
နေပြည်တော်၊ ဇူလိုင် ၂၃
- ပြည်တွင်း ပြည်ပအလှူရှင်များ၊ နိုင်ငံတကာအ ဖွဲ့အစည်းများမှ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ အတွက် ပြည်ထောင်စု ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုး ရအဖွဲ့များ၊ NGO, INGO အဖွဲ့ များသို့လှူဒါန်းလာသည့် မော်တော် ယာဉ်များအား လွယ်ကူစွာခွဲခြားသိ ရှိနိုင်ရန် ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ မူသေနံပါတ်ပြား အရောင်ပြောင်းလဲ သုံးစွဲမည်ဟု သိရ သည်။
လှူဒါန်းသည့် သာသနာရေး ဆိုင်ရာယာဉ်များအား RLG ဖြင့် အောက်ခံ အဝါရောင်၊ စာလုံးအနက် ရောင်၊ နိဗ္ဗာန်ယာဉ်များအား HSEဖြင့် အောက်ခံ အနက်ရောင် စာလုံး အဖြူရောင်နှင့် ကျန်လှူဒါန်းယာဉ် များအား မူသေအမှတ် နံပါတ်ပြား အောက်ခံအစိမ်းရောင်၊ ဒေသသင်္ကေ တ၊ အက္ခရာ၊ ဂဏန်းများအား အဖြူ ရောင်ဖြင့် ရေးသားထားသည်။
မူသေနံပါတ်ပြားများ၏အလျား မှာ ၃၆၅မီလီမီတာ၊ အနံမှာ ၁၆၅မီ လီမီတာရှိပြီး ထု တစ်မီလီမီတာဖြစ် ၍ မြန်မာနိုင်ငံတွင် နံပါတ်ပြားအောက် ခံအနက်ရောင်၊ အဖြူရောင်၊ အနီ ရောင်၊ အဝါရောင်နှင့် အပြာရောင် များသာတွေ့မြင်နေရာမှ ယခုအခါ အောက်ခံအစိမ်းရောင် နံပါတ်ပြား များကိုပါ ထပ်မံတွေ့မြင် ကြရပါတော့ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
#Democracytoday
No comments:
Post a Comment