Sunday, September 14, 2014

[ ဗု ဒၶ ၏ အ ဆံု း အ မ ေ တ ာ္ မ် ာ း - ၁ ၈ ၁ ]


ကောင်းမှု၊ မကောင်းမှု၏ မှတ်ကျောက်
=====================================================

- မင်းနန်(မော်ကျွန်း) ရေးသားသည်။

လွန်ခဲ့သော ၁၅ နှစ်ခန့်က ဖြစ်ပါ သည်။ ထိုစဉ်က ကျွန်တော်၏ အိမ်ခန်းကလေးတွင် ကြမ်းပိုး တို့ ကွန်းခိုခဲ့ပါသည်။ တစ်နေ့ အလုပ်အား ရက်တွင် ထိုကြမ်းပိုးတို့ကို ရှင်းလင်းသည်။ ထိုသို့ရှင်းလင်းရာ၌ အကုသိုလ်လည်းမဖြစ် စေရ၊ ကြမ်းပိုးတို့လည်း ကင်းစင်စေရမည် ဟူသောမူကို ချမှတ်လျက်၊ ကြမ်းပိုးတို့ကို မသတ်ဖြတ်။ ရေခွက်တစ်လုံးထဲတွင် ရေ စပ်စပ်ထည့်ထားလျက် ဖမ်းမိသော ကြမ်းပိုး တို့ကို ထိုရေခွက်ထဲ ထည့်သည်။ ရေများ များထည့်လျှင် ကြမ်းပိုးတို့ ရေနစ်သေမည် စိုးသောကြောင့် ဖြစ်ပါသည်။



ရေစပ်စပ်သာ ထည့်ထားသဖြင့် ကြမ်းပိုးတို့မှာ ရေခွက်အပေါ်သို့ တက်မလာ နိုင်။ ကြမ်းပိုးကောင်ရေ အတော်များများရှိ လာသောအခါ၊ အိမ်နှင့် အတန်ဝေးသော မြက်ခင်းပြင်ထဲသို့ ကြမ်းပိုးများကို လွှင့်ပစ် သည်။

ထိုသို့ပြုနေစဉ်အခိုက်မှာပင် ကျွန် တော့်ထံသို့ ဧည့်သည်တစ်ဦး ရောက်လာပါ သည်။ သူက ကျွန်တော့်ထက် အသက်ကြီး သည်။ ကျွန်တော့်ထက် စာပိုဖတ်သောကြောင့် ကျွန်တော်လေးစားသော ''စာဖတ်သမား တစ်ဦး''လည်း ဖြစ်ပါ၏။ ကျွန်တော့်အပြုအ မူကိုမြင်တော့ သူက ဤသို့ ပြောပါသည်။

''မင်းကွာ အပင်ပန်းခံပြီး မြက် ခင်းထဲ သွားပြီးလွှင့်ပစ်နေသေးတယ်။ အခု မင်းလုပ်နေတာလဲ ကြမ်းပိုးတွေကို သတ်နေ တာနဲ့ အတူတူပါပဲ''

''ဗျာ...ကျွန်တော်က သူတို့ ကို မသတ်ချင်တဲ့အတွက် အခုလို တကူးတ ကဖမ်းပြီး မြက်တောထဲ လွှင့်ပစ်နေတာလေ။ ဘာဖြစ်လို့ သတ်တာနဲ့ တူနေရမှာလဲ''

''ဟ... ကြမ်းပိုးဆိုတာ သွေး စုပ်ရမှ အသက်ရှင်တာလေ။ မြက်တောထဲ မှာ ဘာသွေးမှ စုပ်စရာမရှိလို့ ကြာတော့အ စာငတ်ပြီး သေဖို့ပဲ ရှိတော့တာပေါ့။ ဒါကြောင့် သတ်တာနဲ့ တူနေတာပဲ။ ဘာမှ မထူးဘူးလို့ ပြောလိုက်တာ''

