Saturday, September 20, 2014

မုန်တိုင်းဖြတ်ချိန်တွင် လူသေဆုံးမှုရှိ၊ စပါးခင်းများလည်း ပျက်စီး

ကယ်လ်မေဂီမုန်တိုင်း ငယ် မြန်မာနိုင်ငံသို့ဖြတ်သန်းခဲ့ သည့် စက်တင်ဘာ ၁၈ ရက်တွင် က သာမြို့၌ တောင်ကျရေကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး စပါးခင်းများလည်း ပျက်စီးခဲ့ကာ ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ထို့ပြင် အောင်ပန်းမြို့တွင် လေဆင်နှာမောင်းတိုက်ခဲ့သော ကြောင့် အဆောက်အအုံအချို့ ပျက်စီးကာ တာချီလိတ်မြို့၌ တောင်ကျရေလျှံ၍ ရပ်ကွက်ငါး ခု ရေဘေးသင့်ခဲ့ကြောင်း သတင်း ရရှိသည်။
ကယ်လ်မေဂီမုန်တိုင်းမှာ ကုန်းတွင်းမုန်တိုင်းအဆင့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့်
ရှမ်းပြည်နယ်ဘက်မှ ဖြတ်သွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသ ကြီး ကသာမြို့တွင် အဆိုးရွားဆုံး သဘာဝဘေးရင်ဆိုင်ခဲ့ရခြင်း ဖြစ် သည်။ ကသာမြို့အပြင် အနီး ပတ်ဝန်းကျင်ဒေသများဖြစ်သော အင်းတော်၊ ကောလင်း၊ ၀န်သို မြို့များတွင်ပါ ရေဘေးရင်ဆိုင် နေရကြောင်း ကသာခရိုင်ထွေ/ အုပ်ရုံးမှ သတင်းရရှိသည်။
‘‘လူသုံးယောက်သေပြီး နွား တွေ၊ ၀က်တွေလည်း တောင်ကျ ရေနဲ့ မျောပါသွားတယ်လို့ တိုင်း လူကယ်ပြန်ကနေ သတင်းတက် လာတယ်။ ပျက်စီးလယ်ဧက စာ ရင်းကတော့ အတည်ပြုလို့ မရ သေးဘူးပေါ့။ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်’’ဟု နေပြည် တော် လူကယ်ပြန်ဌာန၊ ကယ် ဆယ်ရေးဌာနညွှန်ကြားရေးမှူး က ပြောသည်။
ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် စက်တင်ဘာ ၁၈ ရက် ညနေ ၃ နာရီခန့်က လေဆင်နှာမောင်း တိုက်ကာ ခုတင် ၇၀၀ဆံ့ဆေးရုံအ တွင်းရှိ လူနေတန်းလျားသုံးခုပျက်ဆီးခဲ့ပြီး ဓာတ်တိုင် ၂၀ ခန့် ကျိုးခဲ့ကြောင်း နယ်မြေခံစစ်တပ်မှ သတင်းရရှိသည်။ ထို့အပြင် နတ်မပင်ရပ်ကွက်ရှိ နေအိမ်ဆယ်လုံး ပျက်စီးကာ မြို့တွင်းရှိဓာတ်တိုင်များလည်း ကျိုးကျခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် တပ်မတော်သားတစ်ဦးကပြောသည်။
‘‘လေက အရမ်းပြင်းတယ်။ တိုက်သွားတာ။ ကယ်ဆယ်ရေး စခန်းဖွင့်ထားတယ်။ လေဘေး သင့်သူတွေအတွက် မုန်တိုင်း သတင်းကြားထားပေမယ့် ဒီ လောက်ပြင်းမယ် မထင်ဘူးလေ။ ကြီးကြီးမားမား ထိခိုက်တာ မရှိ လို့တော်သေးတယ်’’ ဟု အောင် ပန်းမြို့နယ် ထွေအုပ်ရုံးတာဝန်ရှိ သူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ် တာချီလိတ် မြို့တွင်လည်း ရေဘေးရင်ဆိုင် နေရပြီး ရပ်ကွက် ငါးခုတွင် တောင်ကျရေကြောင့် ရေနစ်မြုပ် ခဲ့ကြောင်း တာချီိတ်ခရိုင် ထွေ/ အုပ်ရုံးမှ သတင်းရရှိသည်။
