ်မသက်ဖြစ်တတ်တယ်။ ဒါမှမဟုတ် အုပ်ချုပ်ရေးမဏ္ဍိုင်က ပိုရှည်ထွက်နေရင်လည်း အာဏာရှင်ဆန်သွားတတ်တယ် “ လို. ပြောကြားချက်ကို
၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ. နေပြည်တော်မှာ ကျင်းပတဲ့ ( မြန်မာသတင်း
မီဒီယာဖွှံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ) မှာ အမျိုးသားလွှတ်တော် ဥကဌ
ဦးခင်အောင်မြင့် က အဖွင့်မိန်.ခွန်းကောက်နှုတ်ချက် တစ်ခုအဖြစ် ထည့်သွင်းပြောကြား
သွားခဲ့ပါတယ်။
နိုင်ငံကျော်ဝါရင့်သတင်းစာဆရာကြီး ဂါဒီးယန်း ဦးစိန်ဝင်းရဲ. အလွန်မှတ်သားနာယူ
ဘွယ်ကောင်းတဲ့ အဆိုအမိန်. ဥပမာတစ်ခုပါ။ ဒါဆိုရင် ယနေ. ပွင့်လင်းမြင်သာမှု နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးသို. ချီတက်နေပါတယ်ဆိုတဲ့ ကျွန်တော်တို.နိုင်ငံရဲ. မဏ္ဍိုင်ခြေထောက်ကြီး(၄)ခုကို လေ့လာကြည့်ကြပါစို.။
ပြည်သူတွေအနေနဲ. ယနေ.အုပ်ချုပ်ရေးမဏ္ဍိုင်ကိုတာဝန်ယူထားကြသူများမှာ နိုင်ငံတော်
သမတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ.လို. သိမြင်ကြပြီး၊ ဥပဒေပြုရေးမဏ္ဍိုင်မှာ ပြည်သူ.
လွှတ်တော် နဲ. အမျိုးသားလွှတ်တော်၊ လွှတ်တော်ဥကဌ နဲ. နာယကတွေက သူရ
ဦးရွှေမန်း နဲ. ဦးခင်အောင်မြင့် တို.ဖြစ်ကြပြီး အဲဒီ ဥပဒေပြုရေးလွှတ်တော်မှာ လူထု
ခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ဥကဌ ဒေါ်အောင်ဆန်းစုကြည်တို.ပါ
ပါဝင်နေတဲ့ လွှတ်တော်(၂)ရပ်ဆိုတာ ပြည်သူတွေသိကြပါတယ်။ သတင်းမီဒီယာ
မဏ္ဍိုင်ဆိုရာမှာလည်း ယနေ.ကာလ ပြည်သူတွေရဲ. နားမျက်စိတွေကို သတင်းမှန်၊
ဖြစ်ရပ်မှန်တွေ ဖြန်.ဝေတင်ပြပေးနေတဲ့ ပွင့်လင်းမှုအတိုင်းအတာ တစ်ခုအထိ ရရှိ
နေတဲ့ သတင်းမီဒီယာမဏ္ဍိုင်ဆိုတာကြီးကို သိမြင်နိုင်ကြပြန်ပါတယ်။
ဒါပေမယ့် နိုင်ငံရဲ.မဏ္ဍိုင်ကြီး(၄)ရပ်အနက် တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်
မှာကတော့ ယနေ.အထိ ပြည်သူတွေဟာ နိုင်ငံတော်ရဲ.အမြင့်ဆုံး တရားသူကြီးချုပ်
ဆိုတာ ဘယ်သူဘယ်ဝါ၊ ဥပဒေချုပ်ဆိုတာ ဘယ်သူဘယ်ဝါ ဆိုတာ သေသေချာချာ မသိကြသေးသူတွေအများကြီး ဖြစ်နေကြတယ်။ နောက်ဆုံး သတင်းမီဒီယာသမား
တွေထဲမှာတောင် တရားစီရင်ရေးမဏ္ဍိုင်ရဲ. အထွဋ်အထိပ်က ဘယ်သူဘယ်ဝါ