သူ့စကားကြားရတော့ စိတ်မှာ အတန်ငယ် အနှောင့်အယှက် ဖြစ်မိသည်။

သို့တစေ ထိုအပြုအမူအတွက် မိမိ၏စေတ နာကို မိမိယုံကြည်သောကြောင့် စိတ်တွင် သို့လော သို့လော သံသယဖြစ်ဖွယ် မရှိ။ ကျွန်တော့်အနေ
ဖြင့်မိမိ၏အိမ်ခန်းလေးထဲတွင် ကြမ်းပိုးကင်းရှင်းစေလိုသော
ရည်ရွယ်ချက်သာရှိသည်။

ကြမ်းပိုးတွေကို သေစေလို သောစေတနာမရှိ။ ထိုဧည့်သည်မှာ
စာစုံဖတ်သော်လည်း အတွေးခေါင်လွန်းသူ ဖြစ်ဟန်တူပါ၏။

ပါဏာတိပါတကံ မြောက် စေသော အချက်တို့ကို သိဟန်မတူ။ ပါဏာ တိပါတကံ မြောက်စေရန်မှာ သေစေလိုသော စေတနာရှိရမည်။ ကိုယ်ထိလက်ရောက် သေ စေရန်အားထုတ်မှုရှိရမည်။ သတ္တဝါလည်း သေဆုံးရမည်။

ယခု... ကျွန်တော်၌ ကြမ်းပိုး များကို သေစေလိုသော စေတနာမရှိ။ သေ စေရန်လည်း လက်ဖြင့် ဖိညှစ်သတ်ဖြတ်ခြင်း မပြု။ ကြမ်းပိုးတွေလည်း မသေ။ သို့စဉ်လျက် လက်တွေ့မကျသော အတွေးဖြင့် ကြမ်းပိုး အရှင်တွေကို အိမ်ခန်းမှဖယ်ရှားကာ မြက် တောထဲ လွှင့်ပစ်သည်ကို ''သတ်တာနဲ့အ တူတူပဲ''ဟု မှတ်ချက်ပေးခဲ့ခြင်း ဖြစ်ပါ၏။

ကျွန်တော့်အနေဖြင့်မူ ကြမ်းပိုး တွေကို ယခုကဲ့သို့ မသတ်ဘဲ ကောက်ယူ လွှင့်ပစ်သည့်အတွက် နောင်တရစရာ မရှိပါ ချေ။ သူတစ်ပါးအသက် သတ်ခြင်းဟူသော ပါဏာတိပါတကံကို မကျူးလွန်သောကြောင့် ပူပန်ဆင်းရဲရခြင်းလည်း မရှိ။ မကောင်းမှု တစ်ခုပြုလိုက်မိပါပြီကော...ဟူ၍လည်း သောကရောက်စရာ မရှိပါ။ ထိုအချက်များ အပေါ် တည်မှီလျက် ကျွန်တော်၏ ထိုအပြု အမူသည် ''မကောင်းမှု'' မဟုတ်ကြောင်း ထင် ရှားပါသည်။

စင်စစ် ''ကောင်းမှု''ဟူသည် အ ဘယ်နည်း။ မကောင်းမှုဟူသည် အဘယ် နည်းဟူ၍ ကွဲကွဲပြားပြား ခွဲခြားသတ်မှတ် ရန်မှာ ခက်ခဲလေးနက်လွန်းသော အရာမ ဟုတ်ပါချေ။ အချို့သူတွေကမူ ကောင်းမှု၊ မကောင်းမှုဟူသည်ကို ပုံသေသတ်မှတ်နိုင် ခြင်းမရှိ။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဟု ဆိုတတ်ကြပါသည်။

