Friday, September 19, 2014

သေရည် အရက်

- ပေါက်ပေါက်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၆)။

အရက်ဆိုတဲ့ Ethyl Alcohol (အီသိုင်းလ် အယ်လ်ကိုဟော) ဟာ ပျမ်းမျှအားဖြင့် ဘီယာအပျော့မှာ သုံးရာခိုင်နှုန်း၊ ဘီယာအပြင်းမှာ ခြောက် ရာခိုင်နှုန်း၊ ဝိုင်အပျော့မှာ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင် နှုန်း၊ ရှယ်ရီနှင့်ဝိုင်မှာ ၁၆ ဒသမ ၂ဝ ရာခိုင်နှုန်း၊ ဝီစကီ နှင့်ဂျင်မှာ ရာခိုင်နှုန်း ၄ဝ၊ ဘရန်ဒီမှာ ၄၅ ဒသမ ဝ၅ ရာ ခိုင်နှုန်း၊ ရမ်မှာ ရာခိုင်နှုန်း ၅ဝ မှ ၆၉ ဒသမ ဝ၅ ရာခိုင်နှုန်း၊ ဗော့ဒ်ကာမှာ ရာခိုင်နှုန်း ၆ဝ မှ ရာခိုင်နှုန်း ၈ဝ အထိအ သီးသီး ပါဝင်နေပါတယ်။


Ethyl Alcohol ဟာ ဓာတုပစ္စည်းတစ်မျိုးဖြစ်တာ ကြောင့်လည်း ရေမွှေး၊ ပေါင်ဒါမှုန့်၊ မိတ်ကပ် စတဲ့ အလှ ကုန်ပစ္စည်းတွေမှာသာမက ဆေးဝါး၊ ဆပ်ပြာ၊ ဆပ်ပြာ မှုန့် စသဖြင့် လူသုံးကုန်ပစ္စည်းတွေမှာပါ ထည့်သွင်းဖော် စပ်လေ့ရှိပါတယ်။

အရက်က လူကိုအားတက်စေတယ်၊ အရက်သောက် ရင် စိတ်ဓာတ်တက်ကြွတယ်ဟူ၍ အရက်နှစ်သက်သူများ က အကြောင်းအမျိုးမျိုးဖြင့် သောက်သုံးနေကြသော်လည်း တကယ်တမ်းမှာတော့ အရက်က လူကို နှေးကွေးလေးလံ ထိုင်းမှိုင်းစေရုံသာမက အားအင်ယုတ်လျော့လာစေနိုင် ပါတယ်။

အရက်အလွန်အကျွံသောက်သူများမှာ ကိုယ်ခံ အားစနစ်ကိုအားနည်းစေပြီး ကူးစက်ပိုးဝင်နိုင်ခြေများသ လို ရောဂါဖြစ်လွယ်စေပါတယ်။ ဒါ့အပြင် မျက်နှာအသား အရေ ပွစိစိဖြစ်ကာ နီမြန်းနေပြီး ခန္ဓာကိုယ်က အမြဲလို လို ပူနွေးနေပါတယ်။ အရက်က ဦးနှောက်ကိုထိစေတာ ကြောင့်လည်း သွေးထဲကို Alcohol ပမာဏ နှစ်မီလီဂရမ် ရောက်သွားတာနဲ့ စကားနည်းသူစကားများလာပါတယ်။

သွေးထဲကို မီလီဂရမ် ၂ဝ မှ မီလီဂရမ် ၃ဝ ရောက်သွား တာနဲ့ လမ်းလျှောက်ယိုင်လာပါတယ်။ သွေးထဲကို မီလီ ဂရမ် ၁၅ဝ ရောက်သွားတဲ့အခါ မူးပြီးရစ်လာပါပြီ။ အရက် သောက်ပြီးနောက် ရစ်တတ်သူဟာ မိမိကိုယ်ကိုယ်ရော၊ သူတစ်ပါးကိုပါ အသက်အန္တရာယ်ဖြစ်စေတတ်ပါတယ်။

အကယ်၍ သွေးထဲကို မီလီဂရမ် ၄ဝဝ ရောက်သွား ပြီဆိုရင်တော့ သတိမေ့ပြီး သေစေနိုင်ပါတယ်။

စီးကရက်လိုပဲ ဗူခသ့သူ က လူကိုစွဲလမ်းမှုဖြစ်စေပါ တယ်။ အရက်ကို လွန်ကျွံစွဲလမ်းစွာသောက်သုံးတဲ့အခါ