ဆိုတာတွေ၊ နိုင်ငံတော်ရဲ. တရားလွှတ်တော်ချုပ်မှာ တရားသူကြီး ဘယ်နှစ်ဦးပါဝင်
နေပြီး၊ ဘယ်သူတွေဆိုတာတွေကို နံမည်တောင် မသိကြသူတွေ ရှိနေကြဆဲပါ။
ဒါတွေဘာကြောင့်ဖြစ်နေရသလဲဆိုတာကတော့ ဒီမိုကရေစီနဲ.ပွင့်လင်းမြင်သာတဲ့
ခေတ်ပါလို. တခြားမဏ္ဍိုင်အသီးသီးတွေက ပြောဆိုနေကြပြီး ပြည်သူတွေ၊ သတင်း
သမားတွေ၊ အရပ်ဖက်လူမှုအဖွဲ.အစည်းတွေနဲ. ထိတွေ.ဆက်ဆံနေချိန်မှာ တရား
စီရင်ရေးမဏ္ဍိုင်အနေနဲ. ယနေ.အထိ ပွင့်လင်းမြင်သာ နွေးထွေးတဲ့ ထိတွေ.မှုမရှိ
လို.ပါ။ယနေ. ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတဲ့ အစိုးရသစ်လက်ထက် အချိန်
ကာလအားဖြင့် ၃ နှစ်နှင့် ၂ လ ကြာမြင့်ခဲ့နေပြီဖြစ်သော်လည်း တရားစီရင်ရေး
မဏ္ဍိုင်က နိုင်ငံတော်တရားသူကြီးချုပ်တွေ ဥပဒေချုပ်တွေအနေနဲ. သတင်းမီဒီယာ၊ အရပ်ဖက်လူ.အဖွဲ.အစည်းများနဲ. ထိတွေ.မှု အကြိမ်အရေအတွက် အလွန်နည်းပါး
ခဲ့ခြင်းကြောင့်လည်း ဖြစ်ပါတယ်။
တရားစီရင်ရေးမဏ္ဍိုင်နဲ.ပတ်သက်ပြီး ယိုင်နဲမှုတွေ၊ ချစားလာဘ်စားမှုတွေ ပိုများ
လာပေမယ့် ထိရောက်တဲ့အရေးယူမှုမျိုးတွေ ပွင့်လင်းစွာ ပြည်သူတွေ မတွေ.မြင်ကြ
ရသေးပါဘူး။ တချို.သောတရားသူကြီးတွေကို လာဘ်စားမှုတွေနဲ. အထောက်အထား
ခိုင်လုံစွာ တိုင်ကြားခဲ့ကြပေမယ့် အဲဒီတရားသူကြီးတွေအနေနဲ အရေးယူမခံရတဲ့
အပြင် ရာထူးတွေတက်ပြီး နယ်ပြောင်းသွားတာမျိုးကိုသာ ပြည်သူတွေ ကြားသိနေခဲ့ ကြရပြန်ပါတယ်။
တရားရုံးတွေမှာ တရားစီရင်တဲ့အခါ စွပ်စွဲခံရသူတရားခံဖြစ်စေ၊ သက်သေထွက်ဆိုသူ
ဖြစ်စေ ရုံးရှေ.မှာ ကျမ်းကျိမ်ထွက်ဆိုနေကြရပေမယ့် စီရင်ချက် ချမှတ်တဲ့ တရားသူကြီး
များအဖို.ကတော့ ကျမ်းကျိမ်ပြီး အမိန်.ချမှတ်ကြတာမျိုး မဟုတ်ပါဘူး။ ဒါဆိုရင် အမိန်.
ချမှတ်တဲ့တရားသူကြီးမျာအဖို. မှန်ကန်မှုရှိပါတယ်လို. ဘယ်လိုသက်သေပြနိုင်မှာလဲ။ အမှားနဲ.မကင်းနိုင်ကြတဲ့ အဂတိရှိကြတဲ့ လူသားတွေ ဖြစ်ကြလို. လွှတ်တော်မှာ တရားသူကြီးတွေလည်း ကျမ်းကျိမ်ပြီး တရားစီရင်ကြရေး ဆိုကာ တင်ပြခဲ့ပေမယ့် ယနေ.အချိန်အထိ အကောင်အထည်ပေါ်မလာခဲ့ပါ။
တရားစီရင်မှုမှားယွင်းလို.ဖြစ်စေ၊ လာဘ်ငွေယူပြီးမတရားအမိန်.ချလိုက်လို.ဖြစ်စေ နစ်နာတဲ့သူဘက်က ပြန်လှန်တရားစွဲဆိုခွင့်မရှိတဲ့အတွက် ပြည်သူတွေအနေနဲ.
