
၈၈မျိုးဆက်၊ တကသနဲ့ ဗကသကျောင်းသားတွေ၊ နာရေးကူညီမှုအသင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တွေဟာ ပြည်သူတွေနဲ့အတူ ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုဖို့အတွက် ဇူလိုင် ၁၉မှာ အာဇာနည်ဗိမ္မာန်ဆီ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။
၁၉၈၈ အရေးတော်ပုံအပြီးတစ်နှစ်အကြာ ၁၉၈၉မှာ အာဇာနည်နေ့ ချီတက်ခဲ့တဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးပါတီဝင်တွေကို မြန်မာစစ်တပ်က ရိုက်နှိက်ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း အခုတော့ ပြည်သူတွေ အာဇာနည်တွေကို ဂါရဝပြုနိုင်ခွင့် ရလာတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသားကြီးက ပြောပြပါတယ်။
ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ ဒီနေ့ကို ဗိုလ်ချုပ်မွေးနေ့နဲ့ မှားကြသူတွေရဲ့ အမှားမဟုတ်ဘဲ စစ်အစိုးရခေတ်တစ်လျှောက်လုံး ပိတ်ပင်တားဆီးခဲ့ပြီး ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားခဲ့တာကြောင့်ဖြစ်တယ်လို့ ပြောလာသူက မခင်ငြိမ်းချမ်းစိုးပါ။ သူက အစိုးရအနေနဲ့ မပိတ်ပင်သင့်ဘဲ တစ်နိုင်ငံလုံး ဂုဏ်ပြုဖို့ အချိန်တန်နေပြီလို့ ဆိုပါတယ်။
၈၈မျိုးဆက် ကျောင်းသားတွေနဲ့အတူ အာဇာနည်ဗိမ္မာန်ကို သွားရောက်ခဲ့တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားတွေကတော့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့နဲ့ အာဇာနည်ဗိမ္မာန်တဝိုက်မှာ လူအင်အား ၆ဝလောက်နဲ့ အမှိုက်ကောက်ခဲ့ကြပါတယ်။
ရာပေါင်းများစွာသော ပြည်သူတွေ အလေးပြုတဲ့အခါ စွန့်ပစ်တဲ့အမှိုက်တွေကို ကောက်မယ်ဆိုပြီး လူတိုင်းကိုယ်စီ အမှိုက်မပစ်ကြဖို့ ပညာပေးလှုံ့ဆော်တဲ့အနေနဲ့ လုပ်ခဲ့ပါတယ်လို့ ဦးရွှေဇင်အောင်က ဆိုပါတယ်
ဗွီဒီယိုဖိုင်ကြည့်ရန် - http://www.kamayutmedia.com/2014/07/20/political-workers-and-activists-march/
No comments:
Post a Comment