တာချီလိတ်မြို့နယ် တာ လော့၊ ပုန်းထွန်၊ မကာဟိုခမ်း၊ဆန်ဆိုင်းနှင့် မယ်ခေါင်ရပ်ကွက်များ တွင် ရေနစ်မြုပ်နေပြီး တာလော့နှင့် ပုန်းထွန်ရပ်ကွက်တွင် အဆိုးရွားဆုံးဖြစ်ကာ နေအိမ်အောက် ထပ်များပါ ရေမြုပ်သွားခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ ၁၉ ရက်တွင်မူ တောင်ကျရေများ ပြန်ကျသွားပြီး မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းများ ပြန်လုပ်နေရကြောင်း တာချီ လိတ်မြို့နယ် နာရေးကူညီမှုအ သင်းမှ သတင်းရရှိသည်။
စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်များတွင် မြန်မာနိုင်ငံ ဒေသအနှံ့ မိုးကောင်းခဲ့ပြီး စစ် ကိုင်းတိုင်းဒေသကြီး၊ ရှမ်းနှင့် ကချင်ပြည်နယ်တွင် အဆိုးရွား ဆုံး ဖြစ်ခဲ့သည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်က မိုးကောင်းခဲ့ကာ ရွှေတွင်းပြို၍ လူနှစ်ယောက်သေဆုံးခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် လူထိခိုက်မှု မရှိကြောင်း ဖားကန့်မြို့မစခန်းမှူးက ပြောသည်။
‘‘ရှမ်းမြောက်တစ်ခုလုံးလို လိုပဲ မိုးကောင်းနေတာ။ တောင် ကျရေကြောင့် ရပ်ကွက်တွေ ရေ လွှမ်းသွားတာ ဖြစ်တယ်။ မိုးက တော့ အခုညအထိ ရွာလိုက်၊ ရပ် လိုက်ပဲ’’ ဟု ရှမ်းပြည်နယ်ရဲတပ် ဖွဲ့မှူးရုံးမှူးမှ ရဲအရာရှိတစ်ဦးက စက်တင်ဘာ ၁၈ ရက် ညတွင် ပြောသည်။
မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ‘‘မုန်တိုင်းက စက်တင်ဘာ ၁၈ ရက်က ကချင်နဲ့ ရှမ်းပြည်နယ်အပေါ်ကနေ ဖြတ်ပြီးတော့ ကုန်းတွင်းမုန်တိုင်းအဖြစ်နဲ့ ပျက်သွားပြီ။ မုတ်သုံလေက တော့ ကောင်းနေတုန်းပဲ။ တတိယရေကြီးကာလကိုတော့ မေ့မထားသင့်ဘူး’’ ဟု ပြောသည်။
မိုး/ဇလဌာနက ဘင်္ဂလား ပင်လယ်အော်မှ လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိ နေပြီး မုတ်သုံလေအား အလွန် ကောင်းနေကာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတင်းထုတ် ပြန်ထားသည်။ ထို့ပြင် မြစ်ဝကျွန်း ပေါ်၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် မိုးသက်လေ ပြင်းများ ကျရောက်ပြီး လှိုင်းကြီး ကာ တစ်နာရီလေတိုက်နှုန်း မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း သတင်းတိပေးထားသည်။
ကယ်လ်မေဂီမုန်တိုင်း သည် စက်တင်ဘာ ၁၆ ရက်က တရုတ် နိုင်ငံတောင်ပိုင်းသို့ ၀င်ရောက်ခဲ့ ၍ ကွမ်တုံမြို့တွင် မုန်တိုင်းဒဏ် ကြောင့် လူနှစ်ဦးသေဆုံးကာ သိန်းနှင့်ချီသော ဒေသခံများ သဘာဝ ဘေးသင့်ခဲ့ပြီး ဒေသတွင်းလျှပ် စစ်မီးများလည်း ပြတ်တောက်နေကြောင်း တရုတ်နိုင်ငံသတင်းဌာနများက သတင်းထုတ်ပြန်ထား သည်။ သြဂုတ်လက စူပါမွန်း ကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ကြောင်း ကြေညာ ခဲ့သည့် မြန်မာအစိုးရမှာ ကယ်လ်မေဂီမုန်တိုင်းနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်မှုပြုလုပ်ရန် သတိ ပေးခဲ့ခြင်း မရှိပေ။
Credit - 7DAY DAILY

No comments:

Post a Comment