တဖက်သတ်နစ်နာမှုတွေ ခံစားနေရဆဲပါ။ မခံမရပ်နိုင်လွန်းလို. တရားသူကြီးတွေကို
ပြန်လည်အမှုဖွင့်စစ်ဆေးနိုင်ပြန်ရင်လည်း ကိုယ့်လူကိုယ်ကြည့်တတ်ကြတဲ့ တရား
သူကြီးတွေရှေ.ရောက်ရင် နစ်နာသူ တရားလိုက တရားခံတွေ ပြန်ဖြစ်ခဲ့ရတာတွေ
လည်း ရှိခဲ့ပါတယ်။
တရားစီရင်ရေးမဏ္ဍိုင်အနေနဲ. ယနေ.ကာလမှာ ပွင့်လင်းမြင်သာမှုများနဲ.အတူ
ပြည်သူများကို တရားဥပဒေ နှင့် တရားစီရင်ရေးဆိုင်ရာ အသိပညာပေးရေး
လုပ်ငန်းများကို အရေးတကြီးလုပ်ဆောင်ရန် လိုအပ်နေချိန်ဖြစ်ပါတယ်။
မကြာသေးခင်က မော်ဒယ်အေးချမ်းမြတ်မိုးအား ဓါးဖြင့်ထိုးခံရသဖြင့် သေဆုံးမှု၊ လှိုင်မြို.နယ်အတွင်းက ကုမဏီတစ်ခုမှာ မိန်းခလေးတစ်ဦးကို ချစ်သူဟောင်းမှ ဓါးဖြင့်
ထိုးသတ်မှု၊ ပဲခူးမြို.မှာ ချစ်သူအဖြစ်လက်မခံလို. ရေနစ်သတ်ဖြတ်မှု စသည်ဖြင့် လူငယ်
တွေအကြားမှာ ဥပဒေအသိပညာအားနည်းလျက် လက်နက်အားကိုးနဲ. တရားဥပဒေ
ကိုမျက်ကွယ်ပြုနေကြတဲ့ အဖြစ်တွေ များပြားလာနေပါတယ်။
ထိုသို. ဥပဒေမဲ့ သတ်ဖြတ်နေမှုများကို တရားစီရင်ရေးမဏ္ဍိုင်အနေနဲ. ဥပဒေအသိ
ပညာပေးမှုများ ဖြန်.ဝေတားဆီး ဆောင်ရွက်ဖို.လိုအပ်နေပြီဖြစ်ပါတယ်။ တဆက်တည်း
မှာပဲ လူသတ်မှုကျူးလွန်ခြင်းများ အပါအ၀င် ပြစ်မှုကြီးများ ကျူးလွန်ခဲ့ပါက တရားဥပဒေ
အနေနဲ. ဘယ်လို ထိရောက်ပြင်းထန်သည့် အပြစ်ဒဏ်မျိုးတွေ ကျခံနိုင်မလဲ၊ အပြစ်ပေး
အရေးယူခံရမလဲ ဆိုတာမျိုးတွေကိုလည်း ပြည်သူများအကြား၊ ဥပဒေပညာပေးမှုများ ပြုလုပ်ရန်လိုအပ်နေပါပြီ။ ဒါ့အပြင် သတင်းမီဒီယာများမှတဆင့်လည်း ပြည်သူတွေကို အသိပညာဖြန်.ဝေပေးဖို. လုပ်သင့်သည့်အပြင်၊ အရပ်ဖက်လူမှုအဖွဲ.အစည်းများနှင့်
လည်း တရားစီရင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာဖလှယ်ပေးမှုများ လုပ်ဆောင်သင့်နေပါပြီ။
ဒါ့အပြင် အရွယ်မရောက်သူ ကလေးသူငယ်မုဒိန်းမှုများကိုလည်း ပြည်သူတွေ သတင်း
မီဒီယာများမှတဆင့် နေ.စဉ်နှင့်အမျှ ရင်နင့်နာကျင်စွာ ကြားသိနေရပြီး ထိုဖြစ်ရပ်ဆိုး
များအတွက် ကလေးသူငယ်အကြမ်းဖက်မှုတားဆီးရေးနှင့် ဥပဒေဆိုင်ရာ ပညာပေး