ဘာသာတရားတစ်ခုတွင် ''မ ကောင်းမှု''ဟု သတ်မှတ်ထားသော အရာကို အခြားဘာသာတရားများက ''မကောင်းမှု'' ဟု သတ်မှတ်ထားခြင်းမရှိကြောင်း။ ဥပမာ အားဖြင့် ငွေတိုးပေးစားမှုကို ဘာသာတရား တစ်ခု အပြစ်ကြီးသော မကောင်းမှုတစ်ခု အဖြစ် သတ်မှတ်ထားလင့်ကစား၊ အခြားဘာ သာတရားများတွင် အပြစ်ကြီးသော မ ကောင်းမှုအဖြစ် သတ်မှတ်ထားခြင်း မရှိ ကြောင်း၊ သားငါးများကို သတ်ဖြတ်စား သောက်မှုကို အပြစ်ရှိသည်ဟု ယူဆထားသူ တို့ရှိသလို သားငါးများကို သတ်ဖြတ်စား သောက်ခြင်းကို အပြစ်မရှိဟု ယူဆထားသူ တို့ရှိကြောင်း လူမှုရေးတွင်လည်း လက်မထပ် အတူနေစနစ်ကို ကျင့်သုံးသူတို့က သူတို့ နေနည်း မှန်ကန်သည်ဟု သူတို့နိုင်ငံရေမြေ ဓလေ့ထုံးစံအရ ခံယူထားသော်လည်း လက် မထပ်အတူနေစနစ်ကို အပြစ်တစ်ခုဟု မြင် လျက် ပြင်းပြင်းထန်ထန် ဆန့်ကျင်သော လူ့အဖွဲ့အစည်း လည်းရှိနေကြောင်း ထောက် ပြပြောဆိုကြပါသည်။

စင်စစ်ကောင်းမှုနှင့် မကောင်း မှုကို ခွဲခြားသော မှတ်ကျောက်ရှိပါ၏။ ဓမ္မ ပဒလာ အထက်ပါ အဆုံးအမတော်တွင် မြတ်စွာဘုရားက ကောင်းမှုနှင့် မကောင်းမှု ကို ခွဲခြားနိုင်သော ''မှတ်ကျောက်''ကို ညွှန် ပြတော်မူခဲ့ခြင်း ဖြစ်ပါသည်။ အကြင်အမှု တစ်ခုကိုပြုလုပ်၏ ထိုသို့ပြုလုပ်ပြီးနောက် နောင်တတစ်ဖန် ပူပန်ရလျှင် ထိုအမှုသည် မကောင်း၊ မျက်ရည်စက်လက်နှင့် ငိုကြွေး ရလျှင် ထိုအမှုသည်မကောင်း၊ ဆင်းရဲဒုက္ခ ခံရလျှင် ထိုအမှုသည်မကောင်း။ ဤအချက် များသည် မကောင်းမှုဟု ခွဲခြားသတ်မှတ် နိုင်သော မှတ်ကျောက်ဖြစ်ပါ၏။

အကြင်အမှုတစ်ခုကို ပြုလုပ်၏။ ထိုသို့ပြုလုပ်ပြီးနောက် နောင်တတစ်ဖန် မပူပန်ရလျှင် ထိုအမှုသည် ကောင်း၏။ မျက် ရည်စက်လက်နှင့် မငိြုေ<ွကးရလျှင် ထိုအမှု သည် ကောင်း၏။ နှစ်သက်ဝမ်းမြောက်စွာ ကောင်းကျိုးကို ခံစားရလျှင် ထိုအမှုသည် ကောင်း၏။ ဤအချက်များသည် ကောင်းဟု သတ်မှတ်နိုင်သော မှတ်ကျောက်ဖြစ်ပါ၏။

လူတို့သည် နေ့စဉ်နှင့်အမျှ ကြံ တွေးနေသည်။ ပြောဆိုနေသည်။ ပြုမူလုပ် ကိုင်ဆောင်ရွက်နေသည်။ မနောကံ ဝစီကံ ကာယကံမှုတို့ကို နေ့စဉ်နှင့်အမျှ ပြုကြရာ တွင် အကုသိုလ်ဖြစ်လျှင်ဖြစ်၊ ကုသိုလ်မဖြစ် လျှင် အကုသိုလ်ဖြစ်ပေလိမ့်မည်။

