Sunday, September 14, 2014

NLD ရုံးချုပ် အဆောက်အဦးကို ၆ ထပ်တိုက် အဖြစ် ပြောင်းလဲတည်ဆောက်နိုင်ရန် စတင် ပြင်ဆင်မှုများ ပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးသစ်တည်ဆောက်ရေးကော်မတီ မှ တာဝန်ရှိ သူများက ၁၃.၉.၂၀၁၄ ရက်နေ့ တွင် နေပြည်တော်၌ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံ ပြီး အဖွဲ့ ချုပ် ရုံး အဆောက်အဦးဟောင်း ဖျက်သိမ်းနိုင်ရေး ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ဌာန ၌ လျှောက်ထားနိုင်ရန် အတွက်
ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုး၍ လျောက်ထားရန် အသင့်ဖြစ်နေပြီဟု သတင်းရရှိသည်။


အဆောက်အဦးဟောင်း ဖျက်မိန့် ကို နှစ်ရက်သုံးရက် အတွင်း လျောက် ထားမည် ဟု သိရသည်။ ရန်ကုန် စည်ပင်သို့ အဆောက်အဦ ဖျက်မိန့် သည် လျှောက် ထားပြီး ရက်ပိုင်း အတွင်း ပြန်ကျလာဖွယ် ရှိကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် အဆောက်အဦးအသစ်ကို အထပ်ခြောက်ထပ် အထိ ဆောက်လုပ်ရန် လျာထားကြောင်း သတင်းရရှိ ပါသည်။ ပါတီဝင်အများစုက အနှစ်နှစ် အလလ ခေါင်းဆောင်များ အားလုံး နီးပါး အကျဉ်းကျနေချိန်တွင် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်မှု များ၊ အစည်းအဝေးများ၊ တိုင်ပင်မှုများ ပြုလုပ်ခဲ့သည့် ရုံးနေရာ အဟောင်းလေး ပုံပြောင်းသွားမည်ကို ၀မ်းနည်းလျက်ရှိသော်လည်း ပါတီကြီး တစ်ခု
အနေဖြင့် ကျယ်ပြန့်ပြီး စနစ်ကျသော ရုံးနေရာ တစ်ခုမှာ မဖြစ်မနေ လိုအပ် လာပြီ ဖြစ်သည်ကို အားလုံးက တညီတညွှတ်တည်း လက်ခံထားကြသည်။

အဆိုပါ ရုံးဆောက်လုပ်မှုအတွက် နိုင်ငံသားတိုင်း မည်သူမဆို ပါဝင်လှူ
ဒါန်းနိုင်ပြီး တည်ဆဲ ဥပဒေများအရ လှူ ဒါန်းသူ၏ နာမည်နှင့် မှတ်ပုံတင် နံပါတ်များ ပါဝင်မှသာ အလှူ ငွေ (သို့) ဆောက်လုပ်မှု ပစ္စည်းများကို လက်ခံ သွားမည် ဟု ရုံးသစ်တည်ဆောက်ရေး ကော်မတီဝင် တစ်ဦးက ပြောကြား ခဲ့သည်။

The Ladies News Journal
 
 

No comments:

Post a Comment