လုပ်ငန်းများကိုလည်း တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် တာဝန်ယူ လုပ်ဆောင်ရန်
လိုအပ်နေချိန် ဖြစ်ပါတယ်။
ကလေးသူငယ်အကြမ်းဖက် မုဒိန်းမှုများကို ကျူးလွန်ခဲ့သူများကို ထိထိရောက်ရောက်
ပြင်းထန်တဲ့ အပြစ်ဒဏ်မျိုး ချမှတ်ပေးမှသာ ထိုပြစ်မှုမျိုး ကျူးလွန်ခြင်းကို တဖက်တလမ်း
မှ တားဆီးရာရောက်မည်ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ.မှာတော့ မကြာသေးခင်
က ပဲခူးတိုင်းအတွင်းက အသက်(၅)နှစ်အရွယ် အရွယ်မရောက်သူ ကလေးမုဒိန်းမှု
မှာ ပဲခူးမြို.နယ်တရားသူကြီးမှ တရားခံအား ပြစ်မှုထင်ရှားပါလျက် ထောင်ဒဏ်
၁နှစ် ၃ လသာ ချမှတ်လိုက်တဲ့အပေါ် တရားစီရင်ရေးမဏ္ဍိုင်နှင့် တရားသူကြီးများ
အပေါ် ပြည်သူတွေ မေးခွန်းထုတ်စရာတွေ ဖြစ်နေကြပါတယ်။ ပြစ်ဒဏ် ၁ နှစ်
၃ လဆိုသည်မှာ သာမန်ခိုးမှုတစ်ခုပြစ်ဒဏ်လောက်ကိုသာ မြို.နယ်တရားသူကြီး
ဆိုသူက ချမှတ်လိုက်ခြင်းဟာ အရွယ်မရောက်သေးသူ ကလေးသူငယ်များ အပေါ်
အကြမ်းဖက်မှုများ၊ မုဒိန်းမှုများကို ပိုမိုကျူးလွန်လာနိုင်စေရန် လမ်းဖွင့်ပေးလိုက်
သလိုဖြစ်သွားခဲ့ပါတယ်။ ယခုလို ပြစ်မှု နဲ. ပြစ်ဒဏ်မမျှတခြင်းအပေါ် နိုင်ငံတော်
တရားလွှတ်တော်အနေဖြင့်လည်း မီဒီယာသတင်းများ ဘယ်လောက်ပင် ရေးသား
ကန်.ကွက်နေပါစေ မတုန်မလှုပ်ရှိနေခြင်းကလည်း သတင်းမီဒီယာမဏ္ဍျိင်နှင့်
ပြည်သူများအကြား အံသြစရာပင် ဖြစ်နေခဲ့ကြရပါတယ်။
အများပြည်သူများရှေ.မှောက်တွင် တရားစီရင်ရေးဆိုသည်မှာလည်း ယနေ.တရားရုံး
များမှာ ခန်.ညားထည်ဝါမှု မရှိသည့်အပြင် လူနေရပ်ကွက် ချောင်ကြားများတွင် မြို.နယ်
တရားရုံးများတည်ရှိနေကြပြီး တရားခံတွေ၊ ရဲတွေ၊ အမှုသည်တွေ၊ ရှေ.နေရှေ.ရပ်
တွေနှင့် တိုးဝှေ.ကျပ်တည်းနေသည့် တရားရုံးများတွင် အများပြည်သူများရှေ.မှောက် တရားစီရင်ရေးဟာ ဖြစ်မလာခဲ့တော့ပါဘူး။
တခါတရံ သတင်းရယြူ့ကသည့် စတုမဏ္ဍိုင် သတင်းသမားများကိုပင် တရားရေး
ဝန်ထမ်းများနှင့် တရားသူကြီးများမှ ရုံးတော်မထေမဲ့မြင်ပြုမှုဖြင့် တရားစွဲတော့မလို ဟန်.တားမှုများစွာကိုလည်းသတင်းမသမားများကြုံတွေ.နေရဆဲဖြစ်ပါတယ်။ ပွင့်လင်း
