Friday, September 19, 2014

တိုင်းနှင့်ပြည်နယ်ရှစ်ခုတွင် ဆင်းရဲနွမ်းပါးမှုစစ်တမ်းကောက်မည်

တိုင်းဒေသကြီးတစ်ခုနှင့် ပြည်နယ်ခုနစ်ခုတွင် ဆင်းရဲနွမ်းပါးမှုစစ်တမ်းများ ဆက်လက် ကောက်ယူရန် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအစီအစဉ် (WFP)နှင့်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေး အစီအစဉ် (WFP)နှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပူးပေါင်း ကာ ဆင်းရဲနွမ်းပါးမှုအခြေအနေ စစ်တမ်းကောက်ယူနိုင်ရန် သ ဘောတူညီမှုစာချွန်လွှာကို စက် တင်ဘာ ၁၇ ရက်က လက်မှတ် ရေးထိုးခဲ့သည်။

‘‘စစ်တမ်းကောက်ယူခြင်း နှင့်ဆက်စပ်သည့် လိုအပ်သော ပုံစံများစုခြင်း၊ စစ်တမ်းကောက် ယူခြင်း၊ အချက်အလက်များခွဲ ခြားစိတ်ဖြာ သုံးသပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ဟု မွေးမြူရေး၊ ရေ လုပ်ငန်းနှင့်ကျေးလက်ဒေသဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။
ထို့ပြင် ကျေးလက်ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ရာတွင် သတင်းအချက်အလက် နှင့် ကိန်းဂဏန်းကို အချိန်နှင့် တစ်ပြေးညီရရှိနိုင်ရန် သတင်းအချက်အလက်ဗဟိုဌာနများကိုနေပြည်တော်အပါအဝင် ကျောက်ဆည်၊ ကျိုင်းတုံ၊ လားရှိုး၊မြစ်ကြီး နား၊ မုံရွာ၊ စစ်တွေမြို့များတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
WFP က မြစ်ဝကျွန်းပေါ်ဒေ သစားနပ်ရိက္ခာဖူလုံမှုနှင့် ဆင်းရဲမှုစစ်တမ်းကို ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် နေ ထိုင်ကြသော ကျေးလက်နေအိမ် ထောင်စုများ၏ ဆင်းရဲနွမ်းပါးမှု အခြေအနေများကို ကောက်ယူခဲ့ ပြီးဖြစ်သည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန အနေဖြင့် Survey များ၊ Assess-ment များကို ကိုယ်တိုင်ကောက် ယူ လေ့လာသုံးသပ်လျက်ရှိပြီးကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၊ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေး အဖွဲ့၊ကမ္ဘာ့ဘဏ်၊ LIFT Fund အစရှိသည့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမှ အစိုးရမဟုတ် သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
Credit - 7DAY DAILY

No comments:

Post a Comment