သို့ဖြစ်၍ မနောကံမှုဖြစ်စေ၊ ဝစီကံမှုဖြစ် စေ၊ ကာယကံမှုဖြစ်စေ မပြုမီကကြိုတင်၍ သည်လို ပြောဆိုလိုက်ခြင်းအားဖြင့် သည်လိုပြုမူဆောင်ရွက် လိုက်ခြင်းအားဖြင့် မိမိသည် ဆင်းရဲဒုက္ခရောက်နိုင် သလား။ ဝမ်းနည်းပူဆွေးနိုင်သလား။ အကျိုးစီးပွား ထိခိုက်ပျက်စီးစေနိုင်သလား။ နောင်တတစ်ဖန် စိုးရိမ် သောကရောက်နိုင်သလားဟူ၍ စဉ်းစားဆင်ခြင် သင့်ပါ၏။

မိမိ၏ဘဝအတွေ့အကြုံမှ သင်ခန်းစာထုတ် ယူ၍လည်းကောင်း၊ သူတစ်ပါး၏အတွေ့အကြုံမှ သင် ခန်းစာထုတ်ယူ၍လည်းကောင်း၊ မိမိပြုမည့် ကံသုံး ပါးသည် ကောင်းသောအမှုဖြစ်မည်လား။ မကောင်း သော အမှုဖြစ်မည်လားဟူ၍ ကြိုတင်စိစစ်ဆင်ခြင် နိုင်ပါသည်။

ကာယကံမှုတွင် ကောင်းသော ကာယကံ သုံးမျိုးရှိသလို ဆိုးသော ကာယကံသုံးမျိုးလည်းရှိပါ ၏။ ဝစီကံမှုတွင် ကောင်းသော ဝစီကံမှုလေးမျိုးရှိသလို ဆိုးသော ဝစီကံမှုလေးမျိုးလည်းရှိပါ၏။ မနောကံမှု တွင် ကောင်းသောမနောကံမှု သုံးမျိုးရှိသလို ဆိုးသော မနောကံမှုလည်း သုံးမျိုးရှိပါ၏။

ကာယကံမှုတွင် တစ်ပါးအသက်ကို မသတ် ဖြတ်ဘဲ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးပိုင်ပစ္စည်းကို မခိုး ယူခြင်း၊ သူတစ်ပါးသားမယားကို မပြစ်မှားမကျူးလွန် ခြင်းသည် သုစရိုက်ကောင်းမှုများ ဖြစ်ပါသည်။ ဤ အပြုအမူများကို ပြုခြင်းအားဖြင့် နောင်တတစ်ဖန်ပူ ပန်ရခြင်းမျိုးမရှိပါ။ ဆင်းရဲဒုက္ခရောက်စရာအကြောင်း မရှိပါ။ ပူဆွေးသောကရောက်စရာ အကြောင်းမရှိပါ။ ''ငါသည် ကာယဒုစရိုက်သုံးမျိုးကင်းစင်၍ မကောင်း ကံ၏အကျိုးကို မခံစားရ''ဟု တွေးမြင်လျက် နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်ရပါ၏။

ကာယကံမှုတွင် သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်း၊ သူတစ်ပါးပစ္စည်းကိုခိုးယူခြင်း၊ သူ တစ်ပါးသားမယားနှင့် ကျူးလွန်ဖောက်ပြန်ခြင်းတို့ သည် မကောင်းမှုဒုစရိုက်များဖြစ်ပါ၏။ ဤဒုစရိုက်မှု များကို ပြုလုပ်ကျူးလွန်သော် နောင်တတစ်ဖန်ပူပန် ရပေလိမ့်မည်။ ဆင်းရဲဒုက္ခရောက်ရပေလိမ့်မည်။ ပူ ဆွေးသောကဖြစ်ပေလိမ့်မည်။ ဥပမာအားဖြင့် သူတစ် ပါး၏အသက်ကို သတ်ဖြတ်သော် ထောင်ဒဏ်ကျခံ ရခြင်း၊ မိသားစုနှင့် ခွဲခွာနေရခြင်းတို့ကြောင့် နောင်တ တစ်ဖန်ပူပန်ရပေမည်။ အကျဉ်းထောင်ထဲ နေရသော ကြောင့် ဆင်းရဲဒုက္ခရောက်ပေလိမ့်မည်။