မြင်သာတဲ့ခေတ်ကို လုပ်ဆောင်နေပါပြီလို. တခြားသောမဏ္ဍိုင်တွေက ဘယ်လောက်
ပင် ကြွေးကြော်နေပါစေ တရားစီရင်ရေးမဏ္ဍိုင်ကတော့ ယခင် စစ်အာဏာရှင်
လက်ထက်ကထက်ပင် ပိုမို ဆိုးဝါးနေပြီဟု ပြည်သူများ ဝေဖန်လျက်ရှိနေကြပါတယ်။
နိုင်ငံတော်အနေနဲ. ဌာနဆိုင်ရာပိုင် အဆောက်အဦးကြီးများစွာကို စီးပွားရေးလုပ်ငန်း
ရှင် ခရိုနီတွေကို ဈေးပေါပေါနဲ.ရောင်းချခဲ့ပြီး အများပြည်သူများရှေ.မှောက်တွင် တရားစီရင်နိုင်မယ့် တရားရုံးကြီးများအတွက် အဆောက်အဦးတွေ မရှိဖြစ်နေရခြင်း
ကတော့ မဖြစ်သင့်ပါ။ ခေတ်အဆက်ဆက် သာမန်ပြည်သူတွေကို တရားရုံးဆိုတာ
ကြောက်ရွံစရာ မသွားအပ်တဲ့နေရာလို မှန်ကန်မှုမရှိတဲ့အသိတရားတွေကနေ တရားရုံး
တွေ၊ တရားစီရင်ရေးတွေဆိုတာ ပြည်သူတွေပါ ပါဝင်နားထောင်လေ့လာနိုင်စရာ ပြည်သူ.အကာအကွယ်တရားရုံးတွေအဖြစ် အမြင်တွေ ပြောင်းလဲပစ်ဖို. တာဝန်မှာ
လည်း တရားစီရင်ရေးမဏ္ဍိုင်ရဲ.တာဝန်ပင် ဖြစ်ပေသည်။
အစိုးရသစ်လက်ထက်မှာ တရားရုံးတွေက တရားစီရင်မှုတွေမှာ ကလေးငယ်ကို
မုဒိန်းကျင့်သူကို ထောင်ဒဏ် ၁ နှစ်ကျော်သာချမှတ်ပြီး နစ်နာမှုအတွက် ဆနပြတဲ့ပုဒ်မ
(၁၈)လိုအမှုမျိုးကိုတော့ ထောင်ဒဏ် (၂) နှစ်ကျော်ချမှတ်လိုက်ခြင်းမျိုးတွေဟာ
ပြည်သူတွေ နားမလည်နိုင်တဲ့ တရားစီရင်မှုတွေ ဖြစ်နေခဲ့ရဆဲပါ။
ပြည်သူတွေအနေနဲ. ဘယ်လိုအမှုမျိုးတွေဟာ အာမခံလျှောက်ထားရင်ရနိုင်တယ်၊ ဘယ်လိုအမှုမျိုးတွေကတော့ အာမခံမရနိုင်ဘူးဆိုတာတဲ့ ဥပဒေလုပ်ထုံးလုပ်နည်း အသိတရားတွေ အပြင် ရှေ.နေငှားရမ်းဖို. ငွေကြေးမတတ်နိုင်သူတွေအနေနဲ. ဥပဒေ
အကြံပေးတွေကို ပြည်သူ.အခွင့်အရေးအရ လိုက်ပါဆောင်ရွက်ပေးဖို. တောင်းဆို
ခွင့်ရှိသည် စတဲ့ တရားစီရင်ရေးမဏ္ဍိုင်ရဲ.လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြည်သူ
တွေအကြား အသိပညာဖြန်.ဝေပေးဖို. ပျက်ကွက်နေပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ. တရားရုံးမှာ အမှုတစ်ခုရင်ဆိုင်ရပြီဆိုရင် သူတို.
