သတင်း - ကရင်အမျိုးသား(မီဒီယာ)
ယနေ့နံနက် ၂ နာရီခန့်က မြ၀တီမြို့ ကြံခင်းလမ်းတွင် မြန်မာစစ်တပ်နှင့် DKBA
ပစ်ခတ်မှုဖြစ်ပွားရာ DKBA တပ်ရင်း (၉၁၀)မှ ဗိုလ်လင်းနိုင် သေဆုံးပြီး
ကျန်တဦးဒဏ်ရာပြင်းထန်စွာရရှိပြီး မြ၀တီဆေးရုံ အရေးပေါ်ဌာနတွင်
ရောက်ရှိနေသည်ဟု DKBA တပ်မှူးတဦးကပြောသည်။
ပစ်ခတ်မှုကို အသေးစိပ်စုံစမ်းမှုများပြုလုပ်နေပြီး လုံးဝလက်မခံနိုင်သည့် ဖြစ်ရပ်ဖြစ်သည်ဟု DKBA တပ်မှူးကြီးတဦးကပြောပြီး မြန်မာအာဏာပိုင်များ ယခုဖြစ်ရပ်ကို ဖြေရှင်းပေးရမည်ဟုဆိုသည်။
ကြံခင်းလမ်းတွင်နေထိုင်သူတဦးက"ဖြစ်တာဟုတ်တယ်
ဒီကေဘီအေနဲ့နယ်ခြားစောင့်တပ်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့လို့ကြားတယ်"ဟုပြောသည်။
မြ၀တီတွင် နှစ်ရက်ဆက်တိုက် ချိန်ကိုက်မိုင်းတွေ့ရှိပြီးနောက် အာဏာပိုင်များက လုံခြုံရေးကို အချိန်ပြည့်တိုးမြှင့်ထားသည်ဟု ခရိုင်အဆင့်တာဝန်ရှိသူတဦးက ယမန်နေ့က မီဒီယာသမားများကိုပြောသည်။
ယနေ့ပစ်ခတ်မှုနှင့်ပတ်သက်၍ DKBA မှ တပ်မှူးကြီးတဦးဖြစ်သည့် ဗိုလ်မှူးကြီးကျော်သက်က " ငါ့လူတယောက်သေရင် သူတို့လူဆယ်ရောက်သေရမယ်"ဟု ယနေ့နံနက်ပိုင်းက ပြောဆိုခဲ့သည်။
ချိန်ကိုက်မိုင်းများတွေ့ရှိမှုနှင့်နောက်ဆက်တွဲဖြစ်ရပ်များကြောင့် ပြည်သူများ ကျီးလန့်စာစားဖြစ်နေကြရသည်ဟု မြ၀တီမြီု့ခံများကပြောဆိုနေကြသည်။
ပုံစာ - DKBA တပ်ဖွဲ့ဝင်များ ။

Credit - ကရင်အမျိုးသား-မီဒီယာ

No comments:
Post a Comment