Thursday, July 24, 2014

ဗန်ဟားလ်လက်ထက် ပထမဆုံးပွဲတွင် မန်ယူဂိုးပြတ်အနိုင်ရ


မန်ယူအသင်းသည် နည်းပြသစ် လူးဝစ်ဗန်ဟားလ်လက်ထက် ပထမဆုံးပွဲစဉ်ဖြစ်သည့် LA ဂလက်ဆီအသင်းနှင့် ခြေစမ်းပွဲ၌ (၇-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ နည်းပြသစ် ဗန်ဟားလ်သည် (၃-၄-၁-၂)ကစားကွက်ပုံစံကို အသုံးပြုခဲ့ပြီး ၀ါရင့်ကွင်းလယ်လူဖလက်ချာကို အသင်းခေါင်းဆောင်လက်ပတ်ပေးအပ်ခဲ့ကာ ဟာရဲရား၊ လုခ်ရှောစသည့် ကစားသမားသစ်များကို ပွဲထွက်အသုံးပြုခဲ့သည်။

မန်ယူအသင်းအတွက် ဂိုးများကို ၀ဲလ်ဘတ်၊ ရွန်နီ (၂)ဂိုး၊ ရီစီဂျိမ်းစ် (၂)ဂိုး၊ အက်ရှ်လေယန်း(၂)ဂိုးတို့ သွင်းယူခဲ့ကြသည်။
အခြားခြေစမ်းပွဲများတွင် လီဗာပူးလ်အသင်းက ရိုးမားအသင်းကို နောက်ခံလူ အဂ္ဂါ၏ ပွဲပြီးခါနီး Own Gaol ကြောင့် ရှုံးနိမ့်ခဲ့ရပြီး မန်စီးတီးအသင်းက ကန်းဆက်စ်အသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။

ဂိုးသွင်းယူပြီးနောက် မန်ယူတိုက်စစ်မှူး ရွန်နီနှင့်
အသင်းဖော်များ အောင်ပွဲခံနေစဉ်

(Photo-AFP)
 

No comments:

Post a Comment