Friday, September 19, 2014

သံဃာအဖွဲ့အစည်း အဆင့်ဆင့် ပြန်လည်ဖွဲ့စည်းရန် ရွှေဝါရောင်သံဃာတော် များ ကြေညာ

နိုင်ငံတော်သံဃနာယ ကအဆင့်မှစ၍ သံဃာအဖွဲ့အစည်းအဆင့်ဆင့်အား ပြန်လည်ရွေးချယ်ပေးရန်နှင့် သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်းများကို ပြန်လည်ရေးဆွဲနိုင်ရေးအတွက် အဆိုပြုတောင်းခံသွားမည် ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာတော်များက ကြေညာချက်ထုတ်ပြန်သည်။
စက်တင်ဘာ ၁၈ ရက်က ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင် ရာ ရွှေဝါရောင်တော်လှန်ရေး(၇) နှစ်ပြည့်အခမ်းအနားတွင် သံဃာ့ အဖွဲ့အစည်းများပြင်ဆင်ခြင်းနှင့် သက်ဆိုင်သော အချက်ငါးချက် ပါ သဘောထားကြေညာချက်ကို သံဃာတော်များက ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

ထေရဝါဒအပေါ်အခြေခံ၍ သံဃာအဖွဲ့အစည်းအဆင့်ဆင့် ကို တစ်နိုင်ငံလုံးရှိ သံဃာတော်၊ ဆရာတော်များ၏ သဘောတူ ဆန္ဒပြုလက်မှတ်များရယူလျက် အကောင်အထည်ဖော်သတ်မှတ် ရေးဆွဲနိုင်ရေးစသည့်အချက်များ ကိုသံဃာတော်များက တောင်းဆို ခဲ့သည်။
ထို့အပြင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ကြီး၏ ဖွဲ့စည်း ပုံသည် ဆိုရှယ်လစ်ဝါဒကို အခြေ ခံ၍ အနည်းစုမှ အများစုအပေါ် ဗဟိုစနစ်နှင့် ချုပ်ကိုင်နေသောစ နစ်ဖြစ်သဖြင့် ပြည်ထောင်စုအစိုးရစနစ်နှင့်အညီ ဖြစ်လာရန်လည်း သံဃာတော်များက တောင်းဆို ထားသည်။
သို့ရာတွင် အဆိုပါအချက် များကို ဆန္ဒပြသည့်နည်းလမ်းဖြင့် လုံးဝတောင်းဆိုမည်မဟုတ်ဘဲ ပြည်နယ်၊ တိုင်းများရှိ သံဃာများ ကို စည်းရုံး၍သာ တောင်းဆိုသွား မည်ဖြစ်သည်ဟု ဦးဆောင်ဆရာ တော်များက မိန့်ကြားခဲ့သည်။
သံဃာတော်များနှင့် ပတ် သက်သော တရားရုံးလုပ်ထုံးလုပ် နည်းများ ဥပဒေများကိုလည်း ရှေ့နောက်ညီညွတ်စေရန်၊ သံဃာ တော်များ တရားရုံးများသို့ ရဟန်း ဝတ်ဖြင့် ရုံးချိန်းသွားရသည့် ကိစ္စ များအပေါ် ဥပဒေအရ ပြန်လည်ပြင်ဆင်ရန်၊ သုံးသပ်ရန်လည်း လိုအပ်သည်ဟု ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးဥတ္တမက မိန့် ကြားခဲ့သည်။
Credit - 7DAY DAILY

No comments:

Post a Comment