သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
ယနေ့မွန်းလွဲပိုင်းတွင် မြ၀တီမြို့ ကို ဒီကေဘီအေအဖွဲ့က
ဝင်ရောက်ပစ်ခတ်သိမ်းဆည်းမည်ဟု သတင်းထွက်ပေါ်နေမှုကြောင့်
ပြည်သူများအထိတ်တလန့် ဖြစ်ပွားနေသည့်သတင်းမှာ မလိုသူများက
ကောလာဟလထုတ်လွင့်သည့် သတင်းဖြစ်သည့်အတွက် ပြည်သူများစိုးရိမ်မှုမရှိကြရန်
ဒီကေဘီအေအဖွဲ့ကပြောသည်။
မြ၀တီမြို့  ဒီကေဘီအေဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီးစိုးမြင့်က"
မလိုသူတွေကဒီသတင်းကို ဖြန့်လိုက်တဲ့အတွက် မြ၀တီကကျောင်းအချို့ မှာ မိဘတွေကကလေးတွေကို လာခေါ်ယူတဲ့အတွက် မြ၀တီမှာဒီနေ့ အခြေအနေတွေအတော်ရှုတ်ထွေးကုန်တယ် ဒီကိစ္စမဟုတ်ဘူးဆိုတဲ့အကြောင်း ကျနော်တို့အထက်လူကြီးတွေရဲ့တာဝန်ပေးချက်အရ သက်ဆိုင်ရာကတာဝန်ရှိသူအချို့ နဲ့အတူ ကျောင်းတွေမှာ လိုက်လံရှင်းပြခဲ့ရတယ်"ဟု ကရင်အမျိုးသား(မီဒီယာ)ကိုပြောသည်။
ဒီကေဘီအေအနေနှင့် မြ၀တီမြို့ကို ပစ်ခတ်တိုက်လိုက်မည်မဟုတ်ကြောင်း ပြည်သူများအနေနှင့် စိတ်ချလက်ချနေထိုင်သွားလာနိုင်ကြောင်း ဒီကေဘီအေအနေနှင့်ငြိမ်းချမ်းရေးကို ပျက်စီထိခိုက်မည့်လုပ်ရပ်များလုပ်ဆောင်မည်မဟုတ်ကြောင်း ၎င်းတို့အဖွဲ့ရဲ့ သဘောထားကိုလည်း ဖြည့်စွက်ပြောဆိုသည်။
မြ၀တီမြို့ခံ မီဒီယာသမားတဦးက" ဘယ်သူကဘယ်ကစလိုက်တဲ့ ကောလာဟလမှန်းမသိဘူး မြ၀တီမှာဒီနေ့ အတော်လေးကို လူတွေထိတ်လန့်စိုးရိမ်ကြပြီး ရှုတ်ထွေးမှုတွေဖြစ်ကုန်တာဖြစ်တယ်"ဟုဆိုသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက "သတင်းကတော့အခြေအမြစ်မရှိပါဘူး မြ၀တီမှာဒီည ၉ နာရီကစပြီး ညမထွက်ရအမိန့်ထုတ်မယ်ဆိုတာလည်း မဟုတ်ပါဘူး အေးချမ်းတာကိုမလိုလားတဲ့လူတွေက သတင်းဖြန့်တာတွေပါ"ပြောသည်။
မြို ခံတဦးက မြ၀တီမှာ ညမထွက်ရအမိန့်ထုတ်ရလောက်အောင်တော့မရှိပါဘူး မနက်ဖြန်မြ၀တီကို ကရင်ပြည်နယ်အစိုးဝန်ကြီးအချို့ လာမှာဆိုတော့ လုံခြုံရေးကိုတိုးမြှင့်တာလောက်ဘဲရှိတာပါ"ဟုဆိုသည်။
လတ်တလောမြ၀တီမှာဖြစ်နေတဲ့ အခြေအနေတွေကြောင့် လူတွေကြီးလန့်စာစားဖြစ်နေကြရတယ်ဟု မြို့ ခံများကပြောသည်။
ပုံစာ - ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့ ။

No comments:
Post a Comment