(၁) အသည်းကြီး၊ အသည်းရောင်၊ အသည်းခြောက်၊ အသား နှင့် မျက်လုံးဝါခြင်း၊ ရေဖျဉ်းစွဲခြင်း၊ အသည်းကင်ဆာစတဲ့ အသည်းရောဂါများ၊
(၂) သွေးအန်ခြင်း၊
(၃) အစာချေလမ်းကြောင်း သွေးယိုစိမ့်ခြင်းနှင့် အစာ အိမ်ရောဂါ၊
(၄) ခံတွင်းကင်ဆာ၊ အစာရေမြိုပြွန်ကင်ဆာ၊
(၅) ရင်သားကင်ဆာ၊
(၆) နှလုံးရောဂါ၊
(၇) သွေးတိုးရောဂါ၊
(၈) လေငန်း၊
(၉) ဝက်ရူးပြန်ကဲ့သို့ အတက်ကြီးခြင်း၊
(၁ဝ) အသည်းရောဂါကြောင့် ကျောက်ကပ်ပျက်စီးခြင်း၊
(၁၁) အစာစားချင်စိတ်မရှိတော့ဘဲ ကိုယ်အလေးချိန် လျော့ကျလာခြင်း၊
(၁၂) ပျို့-အန်-မောပန်း-အားနည်း-ကြွက်တက်ခြင်း၊
(၁၃) ဗူခသ့သူ မှာ ကယ်လိုရီပါဝင်တာကြောင့် အရက် စွဲသူတွေမှာ အဝလွန်ရောဂါ၊
(၁၄) အမျိုးသားများမှာ ပန်းသေပန်းညှိုးရောဂါ၊
(၁၅) ဦးနှောက်နှင့်အာရုံကြောများ ထိခိုက်သွားတာကြောင့် စိတ်ဓာတ်ကျ စိတ်ဖောက်ပြန်သွားပြီး အရက်သမားအ မှားတစ်ထောင်ဆို သ ကဲ့သို့ ရာဇဝတ်မှုကျူးလွန် သည်အထိဖြစ်လာ နိုင်ပါတယ်။

အကယ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အရက် သောက် သုံးပါက Alcohol နှင့် သန္ဓေသားထိတွေ့ မှု ကြောင့်ဦး နှောက်၊ နှ လုံးနှင့် အခြား အင်္ဂါအစိတ်အပိုင်းတွေ မှာ မွေးရာပါချို့ယွင်းချက်ပါတာမျိုး ဖြစ် တတ်ပါတယ်။

အရက်နဲ့ဓာတ်မတည့်သူများမှာ Alcohol အနည်းငယ်မျှ သောက်သုံး မိတာနှင့်တစ်ပြိုင်နက် မျက်စိနီ၊ သွေး ခုန်နှုန်းမြန်၊ ဖြူဖပ်ဖြူရော်ကာ ချွေး သီးချွေးပေါက်တွေကျလာပြီး သွေး အန်စေတတ်ပါတယ်။

အရက်အလွန်အကျွံ သောက်မိ၍ သေခါနီးလက္ခ ဏာများမှာ

(၁)ခန္ဓာကိုယ်အေး စက်လာခြင်း၊
(၂) နှုတ်ခမ်းဖျား၊ နားရွက် ဖျား၊ ခြေသည်း၊ လက်သည်းများ ပြာ နှမ်းလာခြင်း၊
(၃) သလိပ်ထွက်ခြင်း၊
(၄) မျက်စိ သူငယ်အိမ်ကျယ်လာခြင်း၊
(၅) သွေးခုန်နှုန်းလျော့ကျလာခြင်း၊
(၆)အသက်ရှူနှေးပြီး အသက်ငင် လာခြင်းတို့ဖြစ်ပါတယ်။

''ဓားကိုဖျက် ဝါးမျက်၊ လူကိုဖျက် အရက်''ဆိုတဲ့အတိုင်း အရက်သောက်သူ များအနေဖြင့် ဘဝရဲ့ရည်မှန်းချက်ပန်းတိုင် ဆီအရောက်သွားဖို့ အရက်က တားဆီးပစ် ပါတယ်။ အရက်စွဲတဲ့သူတွေအနေနဲ့ လုပ် ငန်းခွင် (သို့မဟုတ်) အိမ်မှာ ရန်လိုတတ်ပြီး စီးပွားရေးနှင့်အသက်မွေးဝမ်းကျောင်းမှုတို့မှာ ထိခိုက်လာစေနိုင်ပါတယ်။ ဒါ့အပြင် အရက်သောက်ပြီးနောက် ခံတွင်း၊ ချွေးတို့မှာ အရက်နံ့စွဲကျန်ရစ် စေတာကြောင့်လည်း လူမှုရေး နယ်ပယ်မှာ အကျိုးယုတ်စေပါတယ်။

အရက် သောက် နည်း (၃)မျိုး ရှိရာ-

(၁) တစ်ခါတ လေမှ ပေါင်း သင်းဆက်ဆံရေး အတွက် မလွှဲမ ရှောင်သာ၍သောက် ခြင်းကို ''လူက အရက် ကိုသောက်တယ်''လို့ ခေါ်ဆိုနိုင်ပါတယ်။

(၂) ညနေစောင်းရင် လေ ပြိုတာ၊ လေချဉ်တက်တာ မျိုးကို ''အရက်က လူကို သောက်တယ်''လို့ ခေါ် ဆိုနိုင်ပါတယ်။

(၃) မိုးလင်းကတည်း က အရက်နဲ့မျက်နှာ သစ်ကာ တစ်နေကုန် အချိန်ရှိသရွေ့ သောက် ခြင်းကို ''အရက်က အ ရက်ကိုသောက်တယ်'' လို့ခေါ်ဆိုနိုင်ပါတယ်။

မည်သူမျှ မွေးကတည်း က အရက်မသောက် တတ်ကြပါဘူး။ လောကီ၊ လောကုတ္တရာနှစ်ဖြာ အတွက် အပြစ်များတဲ့ အရက်ကို မသောက် တတ်သေးသူများက လည်း အစလုပ်ပြီး မသောက်ကြပါရန် နှင့် အရက်သောက် တတ်သူများအနေ ဖြင့်လည်း အရက် ကို ကြိုးစားဖြတ် ကြဖို့ တိုက်တွန်းနှိုး ဆော်လိုက်ရပါ တယ်။

#TheYangonTimes

No comments:

Post a Comment