ဝစီကံမှုတွင် ဟုတ်မှန်သည်ကိုသာ ပြောဆို ခြင်း၊ ကုန်းချောစကားမပြောဆိုခြင်း၊ ကြမ်းတမ်းသော စကားကိုမပြောဆိုခြင်း၊ ပြိန်ဖျင်းသောစကားကို မပြော ဆိုခြင်းတို့သည် ဝစီသုစရိုက်မှုများဖြစ်ပါ၏။ ဤသု စရိုက်မှုများကိုပြုခြင်းကြောင့် နောင်တတစ်ဖန်ပူပန် ရခြင်းမျိုးမရှိနိုင်ပါ။ ဆင်းရဲဒုက္ခရောက်စရာအကြောင်း မရှိပါ။ ပူဆွေးသောကဖြစ်ဖွယ်ရာမရှိပါ

ဝစီကံမှုတွင် မဟုတ်မမှန် ပြောဆိုခြင်း၊ ကုန်းချောပြောဆိုခြင်း ကြမ်းတမ်းသောစကားကိုပြော ဆိုခြင်း၊ ပြိန်ဖျန်းသောစကားကို ပြောဆိုခြင်းတို့သည် ဝစီဒုစရိုက်မှုများဖြစ်ပါ၏။ ဤဒုစရိုက်မှုများ ပြုခြင်း ကြောင့်၊ နောင်တတစ်ဖန်ပူပန်ရပေလိမ့်မည်။ ဆင်းရဲ ဒုက္ခရောက်ရပေလိမ့်မည်။ ပူဆွေးသောက ကြုံရပေ လိမ့်မည်။

မနောကံမှုတွင် သူတစ်ပါးပစ္စည်းကို ရှေးရှု ကြံစည်မှုမရှိခြင်း၊ သူတစ်ပါးအား မပျက်စီးစေလိုခြင်း၊ အယူမှန်ခြင်းတို့သည် မနောသုစရိုက်မှုများဖြစ်ပါ၏။ ဤသုစရိုက်မှုများပြုခြင်းကြောင့် နောင်တတစ်ဖန်ပူ ပန်ရဖွယ်မရှိပါ။ ဆင်းရဲဒုက္ခရောက်စရာအကြောင်း မရှိပါ။ ပူဆွေးသောကဖြစ်စရာအကြောင်းမရှိပါ။

မနောကံမှုတွင် သူတစ်ပါးပစ္စည်းကိုရှေးရှု ကြံစည်ခြင်း၊ သူတစ်ပါးအားပျက်စီးစေလိုခြင်း၊ အယူ မှားခြင်းတို့သည် မကောင်းမှုဒုစရိုက်များဖြစ်ပါ၏။ ဤ ဒုစရိုက်မှုများကိုကျူးလွန်သော တစ်ချိန်ချိန်တွင် နောင် တတစ်ဖန် ပူပန်ရပေလိမ့်မည်၊ ဆင်းရဲဒုက္ခရောက်ပေ လိမ့်မည်၊ ပူဆွေးသောကဖြစ်ပေလိမ့်မည်။

''မနုဿတ ဘာဝေါဒုလ္လဘော'' ဟု ဘုရား ရှင်ဂုဏ်တင်တော်မူသော ''လူ့ဘဝ''ရစဉ်အခိုက် သည် ဘဝတွင် စိတ်ကြည်ကြည်လင်လင် ချမ်းချမ်းမြေ့မြေ့ နေရဖို့လိုပါသည်။ ဒုစရိုက်မှုပြုခြင်းကြောင့် ခံစားရ သည့် ဆင်းရဲဒုက္ခတွေကင်းဝေးဖို့လိုပါသည်။ ဒုစရိုက် မှုကြောင့်ဖြစ်ပေါ်လာသော နောင်တ တစ်ဖန်ပူပန်ရ ခြင်းမျိုးမှ ကင်းဝေးဖို့လိုပါသည်။ ကံသုံးပါးစလုံးတွင် ကောင်းမှုနှင့်ယှဉ်လျှင် အပြစ်ကင်းစင်ပျော်ရွှင်ချမ်းသာ သော ဘဝကောင်းဘဝမွန်ကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့် မည်။

#TheFlowerNews

No comments:

Post a Comment