နိုင်ငံတော်အ
ကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် တရားခံပြသက်သေအဖြစ်
သာသနာရေးဝန်ကြီးဟောင်း ဦး ဆန်းဆင့်ကို ပထမဆုံးအကြိမ် စတင်စစ်ဆေးခဲ့ကြောင်း
သတင်း ရရှိသည်။
‘‘စွပ်စွဲခံရသူ ၀န်ကြီးဦးဆန်း ဆင့်ကို စစ်တယ်။ ပုဒ်မ ၁၂၄ (က)ကို စစ်တယ်။ အဓိက စစ်မေးချက်ခေါ်တယ်။ နိုင်ငံတော်ဘက်က အ ပြန်အလှန်မေးခွန်းတွေ မေးတယ်။မေးတာ တစ်လုံးနှစ်လုံးပဲ မေးရ သေးတယ်။ ရုံးချိန်ကုန်သွားလို့ ရုံးဆင်းလိုက်တယ်’’ဟု ဦးဆန်းဆင့် ၏ရှေ့နေ ဦးတင်ထွန်းက ပြော သည်။
၁၈ ကြိမ်မြောက် ရုံးချိန်း အဖြစ် စက်တင်ဘာ ၁၉ ရက် တွင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုနှင့် ပတ်သက်၍ မှတ်ချက် မပေးလိုကြောင်း ဦးတင်ထွန်းက ပြောဆိုခဲ့သည်။ စက်တင်ဘာ ၂၃ ရက်တွင် ဆက်လက်စစ်ဆေးသွား ရန် ထပ်မံချိန်းဆိုထားသည်။
သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့်ကို နိုင်ငံတော်အ ကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)၊ပုဒ်မ ၄၀၉ ယုံကြည်အပ်နှံအလွဲသုံးစားမှု ပုဒ်မများဖြင့် နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးက စွဲ ချက်တင်မှုကို စွဲချက်ပြင်ဆင်ပေးရန် မန္တလေးတိုင်းတရားရုံးတွင် လျှောက်ထားခဲ့ရာ အောက်တိုဘာလ ၁၀ ရက်တွင် ကြားနာစစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ဦးဆန်းဆင့်သည် ကျန်းမာ ရေးအခြေအနေကြောင့် အချုပ် လွတ်ထုချေခွင့်ယူရန် လျှောက် ထားမှုကို ပထမအကြိမ်ဒက္ခိဏသီရိခရိုင်တရားရုံးကပယ်ချခဲ့ပြီး မန္တ လေးတိုင်းဒေသကြီး တရားရုံးသို့ ထပ်မံလျှောက်ထားရာတွင်လည်း ပယ်ချခံရကြောင်း သတင်းရရှိ သည်။
သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့်အား ဇွန်လ ၂၉ ရက် တွင် နိုင်ငံတော်ဘဏ္ဍာငွေ အလွဲ သုံးစားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ ပြီး အမှုစစ်ဆေးမှု တစ်လကျော် အကြာတွင် ၎င်းအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)၊ ပုဒ်မ (၄၀၉)ယုံကြည်အပ်နှံ အလွဲသုံးစားမှု ပုဒ်မများဖြင့် စွဲ ချက်တင်လိုက်ခြင်း ဖြစ်သည်။
Credit - 7DAY DAILY

No comments:
Post a Comment