အတွက် ဘယ်လိုဥပဒေအကာအကွယ်တွေ၊ ဥပဒေအကျိုးခံစားခွင့်တွေ ရှိတယ်၊
ရမယ်ဆိုတာ မသိကြတော့ပဲ အမှုပွဲစားတွေ၊ ရှေ.ဘတ်စာရေးတွေ၊ ရဲတွေရဲ. ပြော
သမျှ လိုက်လုပ်ကြရပြီး နောက်ဆုံးမှာ ဘ၀တွေ နစ်နာသွားကြတာ ဘယ်လောက်
များနေခဲ့ပြီလဲဆိုတာ တရားစီရင်ရေးမဏ္ဍိုင်က တာဝန်ရှိသူများ လေ့လာသုံးသပ်
ကြည့်ကြစေလိုပါတယ်။
နိဂုံးချုပ်အားဖြင့် ဦးခင်အောင်မြင့်မိန်.ခွန်းက ဆရာကြီးဂါဒီးယမ်း ဦးစိန်ဝင်းရဲ.စကား
ကို ပြန်ကောက်နှုတ်ကြည့်မယ်ဆိုရင် ခြေထောက်လေးချောင်းရှိတဲ့ စားပွဲတစ်ခု
လို နိုင်ငံရဲ.မဏ္ဍိုင်(၄)ရပ်မှာ တရားစီရင်ရေးမဏ္ဍိုင်ကတော့ ပိုရှည်ထွက်နေသလား၊ တိုနေသလားဆိုတာထက် တရားစီရင်ရေးမဏ္ဍိုင်ဟာ ယနေ.အထိ ပွင့်လင်းမြင်သာမှု
ကင်းမဲ့စွာ ပြည်သူတွေ သဲသဲကွဲကွဲ မြင်ကိုမမြင်ရပဲ ပျောက်ဆုံးနေတာကတော့ အရှိ
တရားတစ်ခုပါ။ ကျွန်တော်တို. ယခုလို ထောက်ပြဝေဖန်မှုများဟာ အပြုသဘောဆောင်
တဲ့ဝေဖန်မှုတွေပါ။ ပြည်သူတွေဟာ နေ.စဉ်နဲ.အမျှ နိုင်ငံရဲ.မဏ္ဍိုင်ကြီး(၄)ရပ်နဲ. ထိတွေ.
ဆက်ဆံနေကြရတာမို. ပြည်သူတွေလက်တွေ. ခံစားနေရတဲ့ တရားစီရင်ရေးမဏ္ဍိုင်ရဲ. လိုအပ်ချက်များ၊ ချစားမှုများ၊ ပွင့်လင်းမြင်သာမှု ကင်းမဲ့နေမှုများကို ပြုပြင်စေချင်တဲ့
နိုင်ငံသားတစ်ယောက်ရဲ.ဆနမှန်ဖြစ်ပါတယ်။
ဒါကြောင့် တိုင်းပြည်တစ်ခုရဲ. အသက်သွေးကြောဖြစ်တဲ့ မဏ္ဍိုင်ကြီး(၄)ရပ်အနက် တရားစီရင်ရေးမဏ္ဍိုင်ဆိုတဲ့ ခြေထောက်တစ်ချောင်း ပျောက်ဆုံးနေတဲ့ တိုင်းပြည်လို.
သာ တင်ပြလိုက်ရပါတော့သည်။
ကျော်စွာမြင့်( ၁၉၈၈- ၁၉၉၂ ဗ.က.သ )
( Tomorrow သတင်းဂျာနယ်အမှတ်(၂၉)ပါ ဆောင်းပါး )
( Tomorrow သတင်းဂျာနယ်အမှတ်(၂၉)ပါ ဆောင်းပါး )

No comments:
Post a Comment