မြ၀တီတွင် လက်နက်ကိုင်များ ရှုပ်ထွေးနေသေးကြောင်းပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှုးကြီး ခွန်ဥက္ကာက စက်တင်လာ ၂၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
လာမည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များတွေ့ဆုံဆွေးနွေးပွဲအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ရောက်ရှိလာစဉ် ယင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
"မြ၀တီမှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှုးကြီးတိုက်ဂါးတို့အဖွဲ့တွေ၊ဗိုလ်မှုးကြီးကျော်သက်တို့အဖွဲ့တွေ၊ဗိုလ်မှုးစောချစ်သူတို့အဖွဲ့တွေ လက်နက်ကိုင်တွေအားလုံးက ရှုပ်ထွေးနေသေးတယ်။အဲဒါ စစ်ရေးယဉ်ကျေးမှုအသစ်ပေါ်နေပြီလို့ပြောချင်တယ်"ဟု ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့က မြ၀တီ အခြေစိုက် အစိုးရတပ်ဘက်မှကေအင်န်ယူတပ်များယူနီဖောင်းဝတ်စုံများနှင့် လက်နက်များကိုင်ဆောင်၍ သွားလာခြင်းမပြုရဟုတားမြစ်သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် ကေအင်န်ယူ တပ်များဘက်ကလည်းအလားတူ ထုတ်ပြန်ချက်တခုကို စက်တင်ဘာ ၁၇ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာ တွင် လာမည့် စက်တင်ဘာ ၂၂ ရက်နေ့
ကျင်းပမည့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ အပစ်ရပ်ရေး သဘောတူစာချုပ် ဒုတိယမူကြမ်း
ပြီးစီးရေး ဆွေးနွေးပွဲတွင် ယူနီဖောင်းဝတ်စုံများနှင့်
လက်နက်များကိုင်ဆောင်သွားလာခြင်းမပြုရန်ကိစ္စကို ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ………..တိုင်းရင်းသားလက်နက်ကိုင်များတွေ့ဆုံဆွေးနွေးပွဲအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ရောက်ရှိလာသော ဗိုလ်မှုးကြီး ခွန်ဥက္ကာကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ စက်တင်ဘာ ၂၀ ရက်နေ့တွင် တွေ့ရစဉ်။
NW
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment